မြတ်သူ ရဲ့ ဟင်္သာတ “မုန့်ဟင်းခါးအနှစ်ထုတ်”
- မုန့်ဟင်းခါးလည်းစားချင်တယ် ချက်ပြုတ်ဖို့အတွက် အလုပ်ရှုပ်မခံချင်တဲ့သူများ
- အချိုမှုန့်တွေပါမှာကိုစိုးရိမ်လို့ အပြင်မှာဝယ်ပြီးမစားဖြစ်တဲ့သူများ
- နေ့တိုင်းစားချင်တယ် နေ့တိုင်းလည်းမချက်နိုင်တဲ့သူများ အတွက်
👉 အသင့်ချက် "ဟင်္သာတမုန့်ဟင်းခါး" အနှစ်ထုတ်
- ငါးခူ/ငါးကြင်း တို့နဲ့ ချက်တာပါ။
👉 အရောင်ပါတာ ပဲပါတာ မကြိုက်သူတွေအတွက်
- ငရုတ်ကောင်း မုန့်ဟင်းခါးအနှစ်ထုတ်
👉 မုန့်ဟင်းခါးပဲ စားရတာ ရိုးသွားသူတွေအတွက်
- အုန်းနို့ခေါက်ဆွဲအနှစ်ထုတ်
🌻 နေကြာဆီသန့်ကိုသာ သုံးစွဲပါတယ်။
🎴 အချိုမှုန့် လုံးဝ အသုံးမပြုထားပါ။
🥘 တစ်ထုတ်ချက်ရင် (၈) ပွဲခန့်သုံးဆောင်နိုင်ပါတယ်
"ချက်ပြုတ်နည်း"
- ရေ 1.5Lကိုဆူအောင်တည်ပါ။
- ရေဆူပြီဆိုရင် အနှစ်ထုတ်ကိုဖောက်ထည့်ယုံပါ။
- ကြက်သွန်ဥ ငှက်ပျောအူ ကြိုက်သူများကတော့ ရေနွေးဆူတာနဲ့ထည့်ထားရမှာဖြစ်ပါတယ်။
- မုန့်ဟင်းခါးအနှစ် (၁) ထုပ်ကို မုန့်ဖတ် (၆၀ သား) ဖြင့် သုံးဆောင်လို့ရပါတယ်ရှင်။
"မှတ်ချက်"
- ရေခဲသေတ္တာ အခဲကန်ထဲမှာ ထည့်ထားရမှာပါ။
- ၃လအထိ အထားခံပါတယ်။
- အောက်ထပ်ဆို ၁ပါတ်ပဲကြာရှည်ခံပါမယ်။
(ဓါတုဆေးဝါး/တာရှည်ခံဆေး မပါဝင်တဲ့ အတွက် အပြင်မှာ အကြာကြီး ထားမရပါဖူးနော်)
# Myat Thu_အသင့်စား မုန့်ဟင်းခါးထုတ်
# ProductofMyanmar