စည်တော်ကြီးလက်ဖက်ထုတ်လေးနဲ့အတူ
“ချဥ်ချဥ်စပ်စပ်အရသာနဲ့ပြည့်စုံတဲ့လက်ဖက်သုပ်လေးတစ်ပွဲ” ပြင်ဆင်ကြည့်ကြရအောင် 😋😋😋
ပါဝင်ပစ္စည်းတွေအနေနဲ့
စည်တော်ကြီးလက်ဖက်ထုတ် ၊
နှစ်ပြန်ကြော်၊
နှမ်း၊
ဂေါ်ဖီ၊
ခရမ်းချဥ်သီး၊
သံပုရာသီး၊
ငရုတ်သီး၊
ကြက်သွန်ဖြူ
✅ ပထမဦးစွာ နှစ်ပြန်ကြော်၊ နှမ်းစေ့အနည်းငယ်၊ ဂေါ်ဖီအနည်းငယ်တို့ကို ပန်းကန်ထဲတွင်ရောထည့်လိုက်ပါ
✅ ခရမ်းချဥ်သီးတစ်လုံး (သို့)လိုအပ်သလောက်ကို ပါးပါးလေးလှီးပြီး ပန်းကန်ထဲထည့်လိုက်ပါ
✅ စည်တော်ကြီးချဥ်စပ်လက်ဖက်ထုပ်(လိုအပ်သလောက်)တို့ကို နှစ်ပြန်ကြော်၊ နှမ်းစေ့၊ ဂေါ်ဖီ၊ ခရမ်းချဥ်သီးတို့ထည့်ထားသော ပန်းကန်ထဲတွင် ရောပြီးထည့်နယ်လိုက်ပါ
✅ ပြီးရင်တော့ သံပုရာသီး အနည်းငယ်ညှစ်ပြီး ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူတို့နဲ့အတူ ချဥ်ချဥ်စပ်စပ်အရသာနဲ့ပြည့်စုံတဲ့ လက်ဖက်သုပ်လေးကို သုံးဆောင်နိုင်ပါပြီ
“စည်တော်ကြီးလက်ဖက်နဲ့အကြော်စုံ”
ဟာဆိုရင် FDA လက်မှတ်ရရှိထားပြီး ဘေးထွက်ဆိုးကျိုးမဖြစ်စေတာကြောင့် မိဘပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါတယ်နော် ❤️❤️
# စည်တော်ကြီးလက်ဖက်နှင့်အကြော်စုံ
# ProductofMyanmar