မိလေးစံကထုတ်တဲ့ "ဂျုံယို" 💙
မြန်မာမုန့်တွေ တခေတ်ဆန်းဖို့ မြန်မာ လူမျိုးတို့ရဲ့ ရိုးရာ သရေစာ ဂျုံယိုလေးကို ခေတ်မှီမှီနဲ့ အရသာရှိရှိ အသင့်ဖောက်စားသုံးနိုင်အောင်
နိုင်ငံတကာအထိ ခြေဆံ့နိုင်အောင်
လက်ဆောင်ပေးတဲ့အခါမှာလဲ မျက်နှာပန်းလှအောင်
မိလေးစံမှ ဂုဏ်ယူစွာ ဦးဦးဖျားဖျား ထူးထူးခြားခြားလေးထုတ်ထား ထုတ်လုပ်ထားတဲ့
မိလေးစံ ရဲ့ စည်သွပ်ဗူးဒီဇိုင်းလေး နဲ့ ဂျုံယို
ဂျုံယို ဆိုတာ အညာဒေသရဲ့ ထင်ရှားတဲ့ သရေစာတစ်မျိုးပါ...
ဂျုံယိုကို အိမ်မှာတင် ကိုယ်တိုင်လုပ်စားမယ်ဆိုရင်
✅ ဂျုံစေ့ကို ညထဲကရေစိမ်ထားရပါမယ်
✅ အနည်းဆုံး ၆နာရီ ရေစိမ်ရပါမယ်
✅ မနက်ကျ ပေါင်းအိုးနဲ့ ရေများများထည့်ပြီး ပေါင်းထားလိုက်ပါ (သို့မဟုတ်) ပြုတ်ပေးရပါမယ်
✅ သာကူ နှင့် ကန်စွန်းဥ လည်းထည့်ကျိုနိုင်ပါတယ်
✅ ထန်းလျှက်ကို ကျိုပြီး အမှိုက်သဲ စစ်ထုတ်ပစ်ပေးပါ
✅ ဂျုံစေ့တွေ နူးအိလာပြီဆိုရင် ထန်းလျှက်ကျိုထားတဲ့အိုးထဲရောထည့်ပြီး ဆက်တိုက် စမွှေပေးပါ
✅ ပြီးလျှင် နွားနို့ သို့မဟုတ် အုန်းနို့ နည်းနည်းရော ထည့်ပါ
✅ ဆားအနည်းငယ်ထည့်ပါ
✅ အချိုကဲချင်သူများအတွက် သကြားထပ်ထည့်နိုင်ပါတယ်
✅ ဂျုံစေ့နူးအိနေပြီဆိုရင် စားလို့ရပါပြီ
✅ စားခါနီး နို့စိမ်းလေးထည့် ၊ ခြစ်ထားတဲ့ အုန်းသီးအဖတ်လေးဖြူးပြီးရင် စားလို့ရပါပြီ
ယခုလိုမျိုး အချိန်ကုန် လူပင်ပမ်းခံပြီး အဆင့်ဆင့် ပြုလုပ်ရတဲ့ အတွက် အချိန်မကုန်ချင်သူများကတော့ မိလေးစံက ထုတ်လုပ်ထားတဲ့ ဂျုံယိုစည်သွပ်ဗူး ဝယ်ထားရင် အသင့်စားလို့ရပီနော် 😉
အချိန် ၃ စက္ကန့်ထဲနဲ့...အဖုံးလေးကိုကလစ်တစ်ချက်ဖွင့်လိုက်ရုံနဲ့...ဇွန်းလေးနဲ့ ကော်စားရုံပဲ...
