🔰 လက်ဖက်အကြောင်း ပိုမို နားလည်စေဖို့…
✅ မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော
လက်ဖက်ပင် အမျိုးအစား (၃) မျိုးမှာ -
"စီနန်းစစ်" ကာမယ်လီယာ
"အာစာမီကာ"ကာမယ်လီယာ
"ဧရာဝတီယန်းစစ်"ကာမယ်လီယာ တို့ ဖြစ်ပါတယ်။
✅ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော
လက်ဖက်အမျိုးအစား (၃) မျိုးမှာ -
လက်ဖက်စို
လက်ဖက်ခြောက် နှင့်
လက်ဖက်အချိုခြောက်တွေ ဖြစ်ပါတယ်။
✅ အပင်သန်သော လက်ဖက်တစ်ပင်မှ တစ်နှစ်လျှင် လတ်ဆတ်သော လက်ဖက်ရွက်စိမ်းပေါင်း (၃.၅) ကီလိုဂရမ်ကို ခူးဆွတ်နိုင်ပါတယ်။
✅ လက်ဖက်စိုကိုထုတ်လုပ်နိုင်သည့်
နည်းလမ်းတစ်ခုမှာ
လက်ဖက်ရွက်စိမ်းကို ရေနွေးငွေ့ဖြင့် ပေါင်းခံပြီးအချဉ်ဖောက်ရန်အတွက် ကျင်း(သို့)ပုတ်ထဲထည့်ပြီး လေလုံအောင်ဖိသိပ်ကာ လက်ဖက်ရွက်များ နူးညံ့ပျော့ပျောင်းပြီး နှပ်လာသည်အထိ အနည်းဆုံး အချိန် (၂ )လသိပ်ထားရန်လိုပါတယ်။ ပြီးလျှင်လက်ဖက်များကို တောင်း(သို့)အိတ်ထဲတွင် ထည့်ကာ သေချာဖိသိပ်ပြီး သိုလှောင်ထားဖို့တော့ လိုအပ်ပါတယ်။
✅ တစ်နှစ်တွင်လက်ဖက်ခူးဆွတ်နိုင်သည့်လ (၉)လရှိပါသည်။
⏰ မတ်လလယ်မှ ဧပြီလအစောပိုင်းနွေဦးချိန်တွင် လက်ဖက်စတင်ထွက်ရှိသည့် ဦးဦးဖျားဖျားလက်ဖက်နု (ရွှေဖီဦးမိုးလွတ်လက်ဖက်)
⏰ ဧပြီလလယ်မှလကုန်ထိ (ရွှေဖီလက်ဖက်)
⏰ မေလဆန်းမှ လလယ်ထိ (ရွှေဖီလားလက်ဖက်)
⏰ ဇွန်လမိုးဦးကျချိန်မှပြန်စထွက်သော ရွက်နုလက်ဖက် (ခါးကန်ဦးလက်ဖက်)
⏰ ဇွန်လလယ်မှ Aug လကုန် ( ခါးကန့် လက်ဖက်) နှင့်
⏰ စက်တင်ဘာလဆန်းမှ နိုဝင်ဘာလလယ်ဆောင်းနှင်းကျချိန်တွင်ထွက်ရှိသည့် ရွက်နုလက်ဖက်ကို
(နှင်းသက် လက်ဖက်) ဟုခေါ်ဆိုခဲ့ကြပါသည်။
✅ မြန်မာနိုင်ငံတွင်ထွက်ရှိသောရွက်စိမ်းစုစုပေါင်းမှ(၄၄) ရာခိုင်နှုန်းခန့်ကို လက်ဖက်စိုထုတ်လုပ်ပါတယ်။
✅ (၈၀) ရာခိုင်နှုန်းသောလက်ဖက်များကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးကြပြီး များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး (၁၅၀၀) မီတာတွင် စိုက်ပျိုးလေ့ရှိပါတယ်။
✅ ပင်လယ်ရေမျက်နှာပြင် (1500) မီတာနှင့်အထက်ဟာ လက်ဖက်စိုက်ပျိုးရန် အကောင်းဆုံးအနေအထား ဖြစ်ပါတယ်။ လက်ဖက်ပင်ဟာ အများဆုံးနှစ်ပေါင်း (၁၅၀၀) ထိသက်တမ်းရှိပါတယ်။
✅ မြန်မာနိုင်ငံရှိ ဟတ်တာ ၃၀၀၀၀ ခန့်သောမြေနေရာတွေမှာ လက်ဖက်စိုက်ပျိုးကြပါတယ်။
ဒါကတော့ မြန်မာနိုင်ငံရှိ လက်ဖက် အချက်အလက်နှင့် သွင်ပြင်တွေပဲ ဖြစ်ပါတယ်။
# ဒေါ်ရိတ်ကြီး_မြန်မာ့စားသောက်ကုန်
# ProductofMyanmar