မွှေးနဲ့အတူ ထန်းသီးကျောက်ကျောမုန့်လုပ်စားကြရအောင်🤗
မွှေးရဲ့ စားသုံးသူတွေအတွက် မွှေးရဲ့ ထန်းသီးကျောက်ကျောမှုန့်ထုပ်လေးနဲ့အတူ အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့ ထန်းသီးကျောက်ကျောမုန့် ပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။
🟩ထန်းသီးကျောက်ကျောပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
(၁) မွှေး ထန်းသီးကျောက်ကျောမှုန့် (၂)ထုပ်
(၂) သကြား(၃၀)ကျပ်သား
(၃) ရေ + အုန်းနို့ နို့ဆီဘူး (၅)ဘူး
♦️ ပြုလုပ်နည်းလေးကတော့
အရင်ဆုံးအနေနဲ့ မွှေးထန်းသီးကျောက်ကျောမှုန့် (၂) ထုပ်၊ သကြား(၃၀)ကျပ်သားနှင့် ရေ၊ နို့ဆီဘူး(၅)ဘူးကို အိုးထဲတွင် ရောမွှေပြီး ဆူပွက်အောင်ကျိုချက်ပါ။
(၁၅)မိနစ်ခန့်ကြာလျှင် အပျော့အမာအခြေအနေကြည့်ကာ အအေးခံဖို့လိုပါတယ်။
အအေးခံပြီးပါက အရသာရှိတဲ့ ထန်းသီးကျောက်ကျောမုန့်ကို စားသုံးနိုင်ပါပြီ။
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar