ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး
ရွှေအောက်ချင်း_မျောက်ငိုသီး

ရွှေအောက်ချင်း_မျောက်ငိုသီး

မျောက်ငိုသီး (သို့) သစ်လိမ်သီး (သို့)
လူတိုင်း စားပေးသင့်တဲ့ သက်စောင့်သီးလေး

မျောက်ငိုသီးက ကောင်းတယ်ကောင်းတယ်နဲ့ ဘာတွေဒီလောက်ကောင်းနေတာလဲ ❓

မျောက်ငိုသီးဟာ ကျန်းမာရေးကောင်းကျိုးအလွန်များသောပဲမျိုးနွယ်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။

ပဲ မျိုးနွယ်ဝင် 🤔
🔰 'Fabaceae' ဟုခေါ်ဆိုသောပဲမျိုးရင်းအုပ်စုတွင် ပါဝင်ကြပြီး အင်္ဂလိပ်ဘာသာဖြင့် "Stink bean" or "Bitter bean" ဟုခေါ်ဆိုကြပါသည်။
ပုံသဏ္ဏန်မှာ ပဲကြီးစေ့ ပုံစံကဲ့သို့ တူညီပါသည်။

ဒညင်းသီးနဲ့ပြောင်းပြန်အချိုးကျတဲ့မျောက်ငိုသီး🤔
🔰 ဒညင်းသီးအရသာနှင့်တူလို့ ကြိုက်တဲ့သူများလဲ ကျန်းမာရေးမထိခိုက်ပဲစားနိုင်ပြီနော်

မျောက်ငိုသီးတွင် အောက်ပါအာဟာရဓာတ်များပေါင်းစပ်ပါဝင်နေပါတယ် -

၁။ ပရိုတင်းဓါတ်
ဆေးပညာအရ Protein ဟုခေါ်ဆိုသော အသားဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော (Cholestrol) ဓါတ်များကို လျော့နည်းစေနိုင်ပါသည်။

၂။ ပိုတက်စီယမ်
Potassium -ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် လူ့ခန္ဓာကိုယ်၏ ဦးနှောက်၊ အာရုံကြောနှင့်ဆိုင်သောလုပ်ဆောင်ချက်တွေကို မှန်ကန်စေပါသည်။ပိုတက်စီယမ်ဓာတ်ပါသော်လည်း အငန်ဓာတ်လျော့ပါးပြီးသွေးပေါင်တိုးခြင်းကိုထိမ်းညှိပေးနိုင်သောကြောင့် လေဖြတ်ခြင်းမှလည်းကာကွယ်နိုင်ပါသည်။

၃။ မက်ဂ္ဂနီဆီယမ်
စိတ်အကြည်ဓာတ်ကိုဖြစ်ပေါ်စေတဲ့ Magnesium-မဂ္ဂနီစီယမ် ဓါတ် ကြွယ်ဝစွာပါဝင်စေသဖြင့်စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို
မြှင့်တင်ပေးနိုင်ပါသည်။

ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်သည် နီက်ိုတင်းဓာတ်ကိုပြတ်စေသောကြောင့်ဆေးလိပ်ဖျက်ခြင်းတွင်အထောက်အကူရသည်။

၄။ သံဓာတ်
အထူးသဖြင့် အသက်ကြီးရွယ်အိုများနှင့်လစဥ်ဓမ္မတာကြောင့် ကုန်ဆုံးသွားရသော သွေးအားနည်းခြင်းများကို ပြန်လည်ဖြည့်တင်းရန် iron-သံဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကောင်းစေပြီး သံဓါတ်မလုံလောက်ရာတွင် ဖြစ်ပေါ်တတ်သော မောပန်းလွယ်ခြင်း၊ စိတ်ရောကိုယ်ပါ အားကုန်နူံးချိစေခြင်းများ ကို ကာကွယ်ပေးနိုင်ပါသည်။

၅။ အမျှင်ဓာတ်
ကိုယ်ခန္ဓာအညစ်အကြေးများကို နေ့စဥ်စွန့်ထုတ်ပစ်ရန်အတွက် အဓိကလိုအပ်သော Fiber - အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။

၆။ ဗစ်တာမင် -အေ
မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသော
Vitamin-A ကြွယ်ဝစွာပါဝင်သဖြင့် အမြင်အာရုံကိုလည်း ကောင်းမွန်စေပါသည်။

၇။ အင်ဆူလင်
မျောက်ငိုသီး၏ အာနိသင်တွေထဲတွင် သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်တဲ့အစွမ်းသတ္တိ Insulin -အင်ဆူလင်ဓာတ်လည်းပါဝင်သဖြင့် ဆီးချိုဖြစ်ပွားမှုကိုလည်း ထိန်းညှိပေးပါသည်။

၈။ ဖော့စဖရပ်စ်
ကိုယ်ခန္ဓာအတွက်အဓိကထောက်တိုင်ဖြစ်သော Phosphorus- ဖောစဖရပ်စ်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် အရိုးပွခြင်း၊ ဆတ်ခြင်း ၊ကျိုးလွယ်ခြင်းများကို ကာကွယ်ပေးပါသည်။

၉။ B6 / B12
မျောက်ငိုသီးတွင် Vitamin B6 ၊ B12 ပါဝင်သဖြင့် ဆေးလိပ်ဖြတ်သူများအနေဖြင့် စားသုံးပေး သင့်ပါသည်။

၁၀။ ဖီနိုလစ်ဒြပ်ပေါင်း
မျောက်ငိုသီးတွင် Phenolic ဒြပ်ပေါင်းကြွယ်ဝသဖြင့် Bacteria ကိုသေစေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်ပါသည်။ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။

အခြားအကျိုးကျေးဇူးများကိုလည်းတပါတည်းဖော်ပြလိုက်ပါတယ်-

✅ မျောက်ငိုသီးနှင့် ပျားရည်ကို တို့စားပါက
#အရက်အမူးပြေစေပါသည်။

✅ ထို့ပြင် #အစာအိမ်မကောင်းသူများလည်း စားသုံးသင့်ပါသည်။

🍾 ဒီလိုဆေးဘက်ဝင်တဲ့မျောက်ငိုသီးကို နှစ်သက်သူများက မျောက်ငိုသီးဆားရည်စိမ်၊ မျောက်ငိုသီးစေ့ခြောက်များ ပြုလုပ်ပြီး စားသုံးလေ့ ရှိကြပါတယ်။

🍾 မျောက်ငိုသီးဆားရည်စိမ်ရဲ့အရသာဟာ မြန်မာလူမျိုးများအကြိုက် ပေါ်ဦးပေါ်ဖျား ဒညင်းသီးနုနု ထွတ်ထွတ် ကြွပ်ကြွပ်ကလေးတွေနဲ့ဆင်တူလို့ ထမင်းအလွန်မြိန်စေပါတယ်။

🍾 မျောက်ငိုသီးသုပ်၊ မျောက်ငိုသီးငပိချက်၊ မျောက်ငိုသီးဆားရည်စိမ်၊ မျောက်ငိုသီး ပုဇွန်ထမင်းကြော်တို့ကတော့ အလွန်နာမည်ကြီးသော စားဖွယ်အတွဲအစပ်များပါနော်။

🍾 မြန်မာနိုင်ငံမြိတ်မြို့၊ချင်းပြည်နယ် တို့တွင်သာမက၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံ၊ မလေးရှား နှင့် စင်္ကာပူနိုင်ငံ ဒေသအနှံ့ ကျော်ကြားသော မျောက်ငိုသီးကို ​ရွှေအောက်ချင်းမှာ ဝယ်ယူမြည်း စမ်း ကြည့်နိုင်ပါပြီရှင်။

ရွေးချယ်စရာများကတော့

💚 မျောက်ငိုသီး ဆားရည်စိမ် (အထုတ်)
💚 မျောက်ငိုသီး ဆားရည်စိမ် (ဗူး)

🖤 မျောက်ငိုသီးခြောက် (အထုတ်)
🖤 မျောက်ငိုသီးခြောက် (ဗူး)

⛔️ သတိပြုရန်အချက်မှာ
မျောက်ငိုသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများပြားတယ်လှပါသည်။ သို့သော်လည်း တန်ဆေး-လွန်ဘေးဆိုသကဲ့သို့ မျောက်ငိုသီးတွင် Amino Acid - အမိုင်နိုအက်ဆစ်ဓာတ်နှင့် Purine Acid ဓာတ်အနည်းငယ်ပါဝင်မှု့ ရှိသောကြောင့် #ကျောက်ကပ်ရောဂါရှိသူများ သတိဖြင့်ချင့်ချိန်စား သုံးကြပါ။

❗❗❗ ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှနည်းအောင် ကြိုတင်ဂရုစိုက်သည့်အနေဖြင့် မျောက်ငိုသီးကို Purine acid ဓာတ်များထွက်သွားစေရန် နာရီအနည်းငယ် ရေစိမ်ပြီးမှ ချက်ပြုတ်သင့်ပါသည်။

❗အထူးသဖြင့် #မျောက်ငိုသီးအခြောက်စားမည့်သူများ မစားသုံးခင်(၂) ညခန့် ရေစိမ်ပေးရပါတယ်ရှင့်။ အစေးထွက် အရောင်ပြောင်းလျှင် ရေလဲပေး။၂ညစိမ်ပြီးမှလည်း အစေ့ခွံခြောက်က ခွာလို့ အဆင်ပြေမှာမို့ စားရန်အသင့်ဖြစ်ပါပြီ။

🍾 အခွံခွာပြီးမှ နှစ်သက်သလို ကြော်၊ ချက်ပြီး အသားအမျိုးမျိုးဖြင့် တွဲဖက်စားသောက်နိုင်ပါတယ်။

✅ ရွှေအောက်ချင်းရဲ့ မျောက်ငိုသီးဆားရည်စိမ်ကတော့ အခွံခွာပြီးသားဖြစ်လို့ ချက်ခြင်းစားသုံးနိုင်ပါတယ်ရှင့်။

✅ ဆားရည်စိမ်ဗူးများ အစေးထွက်တဲ့အခါ ရေအရောင်မည်းများပြောင်းလာပါက ရေမကြာခဏလဲပြီး စိတ်ချစွာစားသုံးနိုင်ပါတယ်။

လေစုပ်အိတ်နှင့် စနစ်တကျထုတ်ပိုးထားတာမို့
တပြည်တရွာပါးချင်လည်း အလွယ်တကူနော်။


# ဆာဗူးသီး_ချင်းရိုးရာ အစားအစာ
# ဝေးဝေးကြီးကဒေသစာတွေကို နီးနီးလေးမှာထား
ပြီးစားရအောင်
# ProductofMyanmar



🍅 🍅 🍅 🍅 🍅 🍅 🍅 🍅 🍅 🍅 🍅 🍅

မျောက်ငိုသီး ခရမ်းချဥ်သီး ငပိချက်

မျောက်ငိုသီးရာသီမှာ မှ မျောက်ငိုသီးငပိချက်လေးချက်မစားဖြစ်သေးရင် ဘယ်အချိန်မှ ချက်စားဖြစ်မှာလဲ

မျောက်ငိုသီး ခရမ်းချဥ်သီး ငပိချက် ချက်ပြုတ်ပုံ -

အိမ်မှာ မျောက်ငိုသီး အခြောက်တွေ ရှိတော့ စားချင်တဲ့ အချိန် ချက်စားလို့ရတာပေါ့ ၊ဘယ်သွားသွားသယ်ရလည်း လွယ်ကူတယ်လေ။

- မျောက်ငိုသီးခြောက်ကို တစ်ည ( 8နာရီ) ခန့် ရေစိမ်ပါ။

- နူးညံလာသောမျောက်ငိုသီးစေ့ခြောက်အခွံများကို
ရေအေးဖြင့်အနည်းငယ်ပြုတ်ပြီး ကတ်ကြေးဖွင့် အခွံနွှာပါ။

- ခရမ်းချဥ်သီးကို အနှစ်ရရန် မထူမပါးလှီးပါ။

- ငပိကိုအရေဖျော်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။

- ငပိဖျော်ရည်အတွင်းသို့ လှီးထားသောခရမ်းချဥ်သီး ၊ မျောက်ငိုသီးပြုတ်၊ နံနံပင်၊ (ချင်း)ငရုတ်သီး၊မန်ကျည်းမှည့်ဖျော်ရည်ထည့်ပြီးစားသုံးရန် ငပိရည် အနေတော် ဖြစ်သည်အထိ တည်ပါ။

အနံ အရသာ နှင့် ပြည့်စုံပြီး ဘေးဥဘဒ်ကင်း ၊ အာဟာရပြည့်ဝသော မျောက်ငိုသီး ခရမ်းချဥ်သီး
ငပိချက် တခွက်ကို ထမင်းပူပူနှင့်စားသုံးနိုင်ပါပြီရှင့်

#ဆာဗူးသီး #Sabuti #chintraditionalfood #chinfamousfood #မျောက်ငိုသီး #petai #ဝေးဝေးကြီးကဒေသစာတွေကိုနီးနီးလေးမှာထားပြီးစားရအောင် #chukionlineshop #စျေးသည်ကြီးကိုတင် #ProductOfMyanmar 🇲🇲

ဒေသစာ မျောက်ငိုသီးကို စင်္ကာပူနိုင်ငံမှာလည်း ဝယ်ယူရရှိနိုင်ပါပြီနော်