image

ပန်းခရေ Kitchen_ဒံပေါက် Series

$5.55

မအီတဲ့ဒံပေါက်ကောင်းကောင်းလေးချက်စားရအောင်

လူ၈ယောက်ဝအောင်စားလို့ရပါတယ်။

ဆန်နို့ဆီဗူး၄လုံး
(ပေါ်ဆန်းရှယ်ကိုအနည်းဆုံး၃နာရီရေကြိုစိမ်ပါ)

ကြက်သား၅၀သား(၁၀တုံးလှလှတုံးထားပါ)

ဗမာကြက်ဆိုရင်၃၀ကျပ်သားအကောင်ကို၄ခြမ်းခြမ်းပါ

ကြက်သွန်နီ၅၀သား
(ပါးပါးလှီးပြီးနီရောင်လာအောင်ကြော်ထားပါ)

ဒိန်ချဉ်၃၀၀တန်၃ထုပ်သုံးထားပါတယ်

ထောပတ်ကောင်းကောင်း၇ကျပ်ခွဲသား

ဆီ၂ကျပ်ခွဲသား

ဇီယာteaဇွန်း၂ဇွန်းခွဲ

လေးညှင်း၁၅ပွင့်

ဖာလာစေ့၃စေ့

သစ်ဂျပိုးခေါက်လက်တဆစ်

ကရဝေးရွက်၅ရွက်

ဂျင်းလက်တဆစ်ပိုပို

ကြက်သွန်ဖြူဥသေး၄လုံး(ဥကြီးဆို၁ဥ)

ဆားteaဇွန်း၅ဇွန်း

ကြက်သားမှုန့်teaဇွန်း၉ဇွန်း

ဒံပေါက်အရောင် tea ဇွန်းတဝက်ရေဖျော်ထားပါ။

ဂျုံ၅ကျပ်သားလောက်နှဲထားပါ။

သီဟိုစေ့၂ကျပ်ခွဲသားခန့်

စပျစ်ခြောက်၂ကျပ်ခွဲသားခန့်
(ရေနွေးစိမ်ပြီးရေဆေးပြီးစစ်ထားပါ)

ပဲစိမ်း၂ကျပ်ခွဲသားခန့်

ပူစီနံ၂စည်း

အရင်ဆုံးကြက်သားနှပ်မယ်

ကြက်သားနှပ်ဖို့ဇီယာ၁ဇွန်းခွဲကိုမွှေးအောင်လှော်ထောင်းပြီးကြက်သားထဲခပ်ပါ။

ကြက်သွန်ဖြူကိုညက်အောငိထောင်းပြီးကြက်သားထဲအရည်ညှစ်ချပြီးအဖတ်ကိုသက်သက်ဖယ်ထားပါ

ဂျင်းကိုလဲညက်အောင်ထောင်းကြက်သားထဲအရည်ညှစ်ထည့်အဖတ်ကိုဖယ်ထားပါ။

ဒိန်ချဉ်၃၀၀တန်တစ်ထုပ်ဖောက်ထည့်ပါ။

ကြက်သားမှုန့် ၂ဇွန်း

ဆား ၁ဇွန်း

ငရုတ်သီးအနှစ် ၁ဇွန်း

ဆနွငိးမှုန့်ဇွန်းတဝက်ထည့်ပြီးကြက်သားထဲအရသာစိမ့်ဝင်အောင်နယ်ထားပါ။

အရည်ညှစ်ထားတဲ့ဂျင်း၊ကြက်သွန်ဖြူအဖတ်တွေကိုလဲကြက်သားနှပ်ထားတဲ့ပန်းကန်ထဲပုဂံလုံးသေးသေးနဲ့တခါတည်းထည့်ထားပါ

ဆီ၂ကျပ်ခွဲသားနဲ့ဂျင်း၊ကြက်သွန်ဖြူအရည်ညှစ်ထားတဲ့အဖတ်ကိုဆီသပ်ပါ။

ဆနွင်းအနည်းငယ်လဲထည့်သပ်ပါ။

မွှေးလာရင်နှပ်ထားတဲ့ကြက်သားထည့်လုံးပါ။

ရေမထည့်သေးပဲကြက်ကထွက်တဲ့ရည်ခမ်းအောင်လုံးပြီးမှရေမြှုပ်ရုံထည့်ပြီးတည်ပါ။

ကြက်သားအရသာမြည်းပြီးအရသာပြင်နိုင်ပါတယ်။

ကျက်ရင်ရပါပြီ။

ဇီယာ၊လေးညှင်း၊ဖာလာ၊ကရဝေးရွက်၊သစ်ဂျပိုးခေါက်ကိုမွှေးလာအောက်လှော်ပါ။

ကြက်သွန်နီကြော်ကိုကြက်သားမှုန့်၂ဇွန်းဆား၁ဇွန်းနဲ့ကြေအောင်ခြေထားပါ။

ဒံပေါက်ချက်မယ့်အိုးထဲရေနွေးတည်ပါ။
ဆန်၄ဗူးငှဲ့ချက်မယ့်ထမင်းအတွတ်ရေကိုချိန်ထည့်ပါ။
ထမင်းရည်မပျစ်ရပါဘူး။

ဆူလာရင်လှော်ထားတဲ့ဟင်းခပ်အမွှေးကြိုင်များထည့်ပါ။
(သို့)
ပန်းခရေ ရဲ့ ဒန်ပေါက်မဆလာထည့်ပါ

ကြက်သားမှုန့်၅ဇွန်း၊ဆား၃ဇွန်းထည့်ပြီးရေ၃နာရီကြိုစိမ်ထားတဲ့ဆန်ကိုထည့်ပါ။

ထမင်းရည်စစ်ရအောင်အိုးကြီးတလုံးပေါ်ဇကာခံထားပါ။
ထမင်းရည်စစ်တဲ့အခါဇကာထဲထမင်းသွန်ပြီးဒံပေါက်ချက်မယ့်အိုးကိုမှောက်ပြီးဖုံးထားပါနော်။
ဒါဆိုထမင်းကအငွေ့မလစ်တော့ဘူး။
အောက်ကအိုးထဲရောက်သွားတဲ့ထမင်းရည်ကအပေါ်ကထမင်းကိုအပူငွေ့ပေးပြီးအပေါ်ကအိုးကအငွေ့ထွက်မသွားအောင်ကာကွယ်ပေးထားလို့ထမင်းနှပ်တဲ့အခါပိုအဆင်ပြေပါတယ်။
ထမင်းကိုရေငှဲ့ချက်တဲ့အခါငှဲ့လို့ရခါနီးအနေထားထိတောင့်တောင့်လေးအနေအထားမှာငှဲ့ပါ။

ဥပမာရိုးရိုးထမင်းချက်ရင်နောက်၅မိနစ်လောက်နေမှငှဲ့ရမယ်ဆိုဒံပေါက်အတွတ်၅မိနစ်လောက်စောငှဲ့လိုက်ပါ။

ဒံပေါက်ခင်းဖို့ပစ္စည်းတွေကိုကြိုပြင်ဆင်ထားပါ။
ဒံပေါက်ကိုထမင်းအငွေ့မကုန်ခင်အပြီးခင်းရမှာမို့ပါ။

ထမင်းရည်စစ်ပြီးထင်ရင်ထမင်းပေါ်မှောက်ထားတဲ့အိုးထဲထမင်းတဝက်ကိုပန်းကန်ပြားနဲ့ကော်ပြီးခင်းပါ။

ထမင်းထဲဒံပေါက်အရောင်အရင်ဇွန်းနဲ့ခပ်ပြီးဖြန်းပါ။

ဒိန်ချဉ်လဲဖြန်းပါ။

ချက်ထားတဲ့ကြက်သားလဲခင်းပါ။

ကြိုက်ရင်ပြုတ်ထားတဲ့ကြက်ဥ၃လုံးလောက်ထည့်ခင်းပါ။

ခြေထားတဲ့ကြက်သွန်ကြော်ထည့်ပါ။

သီဟို၊စပျစ်၊ပဲစိမ်းဖြူးပါ။

ပူစီနံထည့်ပါ။

ကျန်တဲ့ထမင်းတွေထပ်ထည့်ပါ။

ဒံပေါက်အရောင်ထပ်ဖြန်းပါ။

နောက်ဆုံးမှာအပေါ်ကနေထောပတ်ကိုနှံ့အောင်ဖြန်းပါ။
ထောပတ်ကအောက်ကထမင်းစီတစိမ့်စိမ့်စိမ့်ဝင်သွားပါလိမ့်မယ်

ဂျုံကိုအိုးနှုတ်ခမ်းပတ်ပတ်လည်ကိုကပ်ပေးပါ။
ပြီးရင်စလောင်းဖုံးကိုသေချာဖိပြီးဂျုံနဲ့ကပ်နေအောင်ထားပါ။
ဂျုံနဲ့ကပ်တာကအငွေ့လုံအောင်လို့ပိတ်တာပါ။

ဒံပေါက်ကိုမီးပြင်းပြင်းနဲ့၁၀မိနစ်
မီးအလယ်အလတ်နဲ့၁၀မိနစ်
မီးအေးအေးလေးနဲ့၁၀မိနစ်နှပ်ရင်

အရသာရှိသောဒံပေါက်ကျက်ပါပြီ

# ပန်းခရေ Kitchen
# ProductofMyanmar