မိလေးစံ မုန့်ဟင်းခါး အနှစ်ထုပ်ရဲ့ ထူးခြားချက်တွေ က ဘာတွေလည်း???
...
...
မြန်မာတွေရဲ့ မနက်ခင်းတိုင်းမှာ မနက်စာ အနေနဲ့ နေရာယူထားသလို သရည်စာအနေနဲ့ပါ သုံးဆောင်နိုင်တဲ့ မုန့်ဟင်းခါး ကို အသင့်စားနိုင်အောင်
မိလေးစံ မုန့်ဟင်းခါးအနှစ်ထုတ် က အချိန်ကုန် လူသက်သာစေအောင် ကူညီပေးမှာပါနော်
၁... ငါးအသားများ အချိုးကျပါဝင်
၂... ဌက်ပျောအူ အစိုဖတ် ပါပြီး
၃... ကြက်သွန်နီဥ ပါပြီး
၄... အချိုမှုန့်မပါဝင်
🛎🛎🛎 အချိုမှုန့် မပါ တော့ ရေမငတ် ဇာတ်ကြော မတက် Chinese Restautant Syndrome ကိုလည်း ကြောက်နေစရာမလို
၅... တာရှည်ခံ ဆေးများ မပါ
၆... တခြားဘာအမယ်မှ ထပ်ထည့်စရာမလို ရေ တစ်လီ နဲ့ အသင့်ကြိုဖို့ပဲ လိုပါတယ်နော်
၇... သယ်ဆောင်ရလွယ်ကူ
၈... အလေးချိန်ပေါ့ပါးပြီး
၉... အခန်းအပူချိန်မှာ တစ်နှစ်အထိ အထားခံ
(ရေခဲသေတ္တာထဲ ထည့်သိမ်းစရာမလို)
၁၀... ရေနွေးဆူဆူနဲ့ ၁၀ မိနစ်ပဲတည်ရင် အဆင်သင့်စားသုံးနိုင်သော မုန့်ဟင်းခါး အနှစ်ထုတ်
မိလေးစံရဲ့ ထူးခြားချက်
ငါးဥ တဲ့ ရာသီမှာဆို ငါးဥလေးတွေပါ အပိုထပ်ဆောင်းထည့်ပေးထားတော့ ဆိမ့်သက်ချိုမြိန်ပြီး ပိုစားမြိန်ပြီပေါ့...
(ဧပြီလ ပိုင်း အထုတ်တွေ ဆို စတင်ပါဝင်နေပါပီ၊ ငါးဥ တဲ့ ရာသီမို့ ပိုပိုသာသာ ထည့်ပေးနေပါတယ် ခင်ဗျ)
ဟင်းရည် ကို ချက်လိုက်တိုင်း အဝါစေ့လေးတွေ တွေ့နေရတယ်ဆိုရင် အဲ့ဒါ ငါးဥလေးတွေပါနော် 😋
ဟုတ်တယ်...ငါးဥတွေပါ ထည့်ချက်ထားတဲ့ မုန့်ဟင်းခါးလေး
အနံ့ က မွှေးသလားတော့ မမေးနဲ့ တအိမ်လုံးကို ပြန့်သင်းနေရော!
အရသာကလဲ မုန့်ဟင်းခါးတို့ရဲ့ အသက်ဖြစ်တဲ့ ငါးအရသာကိုမှ ချိုဆိမ့်လေးနဲ့
တစ်နှစ်လည်း အထားခံတယ်
FDA လည်း ရပြီးသား
Halal လည်း ရပြီးသား...
✅✅✅ နိုင်ငံတကာ အဆင့်မှီ ခေတ်မှီပိုးသတ်စက်ဖြင့် စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပြီး သန့်ရှင်းလွယ်ကူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မိလေးစံ မုန့်ဟင်းခါး အနှစ်ထုတ်
📦📦📦 ထုတ်ပိုးမှုမှာလည်း အစားအသောက်တွေမှာသုံးရတဲ့ စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ထားပြီး အညွှန်းများမှာ လည်း မြန်မာလိုရော အင်္ဂလိပ်လိုပါ သေသေချာချာ ညွှန်ပေးထားလို့ အာရုံတွေ နောက်စရာမလိုပါဘူးနော် 😍😍😍
🔠🔠🔠 ထုတ်လုပ်သည့်နေ့ ၊ ကုန်ဆုံးမည့်ရက် ၊ ဆောင်ရန်ရှောင်ရန် တွေ ပါ အတိအကျ ထည့်ထားလို့ ယုံကြည်စိတ်ချစွာ သုံးဆောင်နိုင်ပါတယ်နော့် (protocol အတိုင်းတိကျစွာလိုက်နာကျင့်သုံးထားသည့် ထုတ်ပိုးမှုပုံစံ)
❤ လက်ဆောင်ပေးလည်း မျက်နှာပန်းလှ
❤ အမိမြေ အလွမ်းပြေလည်းဖြစ်
👌👌👌 မိလေးစံ အသင့်စား မုန့်ဟင်းခါး အနှစ်ထုတ်ကို လူမျိုးမရွေးဘာသာမရွေးသုံးဆောင်နိုင်ပါကြောင်း
👍👍👍
မိလေးစံ မုန့်ဟင်းခါး အနှစ်ထုတ် တစ်ထုတ်တည်း ဝယ်ပြီး အမယ် ၄ မျိုးတောင် လုပ်စားလို့ရတယ်နော်!