မိလေးစံ ရဲ့ ဂျုံယိုလေးက
ဂျုံစေ့လေးတွေစားတိုင်း တစ်ဖောက်ဖောက်မြည်နေမယ့် အာဟာရပြည့် ဂျုံယို
သူ့အရသာက.... ချိုတယ်... ဆိမ့်တယ်... မွှေးတယ်
ချိုတယ်ဆိုတာ.... မြန်မာတို့ရဲ့ လက်စွဲတော် ထန်းလျက်စစ်စစ် ရဲ့ အရသာ
မွှေးတယ်ဆိုတာ...ဖောက်လိုက်တဲ့အခါ အုန်းနို့ နဲ့ နွားနို့နဲ့ ဂျုံနံ့လေးပေါင်းပြီး မွှေးတက်လာတာ
ဆိမ့်တယ်ဆိုတာ...နူးအိနေတဲ့ ဂျုံစေ့လေးတွေရဲ့
ဆိမ့်ဆိမ့်နေတဲ့အရသာ
💯 ပိုပြီးအရသာ ထိမိလျှာလည်သွားစေဖို့ကတော့... မိလေးစံက ထုတ်တဲ့ အသင့်စား ဂျုံယိုစည်သွပ်ဗူး ကို နို့စိမ်းလေးပေါက်ပေါက်ပြီး စားနိုင်ပါတယ်
အိမ်က သားသားမီးမီး တို့ အတွက် အာဟာရပြည့်ဝ တဲ့ မုန့်တွေ ကို ပိုကျွေးနိုင်ဖို့
ကျန်းမာရေးလိုက်စားသူများ နှင့် ဝိတ်ထိန်းလိုသူများ အတွက်လည်း အထူးသင့်လျော်လို့
လူကြီးလူငယ်မရွေး အထူးကြိုက်မယ့် အနံ့အရသာ နဲ့ ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်တာမို့ တစ်နေ့တာ အတွက် လိုအပ်တဲ့ ခွန်အားတွေကို အရသာရှိရှိ ရယူဖို့
ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတဲ့ စကားနဲ့အညီရိုးရာအစားအစာကို အချိန်မရွေး နေရာမရွေးစားသုံးဝယ်ယူအားပေးနိုင်ဖို့ ထုတ်လုပ်ထားပါတယ်။
ဗူးလေးတွေဟာ တာရှည်ခံဆေးများမပါပဲ ၃ နှစ်အထားခံ အောင် ပေါင်းသတ်ထုတ်လုပ်ထားတာပြီး FDA နှင့် Halal ထောက်ခံချက်များလည်း ရ ရှိပြီးတာမို့ သက်ကြီးရွယ်အို ကလေးလူငယ် လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်ပါတယ်။
မိလေးစံကြောင့်
အရသာရှိပြီး စားရခဲတဲ့ အညာဒေသရဲ့မြန်မာ့မုန့်တစ်မျိုးဖြစ်တဲ့ ဂျုံယိုကို စားသုံးနိုင်ဖို့ အချိန်တွေအများကြီးပေးစရာမလိုတော့ပါဘူး....
💔 ဈေးထဲမှာတကူးတက ဂျုံစေ့၀ယ်ပြီး ပြန်ဖွတ် စရာမလိုတော့ဘူး
💔 (၆) နာရီကြာလောက်အောင်လည်း ရေစိမ်ထားစရာမလိုတော့ဘူး....
3 စက္ကန့်ထဲနဲ့ သုံးဆောင်နိုင်မယ့် အာဟာရအပြည့် ဂျုံယို ကို အခုပဲမှာယူလိုက်ပါ။
# မိလေးစံ
# ဂုဏ်ယူဝံ့ကြွားစည်သွပ်ဗူးမြန်မာမုန့်များ
# ProductofMyanmar
🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌🍌
ဌက်ပေါင်း ပေါင်းစားရင် အဆင်ပြေဆုံး ဌက်ပျောသီး အမျိုးအစား ၂ မျိုးပဲ ရှိပါတယ် ❤
၁. ရခိုင်ဌက်ပျောသီး
၂. ဖီးကြမ်းသီး
ရခိုင်ဌက်ပျောသီး ပေါင်းရင် အရောင်နီနီလေး နဲ့ နူးအိနေတဲ့ ဌက်ပျောပေါင်းလေး ရနိုင်ပါတယ်
ဖီးကြမ်းသီး ဆိုရင် နူးအိအိလေးနဲ့ အုန်းနို့အရသာများပါဝင်နေတဲ့ ဌက်ပျောပေါင်းကိုရနိုင်ပါတယ်။