"မွှေး နဲ့အတူ ဖန်တီးနိုင်တဲ့ ထိုင်းပဲကြာဆံသုပ်" 😋
ထမင်းနဲ့စားမလား❓ ဒီတိုင်းစားမလား❓
အရသာရှိပြီး ချဉ်ချဉ်စပ်စပ်နဲ့ အလွယ်တကူလုပ်စားလို့ရမယ့် ထိုင်းပဲကြာဆံသုပ်လေးကို မွှေးနဲ့အတူ ဖန်တီးလိုက်ကြရအောင်နော်။💕
📌လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေကတော့~
မွှေးပဲကြာဆံ ၊ ပင်လယ်စာအနေနဲ့ ပုစွန်၊ ပြည်ကြီးငါး၊ ငါးဖယ်၊ Soy sauce၊ ငရုတ်သီးအစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ၊ မုန်လာဥအနီ၊ ကြက်သွန်မြိတ်၊ပဲငံပြာရည်အကြည်၊ကြက်သားမှုန့်၊ နှမ်းဆီ အနည်းငယ်၊ သံပုရာသီးတို့ပဲဖြစ်ပါတယ်။🌶️🍅🥕
➪ ပထမဦးစွာ မွှေး ပဲကြာဆံလေးကို မိနစ် (၂၀) ခန့် ရေအေးအေးထဲမှာစိမ်ထားပေးပါ။
➪ပြီးရင်တော့ ရေစိမ်ထားတဲ့ ကြာဇံတွေကို ကိုယ့်စိတ်ကြိုက်အပျော့အမာရတဲ့အထိ (၁၀) မိနစ်ခန့် ရေဆူဆူထဲမှာထည့်ပြုတ်ပေးပါ။
➪ပင်လယ်စာတွေကိုလည်း ရေဆူအိုးထဲထည့်ပြုတ်ပြီး ပြန်ဆယ်ထားပေးပါ။
➪ကြက်သွန်နီ၊မုန်လာဥအနီ၊ ငရုတ်သီးအစိမ်း၊ ခရမ်းချဉ်သီး ၊ ကြက်သွန်မြိတ်နဲ့ ပင်လယ်စာတို့ကိုလဲ အရွယ်တူ ပါးပါးလှီးထားပါမယ်။
➪အရသာရှိတဲ့ ဆော့စ်ဖြစ်ဖို့ Soy sauce၊ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်၊သံပရာရည်တို့ကို ရောမွှေပြီး အဆင်သင့်စပ်ထားပါမယ် ။
➪နောက်ဆုံးအနေနဲ့ ပဲကြာဇံ၊အသီးအနှံ၊အသားတို့ကိုဆော့စ်နဲ့ အကုန်ရောနယ်ပေးပြီး နှမ်းဆီလေးထည့်ပေးရပါမယ်။
ကဲ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိပြီး ပြင်ဆင်ရလွယ်ကူတဲ့ ထိုင်းပဲကြာဇံသုပ်လေးကို မွှေးနဲ့အတူ ဖန်တီးလို့ရသွားပါပြီရှင်။🤩
---------------------------------------------------
🍜"အာဟာရပြည့်ပြီး ဗိုက်ဝစေမယ့် ကြာဆံချက်"
ရာသီဥတုလေးကနဲနဲလေးအေးလာပြီဆိုတော့ ပူပူနွေးနွေး ကြာဆံချက်လေးကို မွှေးနဲ့အတူ ဖန်တီးကြရအောင်နော်။🍲
📌ပါဝင်ပစ္စည်းများ
မွှေး ပဲကြာဆံ ၁၀ကျပ်သား ( ၁ ထုပ် )၊ မွှေးငြုပ်ကောင်းမှုန့်၊ ကြက်သား၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ငါးငံပြာရည် ၊ သကြား၊ ဆား ၊ ကြွက်နားရွက်မှို ၊ ပန်းခြောက်၊ ကျောက်ပွင့်၊ ပဲလိပ်၊ အသားတု၊ ကြက်သွန်ဖြူ၊ ကြက်သွန်အနီ၊ ငုံးဥ၊ နံနံပင်၊ သံပုရာသီး တို့ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ကြာဆံချက်လေးစချက်လို့ရပါပြီရှင်။💁🏻♀️
📌ချက်ပြုတ်နည်း
✨အရင်ဆုံး ကြာဆံချက်ရဲ့အသက်ဖြစ်တဲ့ ကြက်ပြုတ်ရည်လေးကိုအရင်ဆုံးပြင်ဆင်ပေးဖို့လိုပါတယ်။
✨ကြက်သားကိုရေဆေး၊ ဆား၊ ကြက်သားမှုန့်နယ်ပြီး ရေလုံးဝမထည့်ဘဲ သူ့ရေနဲ့သူခမ်းအောင် ညှီနံ့ပြောက်တဲ့အထိ အိုးနဲ့အရင်ပြုတ်ပေးရပါမယ်။
✨ကြက်သားတွေတင်းပြီး ရေခမ်းလို့မွှေးနံ့ထွက်လာရင်တော့ ရေထည့်ပြီးပွက်ပွက်ဆူအောင် စောင့်ပေးပါ။ ပွက်ပွက်ဆူတဲ့အချိန်မှာတော့ ချင်း၊ ငံပြာရည် ထည့်ပြီး အချိုရည်ထွက်တဲ့အထိ ပြုတ်ထားပေးပါ။
✨ပြီးရင်တော့ ပြုတ်ထားတဲ့ အသားတွေကိုဆယ်ပြီး အအေးခံကာ ကြက်သားမျှင်တွေကို နွှင်ထားပေးရပါမယ်။
✨အသားတု၊ ပဲလိပ် ၊ ကြွက်နားရွက်မှို၊ ပန်းခြောက်၊ ကျောက်ပွင့်တွေကို ရေစိမ်ပြီး သဲပြောင်အောင်ဆေးကာ အရွယ်အနေတော်လေး လှီးထားပေးပါ။
