တစ်မျိုးဆန်းသစ်မယ့်အရသာနဲ့ အအီပြေလေး😋
🌶🍋🍀 "လုံမ" ရဲ့ သက်သတ်လွတ် သရက်သီးသနပ်
🔸အရသာကတော့ ချိုချိုချဥ်ချဥ်လေး ချိုတာရော ချဥ်တာကိုပါ လိုက်ဖက်ညီစွာခံစားရမှာမို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ထမင်းမြိန်စေမယ့် ထုတ်ကုန်လေးပါနော်
🔸အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ သရက်သီးဟာလည်း တန်ဖိုးရှိလှတဲ့ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ခြံထွက် နှစ်ချို့ မချစ်စုသရက်သီးများဖြစ်ပါတယ်။
🔸သရက်သီးတွေကိုခွဲခြမ်းအခြောက်ခံထားတာကိုမှ အသားအလယ်ကမာတောင့်နေတဲ့ အခွံထူကြီးတွေလုံးဝမပါ အသားလေးတွေကိုသာ သေချာနှပ်ထားတာမို့ ပျော့ပျောင်းနူးညံ့မှာကတော့ 💯 ခံစားရမယ်
🔸မွှေးမွှေးကြိုင်ကြိုင်နဲ့ အသားအနည်းငယ်ထူပြီး လေးလေးပင်ပင်အရသာ ရှိပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်လှီးပြီး အသားထူအောင်တမင်လုပ်ထားတာကိုမှ တာရှည်ခံဆေးဝါးမပါဝင်ဘဲ/ဆီအရမ်းအများကြီးမြုပ်နေအောင်လည်း မပါဝင်ဘဲ တာရှည်ခံအောင်ပြုလုပ်ထားရတာမို့လို့ပါ။
🔸တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့
ကြက်သွန်ဖြူထုပ်ထုပ်လေးတွေ
ဇီယာ
မုန်ညင်းစေ့
ထန်းလျက်အစစ်
ပန်းရောင်ဆား
တို့ရဲ့ ပေါင်းစပ်မွှေးရနံ့ကလည်း သနပ်တွေရဲ့အသက်ပဲ
နေကြာဆီစစ်စစ်သီးသန့်တစ်မျိုးတည်းကိုသာအသုံးပြုပြီး မခိုမကပ်ရှယ်စိမ်ပြီး နှပ်ထားတာ
ကြောင့် ဆီအတွက်ဘာမှထပ်တွေးစရာမလို (မယုံရင် ရေခဲသေတ္တာထဲထည့်ကြည့် ခဲသွားတာတောင့်သွားတာမရှိ စမ်းသပ်ပြီး😎)
လုံမရဲ့ရိုးရာမပျက် ထုတ်ကုန်တိုင်းမှာ တာရှည်ခံဆေး အချိုမှုန့် စားအုန်းဆီ ကြက်သားမှုန့် အရောင်တင်ဆေး စတာတွေလုံးဝ (လုံးဝ) ကင်းစင်ကြောင်းကိုလဲ အာမခံပါရစေ ။
# လုံမသရက်သီးသနပ်သက်သတ်လွတ်
# ProductofMyanmar