ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်
ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်

ဒေါ်ရိတ်ကြီး_လက်ဖက်နှပ်

လက်ဖက်သုပ်ဟာ ရှေးအစဉ်အဆက်ဆက် နှစ်ခြိုက်စွာစားသုံးခဲ့ကြတဲ့ မြန်မာ့ရိုးရာအစာစားဖြစ်တဲ့အပြင် လူမျိုးဘာသာမရွေးစားသုံးနိုင်တဲ့အတွက် ယနေ့အချိန်ထိ ကမ္ဘာမှာ မြန်မာ့ လက်ဖက်ဟာ ယခုချိန်ထိ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။ 💯

အရွက်မှာ လက်ဖက်ဆိုတဲ့စကားအတိုင်း လက်ဖက်ဟာ Amino Acid, Vitamin C, E တို့ပါဝင်တဲ့အတွက် သွေးတွင်းဖိအားကိုထိန်းညှိပေးလို့ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးအဖြစ်ပါဝင်နေပါတယ်။

🌟 မူလ လက်ဟောင်း ဆူးလေဒေါ်ရိတ်ကြီး ရဲ့
လက်ဖက်နှပ်အရသာများ

🍃🌶 အထောင်းချဉ်စပ်
🍃 အထောင်းအဆိမ့်
🌿🌶 အညွန့်ချဉ်စပ်
🌿 အညွန့်အဆိမ့်

📌 ဒီ လက်ဖက်အသားချည်းပဲ (300)g ဘူးလေးထဲမှာ 60g အထုပ်လေး (၅)ထုပ်ပါပါတယ် 🌟

မူလလက်ဟောင်းဆူးလေ က ဒေါ်ရိတ်ကြီးထုတ်ကုန်ထဲက အသင့်စား လက်ဖက်ထုပ်လေးတွေက...

🍃 ဇယန်းလက်ဖက် နုနုလေးများကို အသုံးပြုထားခြင်း

🍃 သာမာန်ဆားကို အသုံးမပြုပဲ ကမ္ဘာ့အသန့်စင်ဆုံးစားဟု တင်စားခေါ်ဝေါ်သော ဟိမဝန္တာတောင်တန်းမှသာရရှိနိုင်သည့် ပန်းရောင်ဆားကို အသုံးပြုထားခြင်း

🍃 အချိုမှုန့်အစား ဟင်းသီးဟင်းရွက်မှထုတ်လုပ်သော ဟင်းခတ်မှုန့်အသုံးပြုထားခြင်း

🍃 ဆီအရောအနှောကင်းစေရန် ကိုယ်တိုင်ကြိတ်ခွဲထားသော ပဲဆီစစ်စစ်ကိုအသုံးပြုထားခြင်း

🍃 အကြော်များဆီဂျီးနံ့ ကင်းစေရန်နှင့် ကြွပ်ရွစေရန် Food Grade ဖြစ်သော Oxygen Absorber အသုံးပြုပေးထားခြင်း

စသည့်အချက်များဖြင့် ကျန်းမာရေးဖြင့်ညီညွတ်အောင် အထူးစီမံထုတ်လုပ်ထားပါသဖြင့် မိတ်ဟောင်းမိတ်သစ်များ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါပြီခင်မျာ။

ဒေါ်ရိတ်ကြီးလက်ဖက်နှင့်အကြော်စုံ များတွင် စားသုံးကုန်ရဲ့ အာဟာရတန်ဖိုးများကို ပျက်စီးမှု မရှိစေရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရန် R&D Researcher များက နောက်ဆုံးပေါ် နည်းပညာများဖြင့် စမ်းသပ်တီထွင်ထုတ်လုပ်ထားသော

အမေရိကန် FDA လက်မှတ်ရ၊ အင်္ဂလန်I SO 9001၊ ပြင်သစ် HACCP၊ ထိုင်ဝမ် ISO 9001:2015၊ ပြင်သစ် ISO 22000:2005၊ ဂျပန်အဆိပ်အတောက် ကင်းစင် ထောက်ခံစာ၊ ထိုင်ဝမ် HALAL Certificate ရ (Food Grade) Oxygen Absorber & Moisture Absorber များကို ထည့်သွင်းအသုံးပြုထားပါသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် စားသုံးနိုင်ပါတယ်ရှင် 💯


# ဒေါ်ရိတ်ကြီး_လက်ဖက်နှင့်အကြော်စုံ
# ProductofMyanmar



---------------------------------------------------------

မြန်မာ့ရိုးရာ လက်ဖက်ဟာ ဘာ့ကြောင့် ထင်ရှားကျော်ကြားတဲ့ မြန်မာ့အစားအစာအဖြစ်ပြောစမှတ်
ပြုကြလဲ 🙋🏻‍♀️

ရှေးခေတ်က အချဉ်ဖောက်ထားတဲ့ လက်ဖက်ရွက်ကို ငြိမ်းချမ်းရေး သင်္ကေတ သို့မဟုတ် စစ်မြေပြင်နိုင်ငံတို့ကြား ငြိမ်းချမ်းရေး ပူဇော်သက္ကာအဖြစ် အသုံးပြုခဲ့ကြတယ်။

ယနေ့ခေတ်မှာလည်း လက်ဖက်ဟာ ဧည့်ခံကျွေးမွေးခြင်း၏ အဓိကအစားအစာတစ်ခုဖြစ်ပါတယ်။

လက်ဖက်ဟာ မြန်မာနွယ်ဖွားဖြစ်ပြီး အခြားယဉ်ကျေးမှုများမှ ဆင်းသက်လာခြင်းလုံးဝမဟုတ် ပါဘူးနော်။

မြန်မာ့ရိုးရာ အခမ်းအနားများအတွက် မရှိမဖြစ် လူကြိုက်များသော နတ်သစ်ရွက် တစ်မျိုးလည်းဖြစ်သလို လက်ဖက်ထွက် ထုတ်ကုန်ပစ္စည်းပေါင်းများစွာဟာလည်း ယနေ့အချိန်ထိ လူတွေအတွက် အထောက်အကူပြုနေဆဲပါပဲ။

လက်ဖက်ရွက်ကို အချဉ်ဖောက်ပြီးနောက် ထွက်လာတဲ့ ပိုလီဖီနိုလစ်ဒြပ်ပေါင်းများသည် လူသားတို့၏ ကျန်းမာရေးအတွက် အစွမ်းထက်သော သဘာဝ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ဒါ့ကြောင့် လက်ဖက်ကို အချဉ်ဖောက်ခြင်းဟာ ရှေးတည်းက ကျင့်သုံးခဲ့တဲ့ မြန်မာ့ ရိုးရာနည်းလမ်းဖြစ်ပြီး လက်ဖက်ဟာ မြန်မာ့သမိုင်းကြောင်းမှ စတင်ခဲ့သည်မှာ အမှန်ပင်ဖြစ်ပါတယ်။

ဒီလို အရသာကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာ မြန်မာ့လက်ဖက်သုပ်ကောင်းကောင်းလေးကို စားချင်တယ်ဆိုရင်တော့ ဒေါ်ရိတ်ကြီးကိုသတိရလိုက်ပါရှင်။


# ဒေါ်ရိတ်ကြီး_မြန်မာ့စားသောက်ကုန်
# ProductofMyanmar