လုံးဝပြန်ကျိုစရာမလိုတဲ့
အသင့်စားငပိရည်ပေမဲ့ အရည်မဟုတ်တဲ့
"လုံမ" ရဲ့ အဆင့်မြင့်ငပိလုံး
"အနံ့အရသာနဲ့ပြည့်စုံတဲ့ ငါးပိရည်တစ်ခါစားရဖို့အရေး အလုပ်ရှုပ်ခံနေစရာမလိုတော့ဘဲ အစပ်အဟပ်တည့်တည့်နဲ့ အပျစ်အကျဲအနေအထားကိုပါ မိမိစိတ်ကြိုက် လိုအပ်သလို ဖန်တီးနိုင်မဲ့ လုံမရဲ့ အသင့်စား ငါးတံခွန်ငါးစုံရေကျိုငါးပိရည်ဖျော်/ရေကျိုငါးပိထောင်း
🔸အကောင်းစားငါးစုံငပိတွေကိုကျိုပြီး
အထဲမှာ ပုစွန်ခြောက်လှော်နိုင်းချင်း၊ ကြက်သွန်ဖြူလှော်နိုင်းချင်းနဲ့ လတ်လတ်ဆတ်ဆတ်ငရုတ်သီး
စိမ်းလှော်တွေကို အချိုးကျပေါင်းစပ်ဖန်တီးထားပြီးဖြစ်လို့ ဘာဆိုဘာမှ ထပ်ထည့်စရာမလိုတော့ဘဲ မွှေးကြိုင်နေပါ လိမ့်မယ်။ (အကုန်သေသေချာချာလှော်ပြီးသားတွေဖြစ်လို့ ဗိုက်အောင့်ဗိုက်နာမှာစိတ်ပူစရာမလိုပါဘူး။)
🔸ငါးပိရည်ထဲကို သံပုရာသီးညှစ်စားတတ်ကြသူများအတွက်လည်း အချဥ်လိုရင် ထည့်သုံးဆောင်ဖို့ (စျေးမြင့်တဲ့) သံပုရာသီးအစစ်မှုန့်၊ အစပ်လိုရင် ထည့်သုံးဆောင်ဖို့ ငရုတ်သီးအကျက်မှုန့်စပ်စပ်လေးတွေကို သီးသန့်ဇစ်ပိတ်အိတ်နဲ့ ထည့်ပေးထားသေးတာမို့ အချဥ်အတွက်ရော / အစပ်အတွက်ရော ထပ်ဝယ်စရာမလို့ အားလုံးပြီးပြည့်စုံနေစေရပါမယ်။
🔸ငါးပိအလုံးလေးတွေဖြစ်လို့ ကိုယ်လိုချင်တဲ့ အပျစ်အကျဲအလိုက် ရေနွေးအနည်းငယ်ထည့်လိုက်ရုံနဲ့ အရသာရှိရှိ မွှေးကြိုင်နေတဲ့ငါးပိရည်ကို (၁) မိနစ်အတွင်း အသင့်သုံးဆောင်နိုင်ပါလိမ့်မယ်။
🔸ထပ်မံကျိုချက်ရန် (လုံးဝ)မလိုအပ်ပါဘူးနော်။ တစ်ချို့ကအရမ်းကျိုချင်ကြလို့ ထပ်ကျိုချင်ရင်လည်းရပါတယ်လို့ရေးထားတာပါ။
"လုံမ" အသင့်စားငါးပိရည်ကျိုက
⚠️ အနံ့ထွက်လား?
⚠️ ယိုစိမ့်မှာလား?
⚠️ နိုင်ငံခြားသယ်လို့ရလား?
⚠️ သယ်ယူဖို့နေရာယူလား?
⚠️ weightလေးလား?
⚠️ ပစ်ချလို့ရလား?
⚠️ ရေခဲသေတ္တာထဲထည့်ထားမှရမှာလား?
⚠️ ဘယ်လိုလုပ်စားရမှာလဲ?
⚠️ ဘယ်နှစ်ယောက်စားလို့ရလဲ?
🔸အနံ့လုံးဝမထွက်တဲ့အပြင် အထုပ်လေးက ပုံထဲကတိုင်း လက်တစ်ဆုပ်စာလောက်ပဲရှိလို့ သယ်ယူဖို့နေရာမယူဘဲ တံဆိပ်ကအစ ထုတ်ကုန်အားလုံးထဲ အလှဆုံး Glossy ဖြစ်နေတာမို့ ငါးပိရည်ထုပ်မှန်းတောင် ဘယ်သူမှသိမှာမဟုတ်ပါဘူး။🤭
🔸အလေးချိန်ကလည်း 100g ဝန်းကျင်ပဲရှိလို့ သယ်ယူရတာပေါ့ပါးတယ်။
🔸ယိုစိမ့်မှာလားဆိုတဲ့မေးခွန်းတွေအတွက်
👽 "လုံမ"ထုတ်ကုန်အားလုံးကို နိုင်ငံခြားသယ်ဖို့ အဓိကရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့ အတွက် ပစ်ချချ/ ဇောက်ထိုးသယ်သယ်/ မိုးရေပဲစိုစို အေးဆေး ကြိုက်တဲ့အရပ်ကို ကြိုက်သလိုသာသယ်။
🔸ရေခဲသေတ္တာထဲထည့်စရာမလိုဘဲ အခန်းအပူချိန်မှာပဲ အဆင်ပြေစွာ ထိန်းသိမ်းနိုင်အောင် လုံမကိုယ်တိုင် စိတ်ရှည်စွာနဲ့ နာရီပေါင်းများစွာ အချိန်ယူ သန့်စင်ကာ ကျိုထားပြီး air fried ထားတဲ့ technique ကိုအသုံးပြုထားပါတယ်။
(⚠️❗️ဒါကြောင့် ကြိုမှာရပါတယ်။ တစ်ခါလုပ်မှ ၁၀ထုပ် ကျော်ကျော်ဝန်းကျင်ပဲထုတ်တာပါ။
သီးသန့်အချိန်ယူရလို့ အမြန်မရပါ။❗️)
🔸တစ်ထုပ်မှာ ငါးပိလုံး(၃)လုံး (ငါးပိ၃၀သားနီးပါး) ပါဝင်ပြီး အဆင့်ဆင့်ဇကာတိုက်ကာ ကျိုထားပြီးဖြစ်လို့ အံ့သြစရာ ကျစ်လျစ်သိပ်သည်းနေတာဖြစ်ပါတယ်။
🔸မိသားစု ၄/၅ယောက်ဆို တစ်ခါဖျော်တစ်လုံးနှုန်းနဲ့ လုံလောက်ပါတယ်။ တစ်ထုပ်လုံး (၃) လုံးလုံးဖျော်ချလိုက်ရင် (၁၀)ယောက်ကျော်လောက် အေးဆေးရပါတယ်။
🔸ယင်မနားဆေး၊ ဓာတ်မြေသြဇာ၊ တာရှည်ခံဆေးဝါးပေါင်းစုံ၊ အချိုမှုန့်၊ ကြက်သားမှုန့် လုံးဝကင်းစင်လို့ ဆေးတွေကြောက်လို့ ငါးပိမစားရဲဘူးဆိုသူများအတွက် ကွက်တိပါ။👌
# လုံမ_အသင့်စားငပိရည်ကျို
# ProductofMyanmar