1️⃣ Original မုန့်ဟင်းခါး ပဲ လုပ်စားမလား
2️⃣ ငါးထမင်းပဲ နယ်စားမလား
(ငါးနဲ့အခြေခံချက်ထားတော့ ငါးထမင်းနယ် လုပ်စားလို့ရတာပေါ့)
3️⃣ ခေါက်ဆွဲသုပ်ဖို့ အနှစ်အနေ နဲ့ သုံးမလား
4️⃣ ငါးငပိချက်တောင် ချက်ပလိုက်လို့ရသေးတယ်
တစ်ယောက်တည်း မကုန်ဘူးဆိုရင် နည်းမျိုးစုံကြိုးခုန်ပြီး ရုပ်တည်နဲ့သာ ချက်လိုက်... မိလေးစံ အနှစ်ထုပ်နဲ့ ဆို ဘာချက်ချက်ကောင်းနေမှာပဲလို့
😋😋😋😋😋😋😋😋😋😋😋😋😋😋😋
မိလေးစံ မုန့်ဟင်းခါးအနှစ်ထုတ်နဲ့
ငါးငပိချက်ဘယ်လိုချက်မလဲ?
လိုအပ်တာတွေက -
၁. မုန့်ဟင်းခါးအနှစ်ထုတ်
၂. မျှင်ငပိ (သို့) ရေချိုငါးပိ
၃. မကျည်းသီး
၄. ခရမ်းချဉ်သီး
၅. နေကြာဆီ
၆. ငရုပ်သီးအရှည်တောင်
၇. ငရုပ်ပွမှုန့်
ပြုလုပ်ပုံအဆင့်ဆင့်
၁. အရင်ဆုံး ဆီကို ကျက်အောင်တည်
၂. ငရုပ်ပွမှုန့်ထည့်
၃. အရောင်တက်လာပြီဆိုရင် မိလေးစံ မုန့်ဟင်းခါးအနှစ်ထုပ် သုံးဆောင်ချင်သလောက်ထည့်
၄. ခရမ်းချဉ်သီး လေးစိပ်ခွဲထည့်
၅. ငပိကြိုပြီးသားလောင်းထည့်မွှေ
၆. မကျည်းရည်လောင်းထည့်
၇. ငရုပ်ရှည်တောင့်ထည့်
၈. အားလုံးထည့်မွှေပြီး ၅ မိနစ် အဖုံးအုပ်ထား
ကျက်တာနဲ့ သုံးဆောင်လို့ရပါပြီ
ရှမ်းနံနံ (သို့) ပင်စိမ်း ကြိုက်တယ်ဆိုရင်လည်း ထည့်သုံးဆောင်နိုင်သေးတယ်နော်
ကဲကဲ... မိလေးစံ အနှစ်ထုတ် က တစ်ယောက်တည်းမို့ မကုန်ပါဘူးဆိုတဲ့ သူတွေအတွက်လဲ အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးပါနော်
တစ်ထုပ်ဖောက်ပြီး မကုန်ရင် ငါးငပိချက်လုပ်ထားပြီး ထမင်းလေးနဲ့ ငရုပ်သီးစပ်စပ်လေး ရှူးရှူးရှဲရှဲ မိုးရာသီလေးမှာ စားလိုက်ရင်ဖြင့်...
😋😋😋😋😋😋😋😋😋😋😋😋😋😋😋
မိလေးစံ မုန့်ဟင်းခါးအနှစ်ထုတ်နဲ့
ငါးထမင်းနယ်လုပ်စားကြမယ်
လိုအပ်တဲ့ အရာများကတော့ -
၁. ထမင်း
၂. ဆီကျက်
၃. မိလေးစံ မုန့်ဟင်းခါး အနှစ်ထုပ်
၄. ထွေလီကာရောပါပဲ
အနှစ်ထုတ်နဲ့ ထမင်းနယ်ပြီး စာချင်တဲ့ အချိန်ထ နယ်ရုံပဲလေ...
❤ ကွီးယားထမင်းသုပ်စားမလား
❤ ငါးထမင်းနယ် သုံးဆောင်မလား
ရွေးချယ်လိုက်ပါ အဆွေတို့
😋😋😋😋😋😋😋😋😋😋😋😋😋😋😋
မိလေးစံ အသင့်စား မုန့်ဟင်းခါးအနှစ်ထုတ်ရဲ့ ဇာတ်လိုက်ကျော်ငါးကြင်း အကြောင်းသိပြီးပြီလား?
မထင်မှတ်ထားလောက်အောင် အံ့ဖွယ် အကျိုးကျေးဇူးတွေများသဗျို့ !
🐟 ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Omega3 fatty acid အပြည့်အဝပါတယ်
🐟 အရိုးအဆစ်ကိုက်ခဲမှုတွေကို သက်သာစေတယ်
🐟 ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတယ်
🐟 အရိုးအဆစ်တွေကို သန်မာစေတယ်
🐟 အသက်ရှူခြင်းဆိုင်ရာ ပြသာနာများကို သက်သာစေတယ် အစရှိတဲ့ ကောင်းကျိုးတွေ ပြည့်နှက်နေတာပဲ။
မိလေးစံ မုန့်ဟင်းခါးလည်းစား၊ အားလည်းတိုးဆိုတော့ ဘာလိုသေးလဲပရိတ်သတ်ကြီးရေ...
# မိလေးစံ_မုန့်ဟင်းခါး
# ProductofMyanmar