အရီးတောင်း ရဲ့
“🥗 အသင့်စားလက်ဖက်သုပ်” ထုပ်လေး
❓ဘာတွေပါတာလဲ
လက်ဖက်သုပ် ၁ ပွဲ သုပ်စားဖို့လိုအပ်တဲ့
အဆာပလာတွေအကုန်ပါတာပေါ့ 🥂
- လက်ဖက်နှပ်
- ကြက်သွန်ဖြူကြော်
- မြေပဲကြော်
- နှမ်း
- ပုဇွန်မှုန့်
- သံပုရာရည်
- ငံပြာရည်
စုစုပေါင်း ၇ မျိူးတောင်ပါဝင်ပါတယ်နော်။
🍃လက်ဖက်ဆိုရင်လဲ "အထောင်းကြိုက်တဲ့သူ"အတွက်ရော "အညွန့်ကြိုက်တဲ့သူ" အတွက်ပါ အဆင်ပြေအောင် ၂ မျိူးလုံးရောပြီးနှပ်ထားတဲ့ “အညွန့်ထောင်းနှပ်” လေးကို ထည့်ပေးထားပါတယ်။
🍋🍸အချဉ်အငံအတွက်လည်း ပူစရာမလိုပါဘူး
- သံပုရာသီးအစစ်ကိုသာ အသုံးပြုထားတဲ့
"သံပုရာရည်ထုပ်" နဲ့ "ငံပြာရည်ထုပ်"ပါ ထည့်ပေးထားတာမို့ မိမိကြိုက်နှစ်သက်သလောက် ထည့်ပြီး ချဉ်ငံအရသာကို ထိန်းညှိသုပ်စားရုံပါပဲ။
🍤 ချိုမြတဲ့ ပုဇွန်ကောင်လေးများကိုသာရွေးချယ်ကြိတ်ပြီး ပုဇွန်မှုန့်အဖြစ်နဲ့ ထည့်ပေးထားတာမို့ ပြီးပြည့်စုံတဲ့ လက်ဖက်သုပ် ၁ ပွဲကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင်
🌿🍃စားကောင်းလျှင် အရီးတောင်း🌿🍃
🌿🍃အရီးတောင်းဆို လက်ဖက်ကောင်း🌿🍃
# အရီးတောင်း_လက်ဖက် နှင့် အကြော်စုံ
# ProductofMyanmar