✨ရေစိမ်ထားတဲ့ ပဲလိပ်၊ ပန်းခြောက်တွေကို ဆီနဲ့အရင်ကြော်ထားပြီး ကြွပ်သွားရင်ဆယ်ထားပေးပါ။
✨ မွှေးပဲကြာဆံကို ရေ (၁၀)မိနစ်ခန့်စိမ်ပေးပါ။ ငုံးဥကိုလည်း ပြုတ်ပြီး အခွံနွှာထားပေးပါ။
✨ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပေးပါ။ ပြီးရင်တော့ အိုးပူပူထဲထည့်ပြီး အရောင်တင်မှုန့်ထည့်ကာ ဆီသတ်ပေးပါ။
✨ဆီးသတ်ထားတဲ့ထဲကို ကြက်သားမျှင်၊ ကြော်ထားတဲ့ ပဲလိပ်၊ ပန်းခြောက်၊အသားတု၊ ကြွက်နားရွက်မှို၊ ကျောက်ပွင့်၊ ကြာဆံ၊ ပြုတ်ပြီးသား ငုံးဥထည့်ကာ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး မွှေပြီး ကြော်ပေးပါ။
✨ပြီးရင်တော့ ကြက်ပြုတ်ရည်ထဲကို ဆီသတ်ထားတဲ့ အစာပလာတွေ ထည့်ပြီး မီးအပူရှိန်နဲ့ ခဏတည်ပေးပါ။
✨အားလုံးပြီးသွားရင်တော့ နံနံပင်၊ သံပုရာသီးလေးထည့်ပြီး သုံးဆောင်လို့ရပါပြီ။
အာဟာရလည်းပြည့်ပြီး ဗိုက်ဝစေမယ့် ပူပူနွေးနွေး ကြာဆံချက်လေးကို မွှေးပဲကြာဆံလေးနဲ့အတူ သင်ကိုယ်တိုင် ဖန်တီးလိုက်တော့နော်။😍
---------------------------------------------------
☘ မနက်မနက် စျေးသွားပြီး ဘာတွေဝယ်လို့ ဘာတွေချက်ရမှန်းမသိတော့ဘူးဆိုတဲ့ အိမ်ရှင်မတွေရှိလားဗျို့.. 📢
✨ အိမ်ရှင်မတွေအတွက် မွှေးက ငွေကုန်သက်သာပြီး ထမင်းမြိန်စေမယ့် အတွဲအစပ်လေးတစ်မျိုး ပြောပြမယ်နော် 😋
🍝 မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့မယ့် တို့ဟူးသုပ်နဲ့ ပဲကြာဇံလေးကို ကိုယ်တိုင်တို့ဟူးကျိုပြီး အိမ်မှာလုပ်စားလိုက်ကြရအောင် 😋
💁♀️ မွှေးပဲစိမ်းမှုန့်တစ်ထုပ်ကို ရေ၊ ဆား၊ နနွင်း၊ ဟင်းအချိုမှုန့် အနည်းငယ်စီထည့်ပြီး ကျေအောင်ဖျော်ပါ။ 🥣
တို့ဟူးမကျိုခင် ရေနွေးအိုး အရင်တည်ပါမယ်။
ဆူလာတဲ့ရေနွေးအိုးထဲကို ဆား၊ နနွင်း၊ တို့ဟူးရည်တွေထည့်မွှေပါ။ မွှေရင်းရေတွေခန်းလာပြီဆိုရင် မီးဖိုထဲကချပြီး ဗန်းထဲထည့် အအေးခံထားပါ။ 🍠
✨ အေးလာတဲ့ တို့ဟူးခဲလေးတွေကို ပါးပါးလှီးပြီး ရှောက်ရွက်ပါးပါး၊ ဂေါ်ဖီပါးပါးလေးလှီးပြီး၊ ကြက်သွန်ဆီချက်၊ ငရုတ်သီးအကျက်မှုန့်တို့နဲ့ နယ်ပြီးတာနဲ့ စားချင်စဖွယ် တို့ဟူးသုပ် မွှေးမွှေးဆိမ့်ဆိမ့်လေးလေးရရှိပါပြီ။ 😜
💢 ပြီးတာနဲ့ "ဘူးသီးပဲကြာဇံဟင်းခါး" လေးစချက်ပါမယ်။
◻ ဘူးသီးကို အခွံခွာ ပါးပါးလှီးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး
◻ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ပုစွန်ခြောက်အနည်းငယ်ထောင်းထည့်လိုက်ပါ။
◻ ရေနွေးအိုးထဲ လှီးထားတဲ့ဘူးသီးတွေထည့်ပြီး အပေါ့အငန်လိုသလို ချိန်ထည့်ပါ။ ဘူးသီးနူးခါနီးမှာ ရေစိမ်ထားတဲ့ ပဲကြာဆံထည့်ပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ ငရုတ်ကောင်းအုပ်လိုက်ပါ။
💁♀️ အရသာရှိပြီး ထမင်းမြိန်တဲ့ ဘူးသီးဟင်းခါးပူပူလေးနဲ့ တို့ဟူးသုပ် ချဥ်၊ ငံ၊ စပ် မွှေးမွှေးလေးနဲ့ဆိုတော့ ထမင်းမြိန်ပြီပေါ့။
မွှေးပဲစိမ်းမှုန့်၊ မွှေးပဲကြာဆံတွေနဲ့ဆို စျေးသွားပြီး ခေါင်းစားစရာမလိုတော့ဘူးနော် မေမေတို့ရေ..
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar