ပန်းခရေ ရဲ့ ငါးခူ မုန့်ဟင်းခါးအနှစ်ထုတ် ❤️❤️❤️
Original ငါးခူဆန်လှော်မုန့်ဟင်းခါး
(နနွင်းရောင်ဟင်းရည်)
မုန့်ဟင်းခါးနံ့လေးမွှေးနေစေရပါမယ်ရှင်
မုန့်ဟင်းခါးအနှစ်ထုတ်ထဲမှာပါဝင်ပစ္စည်းများ
👉 ငါးပြုပ်ရည်ကိုအနှစ်ပြုလုပ်ထားတဲ့အထုတ်
👉 ဆန်လှော်ထုတ်
👉 ငါးခူငါးဆီသပ်ထားတဲ့အထုတ်
👉 ငှက်ပျောအူအထုတ်
👉 ငရုတ်ကောင်းအထုတ်
👉 ကြက်သွန်ဖြူကြော်ထုတ်
👉 ငရုတ်လှော်ထုတ်
အရင်ဆုံးငှက်ပျောအူကိုရေနွေးနဲ့တတ်နိုင်သမျှအချိန်ကြာကြာစိမ်ပေးထားပါရှင်
မနက်ချက်မယ်ဆိုညထဲကရေနွေးစိမ်ထားတာရင်ငှက်ပျောအူကသဘာဝအတိုင်းပွလာပါတယ်
ချက်တော့မယ်ဆိုရင် -
1. ဆန်လှော်ထုတ်မွှေးမွှေးလေးကို ရေလီတာဝက်နဲ့ဖျော်ထားပါမယ်
2. ကြက်သွန်ဥသေးရှိရင်အသေးလေးတွေအလုံးလိုက်ခပ်နိုင်ပြီးမရှိရင်လဲကြက်သွန်နီဥကြီးကိုလေးစပ်ထိုးထည့်နိုင်ပါတယ်
3. ရေ၁လီတာခွဲခန့်ကိုဆူအောင်တည်ပြီး
ရေဖျော်ထားတဲ့ဆန်လှော်ကိုထည့်ပါမယ်
4. ငှက်ပျောအူကိုလဲဆန်ဆလှာ်နဲ့အတူတခါထဲထည့်ပါမယ် ဒါမှငှက်ပျောအူကပိုလို့ပွပါမယ်
5. ကြက်သွန်နီဥလဲတခါတည်းထည့်ပြီးတည်ပါမယ်
6. ဆန်လှော်လေးတွေပွတက်လာပြီဆိုရင်-
ငါးပြုပ်ရည်အနှစ်ထည့်ပါမယ်
7. ငါးခူဆီသပ်ထားတာထည့်ပါမယ်
ငါးခူဆီသပ်ကိုကြာရှည်အထားခံအောင်လေကုန်အောင်စုပ်ထားလို့ အခဲတုံးဖြစ်နေတတ်ပါတယ်
ဟင်းရည်အိုးထဲကဟင်းရည်အနည်းငယ်ခပ်ယူဖျော်ပြီးမှလောင်းထည့်ရင်ပိုအဆင်ပြေပါတယ်ရှင်
မုန့်ဟင်းခါးအနှစ်ထုတ်အတွက် ငါးဆီသပ်တဲ့အခါ
ကြက်သွန်ဖြူကိုအားပြုပြီး ဂျင်းအနည်းငယ်၊စပါးလင်အနည်းငယ်မျှသာထည့်ဆီသပ်ပါတယ်
ငါးဥလေးတွေရတဲ့အခါငါးဥလေးတွေလဲပါပါတယ်
ကြက်သွန်နီ နဲ့ ငါးကိုပွားခြင်းလုံးဝမရှိပါဘူးရှင်
ကြက်သွန်နီလုံးဝမသုံးပါဘူး ❌❌❌
8. ကြက်ဥတစ်လုံးကိုခေါက်ပြီးထည့်ပါမယ်
ကြက်ဥကိုပြုပ်ပြီးလှီးထည့်လဲရပါတယ်
9. ငရုတ်ကောင်းကိုကြိုက်သလောက်အသုံးပြုနိုင်ဖို့
အနည်းငယ်ပိုထည့်ပေးထားပါတယ်
အချို့ကငရုတ်ကောင်းများတာကြိုက်ပြီး
အချို့ကငရုတ်ကောင်းနည်းတာကြိုက်တတ်တော့မိမိစိတ်ကြိုက်ခပ်ပါ
10. ဟင်းရည်ပွက်ပွက်ဆူလာပြီဆိုရင်တော့
ရပါပြီရှင်
မုန့်ဟင်းခါးမွှေးမွှေးလေး
မုန့်ဟင်းခါးအနှစ်ထုတ်တစ်ထုတ်ချက်ရင်
မုန့်ဟင်းခါး၇ပွဲရပါမယ်
မုန့်ဖတ်၅၀သါးနဲ့တွဲစားနိုင်ပါတယ်ရှင်
အချိုမှုန့် ❌❌❌
စားအုန်းဆီ ❌❌❌
တာရှည်ခံဆေး ❌❌❌
လုံးဝအသုံးမပြုပါ
စိတ်ချယုံကြည်စွာမှာယူအားပေးနိုင်ပါတယ်ရှင်
အားပေးမှုကိုအစဥ်အမြဲ ကျေးဇူးတင်လျှက်ပါရှင❤️
# ပန်းခရေ Kitchen
# ProductofMyanmar