မွှေး_ကုလားပဲခြမ်း
မွှေး_ကုလားပဲခြမ်း
မွှေး_ကုလားပဲခြမ်း
မွှေး_ကုလားပဲခြမ်း
မွှေး_ကုလားပဲခြမ်း
မွှေး_ကုလားပဲခြမ်း

မွှေး_ကုလားပဲခြမ်း

✨ ခမ်းခမ်းနားနား ထမင်းဝိုင်းကြီးဖြစ်ဖို့မလိုပါဘူး။ သူတို့ရှိရင်အဆင်ပြေပါပြီဆိုတဲ့ ထမင်းဝိုင်းလေးအတွက် လူတိုင်းကြိုက်တဲ့ ဟင်းပွဲအတွဲအစပ်လေးတစ်မျိုး မွှေးပြောပြမယ်နော်.. 🤍
ဟင်းပွဲလေးကတော့ အရသာကောင်းရုံတင်မက အာဟာရလည်း ပြည့်ဝတဲ့ သီးစုံပဲဟင်းနဲ့ ငါးခြောက်ကြော်မွမွလေးပါပဲ။ 🍛

ပါဝင်ပစ္စည်းလေးတွေကတော့

မွှေးတံဆိပ်ကုလားပဲတစ်ထုပ်
ငါးနီတူခြောက်
ငရုတ်သီးခွဲကြမ်း
ကြက်သွန်နီ
အာလူး
ဘူးသီး
ခရမ်းသီး
ရုံးပတီသီး
မဆလာ
ငရုတ်သီး အရောင်တင်မှုန့်

💢 စချက်ပါမယ်။ ဘာမှမလုပ်ခင် မွှေးတံဆိပ်ကုလားပဲကို ဇလုံတစ်လုံးထဲဖောက်ထည့်ပြီး ရေစိမ်ထားပေးပါ။ ပဲဟင်းထဲထည့်မဲ့ အသီးအရွက်တွေကို လှီးဖြတ်ဆေးကြောထားပါမယ်။
ကြက်သွန်ကြော်ပြီးဖယ်ထားပါမယ်။ ငါးခြောက်ကြော်ပါမယ်။ ငါးခြောက်ကြော်ကြွပ်ခါနီးမှာ ကြက်သွန်ကြော်နဲ့ ငရုတ်သီးခွဲကြမ်းဖက်ထည့်လှိမ့်ပြီး သမအောင်မွှေပေးပါ။

✨ သုံးနာရီလောက်ရေစိမ်ထားတဲ့ ကုလားပဲတွေကို အိနေအောင်ပြုတ်ပါမယ်။ အိလာရင် ပဲအိုးချပြီး အသီးတွေဆီသတ်ပါမယ်။ အသီးတွေဆီသတ်ထားတုန်းမှာ ရေစစ်ပြီး ပဲထောင်းပါမယ်။ ပဲနှစ်တွေကို အသီးတွေနဲ့အတူတူဆီသတ်ပြီး အသီးအိုးထဲ ပဲပြုတ်ရည်တွေပါ လောင်းထည့်ပေးလိုက်ပါ။
အသီးတွေအိပြီး ပွက်ပွက်ဆူလာပြီဆိုရင်တော့ စားချင်စဖွယ် သီးစုံပဲဟင်းတစ်အိုး ကျက်ပါပြီ။

👨‍🍳 မွှေးရဲ့ကုလားပဲစစ်စစ်နဲ့ ချက်ထားလို့ မွှေးကြိုင်ပြီး အာဟာရပြည့်ဝ အရသာရှိတဲ့ ပဲဟင်းအိုးလေးနဲ့ ငါးခြောက်ကြော်လေးနဲ့ မိသားစုထမင်းဝိုင်းလေးဟာ စားချင်စဖွယ် မြိန်ရည်ယှက်ရည်ဖြစ်နေမှာပါနော် အိမ်ရှင်မတို့ရေ.. 💛

ဒီလိုလိုက်ဖက်တဲ့ အတွဲအစပ်လေးကို ကိုယ်တိုင်ချက်စားချင်တယ်ဆိုရင်တော့ အခုပဲ နီးစပ်ရာဆိုင်လေးပြေးပြီး မွှေးကထုတ်တဲ့ ကုလားပဲစေ့လေး‌တွေကို မေးဝယ်လိုက်တော့နော်

✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေး‌စား‌သောက်ကုန်များ..


# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar
$5.55