image

လုံမ_အသင့်စား ငါးကျည်းကျပ်တိုက် ကြာဆံချက် အနှစ်ထုတ်

$5.55

ငါးကျည်းကျပ်တိုက်နံ့သင်းပြီး
စစ်မှန်တဲ့ ကြာဆံချက်အနံ့နဲ့အရသာကိုပေးစွမ်းနိုင်မဲ့
"လုံမ" အသင့်စား ငါးကျည်းကျပ်တိုက် ကြာဆံချက်

🌹ပါဝင်ပစ္စည်း ၁၆မျိုးပါဝင်ပြီး
🔸ပဲလိပ်
🔸တောင်ပံပဲလိပ်
🔸ကြွက်နားရွက်မှို
🔸ပန်းခြောက်
🔸အသားတုတွေအထိ စုံလင်စွာပါဝင်ပါတယ်

🌹အဲဒီပါဝင်ပစ္စည်းတစ်ခုချင်းစီကို ဖုန်၊ သဲ၊ ခဲသန့်စင်ပြီး ပြန်လည်အခြောက်ခံကာ အင်မတန်စိတ်ရှည်လက်ဝင်စွာနဲ့ အချိန်ယူထုတ်လုပ်ရတဲ့ထုတ်ကုန်ပါ။ (ဘယ်ပါဝင်ပစ္စည်းကိုမှ ပြီးစလွယ်ဝယ်ပြီးတန်းထည့်ပေးတာမျိုး လုံးဝမရှိပါဘူး။) ကိုယ့်အိမ်မှာလုပ်စားရင်ပြင်ဆင်သကဲ့သို့ အရာရာအသေးစိတ်စေတနာဗလဗွနဲ့ဖန်တီးပေးထားတာ သုံးဆောင်နေရင်း ခံစားရမှာပါ။

🔸အချဥ်လိုရင်ထည့်သုံးဆောင်ဖို့ ယိုးဒယားသံပုရာမှုန့် (အခုတအားကိုစျေးကြီးနေပါပြီ။🤧)
🔸အစပ်လိုရင် ငရုတ်သီးအကျက်မှုန့်
🔸အငန်လိုရင် ပန်းရောင်ကျောက်ဆား
စတာတွေကိုပါ သီးသန့်ဇစ်ပိတ်အိတ်နဲ့ထည့်ပေးထားသေးလို့ ဘာဆိုဘာမှထပ်မလိုတော့မဲ့ အသင့်စားထုတ်ကုန်ပါပဲ။

ပါဝင်ပစ္စည်းအမျိုးပေါင်းစုံ နဲ့ ငါးကျည်းကျပ်တိုက်ကြာဆံချက်တစ်အိုးကို မိနစ်ပိုင်းလေးအတွင်းရမှာမို့ "လုံမ" က အသင့်စားပါပဲနော်


# လုံမ_အသင့်စားမုန့်ဟင်းခါး
# ProductofMyanmar