"လုံမ"ရဲ့ သက်သတ်လွတ်ထုတ်ကုန်များ စုစည်းမှု
❌ "သက်သတ်လွတ်ဆိုတော့ ဒီလောက်ပဲရှိမှာပေါ့လေ" ဆိုတာမျိုးမဖြစ်စေရဘဲ
💯 "သက်သတ်လွတ်ဖြစ်ပြီး ဒီလောက်ကောင်းတာ ဟုတ်ရဲ့လား" ဆိုတာမျိုးဖြစ်ရအောင်
ပါဝင်ပစ္စည်းတစ်ခုချင်းစီမှစလို့ ထုတ်ပိုးမှုပိုင်းအထိ မေတ္တာစေတနာအပြည့်နဲ့ ဂရုတစိုက် ရွေးချယ်ထုတ်လုပ်ထားတဲ့
🔸သက်သတ်လွတ် မုန့်ဟင်းခါး
🔸 သက်သတ်လွတ် အုန်းနို့ခေါက်ဆွဲ / ပဲခေါက်ဆွဲ
🔸 သက်သတ်လွတ် ကြာဆံချက်
🔸 သက်သတ်လွတ် 2 in 1 ပဲငန်အနှစ်ထောင်း
🔸 သက်သတ်လွတ် သရက်သီးသနပ်
🔸 သက်သတ်လွတ် မရမ်းသီးအိုးစိမ်
စတဲ့ ထုတ်ကုန်များ ရရှိနိုင်ပါတယ်ရှင်။
🌼 သက်သတ်လွတ်သမားများအတွက် အဓိကထုတ်လုပ်ထားတာကြောင့် ပဲလိပ်၊ အသားတု၊ တောင်ပံပဲလိပ် စတာတွေပါပြည့်ပြည့်စုံစုံထည့်သွင်းပေးထားလို့ protein ဓာတ်ရပြီး တင်းတိမ်စေပါမယ်။
🌼 ထုတ်ကုန်များတွင် ပါဝင်သော ပဲလိပ်၊ အသားတု၊ ကြက်တောင်ပံပဲလိပ်တို့ကို စျေးထဲကရောင်းတဲ့အတိုင်း ထည့်ပေးတာမျိုးမဟုတ်ဘဲ မွှေးကြိုင် ကြွပ်ရွမွနေအောင် ထပ်မံအခြောက်ခံပြီးမှသာ ထည့်သွင်းထုတ်လုပ်ထားပါတယ်။
🌼 တွဲဖက်သုံးဆောင်ဖို့ တူရကီနေကြာဆီသီးသန့်နဲ့ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအကျက်မှုန့်၊ ပန်းရောင်ကျောက်ဆားတို့ သီးသန့်ဇစ်ပိတ်အိတ်နဲ့ပါဝင်ပါတယ်။
🌼 ရာသက်ပန်သက်သတ်လွတ်စားသူများ၊ ဝါတွင်းသုံးလသက်သတ်လွတ်စားသူများ၊ မွေးနေ့မှာ သက်သတ်လွတ်စားသူများ မည်သည့်အချိန်မျိုးမှာမဆို သက်သတ်လွတ်စားသူတိုင်းကို အာဟာရ
အပြည့်၊ အနံ့အရသာအပြည့်နဲ့ ကျန်းမာရေးနဲ့ပါညီညွတ်စေမဲ့ ထုတ်ကုန်များမို့ ကိုယ်တိုင်ပဲစားစား၊ လက်ဆောင်ပဲပေးပေး၊ သီတင်းကျွတ်မှာပဲ ဂါရဝပြုပြု အသင့်လျော်ဆုံးနဲ့ မျက်နှာပန်းလှနေစေမှာ 100% အာမခံပါတယ်ရှင်။
❌ "လုံမ"ထုတ်ကုန်အားလုံးတွင် တာရှည်ခံဆေးဝါးပေါင်းစုံ၊ အချိုမှုန့်၊ ကြက်သားမှုန့်၊ စားအုန်းဆီ၊ ဆိုးဆေးများ လုံးဝ (လုံးဝ) ကင်းစင်ပါတယ်။
# လုံမသက်သတ်လွတ်စားဖွယ်စုံ
# ProductofMyanmar