လူသိနည်းသေးတဲ့ အာလူးကော်မှုန့်လေးရဲ့ လျှို့ဝှက်ချက်..🥔🥔
🔹အာလူးကော်မှုန့်ကို ဘယ်လိုနေရာတွေမှာသုံးကြလဲ ?
🔹အာလူးကော်မှုန့်က အရသာအတွက် ဘယ်လိုအထောက်အပံ့ဖြစ်စေမလဲ?
🔸အာလူးကော်မှုန့် (Potato Starch) ကို အဓိကအားဖြင့် အခြားကော်မှုန့်တွေလိုပဲ ဟင်းပွဲတွေကို ပိုပြီး လေးလေးပင်ပင်ဖြစ်စေဖို့
🔸အကြော်အလှော်တွေအတွက် အသုံးပြုတဲ့အခါလဲကြွပ်ကြွပ်ဆတ်ဆတ်နဲ့ အရသာရှိစေဖို့
🔸မွှေးရဲ့ Potato Starch ( အာလူးကော်မှုန့် ) လေးကို အသုံးပြုလို့ရပါတယ်နော်။💞
🔸မတူတာက အာလူးကော်မှုန့်က ပုံမှန်ပြောင်းဖူးကော်မှုန့်တွေထက် ရေနှင့်ပေါင်းစပ်မှုပိုမိုမြင့်မားတာကြောင့် ဟင်းလျာတွေရဲ့ အရသာကို Natural ဆန်စေပြီး ပိုမိုကောင်းမွန်စေပါတယ်။
🔸အများအားဖြင့်တော့ Dim sum (ဒင်ဆမ်း) လုပ်တဲ့နေရာမှာ သုံးလေ့ရှိပြီးတော့ တို့ဖူးနွေး၊ ချိုချဉ်ကြော်၊ ထမင်းပေါင်း နဲ့ အခြားဟင်းလျာအချို့မှာ အသုံးပြုလေ့ရှိပါတယ်..
🔸Heat Stability အတွက် အာလူးကော်မှုန့်က ပြောင်းကော်မှုန့်တွေထက် အပူကို ပိုမို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်း အကြော်အလှော်တွေအတွက် အသုံးပြုမယ်ဆိုရင် အသားတွေကို မတူးစေဘဲ ပိုမိုနူးနပ်စေပါတယ်။
🔸Cookies နဲ့ Crackers တွေ ဖုတ်တဲ့အခါမှာလည်း ပုံမှန်ထက်အရသာပိုကောင်းပြီး ကြွပ်ဆတ်နေဖို့ အသုံးပြုလို့ရပါတယ်ရှင်။🥰
🔎 ဒီလောက်ဆိုရင် မွှေး ရဲ့ အာလူးကော်မှုန့် (Potato Starch) ဘယ်နေရာမှာ ဘယ်လို ဘယ်လောက်အသုံးဝင်လဲဆိုတာ သိလောက်ပြီထင်ပါတယ်။
------------------------------------------------------------
မွှေးရဲ့ အာလူးကော်မှုန့်လေးကို သုံးပြီး ကော်ရည်ခေါက်ဆွဲလေး လုပ်စားကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။😉
ပါဝင်ပစ္စည်းတွေကတော့ မွှေးအာလူးကော်မှုန့်၊ ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သား၊ ပြောင်းဖူးမှုန့်၊ ကြက်ဥ၊ မှိုခြောက်၊ ကြွက်နားရွက်မှို၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငါးပိစိမ်းစား၊ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီးတို့ လိုပါမယ်။
ကော်ရည်ခေါက်ဆွဲပြုလုပ်ဖို့အတွက်မချက်ခင်တွင် မှိုခြောက်များကို ရေစိမ်ထားပါ။ပြီးရင် ကြက်သားကို ရေဆေးသန့်စင်ကာ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆားအနည်းငယ်ထည့်ပြုတ်ထားပါ။ကြက်သားကို ရေကျန်အောင် ပြုတ်ပေးပါ။ ပြီးရင် ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥများ ခလာက်ထားပါ။ ပြောင်းဖူးမှုန့်ကို ရေဖျော်ထားပါ။ နူးနေတဲ့ ကြက်သားများကို အအေးခံပြီး အမျှင်လေးတွေဖြစ်အောင် ထွင်ထားပါ။
ပြီးရင် ကြက်ပြုတ်ရေ ခပ်နွေးနွေးသာရှိနေချိန်မှာ မွှေးအာလူးကော်မှုန့်ကို ဖျော်ပါ။ အဲဒါမှ ကော်ရည်ဟာ ပြုတ်ရည်နဲ့ တသားတည်းဖြစ်သွားပါမယ်။ ကော်ရည် အခဲလုံးဝမဖြစ်တော့ပါ။အပူပေးကာဖြေးဖြေးချင်း မွှေနေပါ။ ကြက်သားဖတ်များ၊ မှိုများထည့်လိုက်ပါ။ ကြက်ပြုတ်ရည် ပွက်ပွက်ဆူလာရင် ခလောက်ထားသော ကြက်ဥကို ဖြေးဖြေးချင်းလောင်းထည့်လိုက်ပြီး မွှေထားပေးပါ။
ခဏကြာရင် ကြက်ဥတွေက အမျှင်လေးများဖြစ်လာပါမယ်။ ပြီးမှ ပဲငံပြာရည်များနဲ့ ခရုဆီဆီထည့်လိုက်ပါ။ ပြီးနောက် ဟင်းရည်ပျစ်လာရင် ငရုတ်ကောင်းဖြူးလိုက်ပါ။
ကော်ရည်နှင့်တွဲစားတဲ့ အရွက်တွေဖြစ်တဲ့ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ကို ရေဆူဆူတွင် ခဏစိမ်ပြီး ရေအေးအေးမှာ ပြန်စိမ်လိုက်ပါ။ အရွက်မညှိုးအောင် မမဲစေရန်အတွက်ဖြစ်ပါတယ်။ အရွက်ပြုတ်တဲ့အခါ ဆားထည့်ပြုတ်ရင်လည်း ရပါတယ်။
ငါးပိထောင်းထောင်းဖို့အတွက် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကို မီးကင်ပါ။ ပြီးလျှင် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကိုလည်း မီးကင်ပြီး ထောင်းပေးပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပေးပါ။
ပန်းကန်လုံးထဲမှာ ခေါက်ဆွဲထည့်ကာ အရွက်တွေနဲ့ ဟင်းရည်ပူပူပျစ်ပျစ်ကိုလောင်းထည့်ပြီး ငါးပိထောင်း စပ်စပ်ဖြင့် အရသာရှိတဲ့ ကော်ရည်ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီနော်။
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar