🌱လက်ဖက်ဆိုတာ မြန်မာလူမျိုးတို့အကြိုက်
ဘယ်အချိန်စားစား ရိုးမသွားတဲ့စားစရာတစ်ခုပါ။
📍မိုးကုတ်ပဒေသာရဲ့ရရှိနိုင်တဲ့ လက်ဖက်အမျိုးအစား (၅) မျိုးရှိပါတယ်
🌱 အညွန့်နှပ်
- အဆိမ့်လေးပါ
🍋 အညွန့်သံပုရာ
- သံပုရာအရသာအချဉ်လေးပိုထားလို့ အရမ်းမစပ်ပါဘူးရှင့်
🌶 အထောင်းချဉ်စပ်
- ⭐️Best seller လေးပါ
🦐 ပုစွန်အထောင်းချဉ်စပ်
- ပုစွန်ခြောက်လေးပါလို့ အရသာလေးလေးပင်ပင်ကြိုက်သူများရွေးနိုင်ပါတယ်
👵🏽 အမယ်ကြီးနှပ်
- အညွန့်အဆိမ့်
- ဆားနဲ့မြေပဲဆီရယ်နှပ်ထားလို့ လက်ဖက်အရသာ ကို ထိထိမိမိနဲ့ရိုးရိုးရှင်းရှင်းစားချင်တဲ့လူကြီးတွေ အတွက်အသင့်တော်ဆုံးပါပဲရှင်
- ဆီးချိုသမားများအတွက်လဲသင့်တော်ပါတယ်
💯 မိုးကုတ်ပဒေသာရဲ့ စားသောက်ကုန်တွေဟာဆိုရင် Quality ကိုအသားပေးတာကြောင့် ဓာတုအရောအနှောနဲ့ တာရှည်ခံဆေးဝါးတွေ လုံးဝမသုံးစွဲဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ရှင့်။ ဒါကြောင့် လက်ဖက် Expired Date ကိုလည်း
( ၁ ) လခွဲအထိသာ သတ်မှတ်ပြီး စားသုံးသူတွေဆီ စနစ်တကျဖြန့်ဖြူးပေးတာပဲဖြစ်ပါတယ်နော် 🥰
✅ FDA ထောက်ခံချက်လည်း ရရှိထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒေသထွက်ရိုးရာအစားအစာတွေကို ကြိုက်နှစ်သက်ကြတဲ့ ကျန်းမာရေးလိုက်စားသူ မိသားစုဝင်တိုင်း ယုံကြည်စိတ်ချစွာ စားသုံးနိုင်မှာလည်း ဖြစ်ပါတယ်ရှင့် 😍
😋 အရသာပိုင်းနဲ့ အရည်အသွေးပိုင်းတင်မကဘဲ ထုပ်ပိုးမှုကလည်း လုံခြုံသေသပ်တဲ့အပြင် ပြည်ပကနေအမြဲမှာယူကြတဲ့ Loyal Customers တွေအတွက်လည်း ပိုမိုလုံခြုံပြီး အပူဒဏ်၊ လေဒဏ်ကို ကာကွယ်ပေးတဲ့ ခဲအိတ်တွေကို အသုံးပြုထုပ်ပိုးပြီး ပို့ဆောင်ပေးနေလို့ မိုးကုတ်ပဒေသာဆိုတာနဲ့ Customer တိုင်းတမ်းတမ်းစွဲနေတာလည်း မဆန်းတော့ဘူးလေ 😘
-------------------------------------------------------------------
🛫 နိုင်ငံခြားအဝေးသယ်ချင်သူတွေအတွက်
ဆီလုံလေစုပ်ခဲအိတ်ရပါပြီရှင့် 🙏🏻
✅ ခဲအိတ်ရဲ့အားသာချက်က ပြင်ပလေဒဏ် အပူဒဏ်ကို ပုံမှန်ရိုးရိုးအိတ်ထက်ခံနိုင်တာဖြစ်လို့ လက်ဖက်သားကို တာရှည်ပိုပြီးအထားခံပါတယ်။
✅ နိုင်ငံခြားသယ်ယူသူများ/ပြန်လည်ရောင်းချလိုသူများအတွက် ပိုမိုကောင်းမွန်တဲ့ Packaging ဒီဇိုင်းဖြစ်လို့ Expiry Date ၃လပေးပါတယ်ရှင့်
💁🏻♀️ လျှာလည်စေမယ့် ရိုးရာလက်ဖက်နဲ့ နှစ်ပြန်ကြော်အရသာမျိုးစုံအပြင် ဒေသထွက်စားသောက်ကုန်တွေကို သန့်ရှင်းလတ်ဆတ်စွာ
စားသုံးနိုင်ဖို့ မိုးကုတ်ပဒေသာက အသင့်ရှိနေတဲ့အတွက် အိမ်မှာဆောင်ထားဖို့ အခုပဲမှာယူလိုက်တော့နော် 📱
# မိုးကုတ်ပဒေသာ လက်ဖက်နှင့်အကြော်စုံ
# ProductofMyanmar