အလွယ်တကူလုပ်စားလို့ရတဲ့ ရွှေကြည်မုန့်လေးရဲ့ လျှို့ဝှက်ချက်🍮
ပိတ်ရက်လေးတွေမှာ “မွှေး” နဲ့အတူ ရွှေကြည်မုန့်လေးအတူတူ ဖန်တီးလိုက်ကြရအောင်နော်✨
လိုအပ်သောပစ္စည်းများ
🍮မွှေးဂျုံရွှေကြည်မှုန့်စစ်စစ်၊ ကြက်ဥ ၊ အုန်းနို့ ၊ နို့စိမ်း ၊ ရေ ၊ သကြား ၊ ဆားအနည်းငယ် ၊ ဆီ ၊ ထောပတ် တို့ပဲဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းလေးတွေစုံပြီဆိုရင်တော့ စတင်ပြုလုပ်လို့ရပါပြီရှင့်
✅ မွှေးဂျုံရွှေကြည်မှုန့်ကို မီးအေးအေးဖြင့် ၅ မိနစ်ခန့် လှော်ပေးပါ။
✅ ကြက်ဥများကို အနှစ်နဲ့အကာ သမသွားအောင် ခေါက်ထားပါ။
✅ အုန်းနို့ ၊ နို့စိမ်း ၊ ရေ ၊ သကြား ၊ ဆားအနည်းငယ် ၊ ဆီ ၊ ထောပတ် ကို သမအောင်မွှေပေးပါ။
✅ ပြီးရင်တော့ အိုးထဲကို ခုနလှော်ထားတဲ့ ရွှေကြည်မှုန့်နဲ့အတူ သမအောင်မွှေထားတဲ့ အနှစ်တွေ ထည့်ပြီး မီးအေးအေးဖြင့် အဆက်မပြတ်မွှေပေးပါ။
✅ ညောင်စေးကျလျှင် စတီးဗန်းထဲထည့်၍ မျက်နှာပြင်ညှိပြီး ဘိန်းစေ့ဖြူးပါ။
✅ ထို့နောက် မုန့်ဖုတ်စက်ဖြင့် အပေါ်၊အောက် မီး(၁၆၀ဒီဂရီ) ထားကာ မိနစ် ၄၀ ခန့် ဖုတ်ပေးပြီး အအေးခံကာ သုံးဆောင်လို့ ရပါပြီရှင့်။
အခုလို အလွယ်တကူ ရွှေကြည်မုန့်လေး လုပ်စားလို့ရတဲ့ လျှို့ဝှက်ချက်လေးကတော့ အားလုံးချစ်တဲ့ “မွှေး” လေးကြောင့်ပဲ ဖြစ်ပါတယ်နော်💗
----------------------------------------------------
ကိုယ့်အိမ်သစ်တက်ပွဲ လာရောက်တဲ့ဧည့်သည်တိုင်းကို ကောင်းပေ့ညွန့်ပေ့ဆိုတာတွေနဲ့ပဲ ဧည့်ခံချင်တာ အိမ်ရှင်တိုင်းပါ။ အဲ့လိုဧည့်ခံဖို့အတွက် အိမ်ရှင်တို့ရေ… မွှေးက ဂျုံရွှေကြည်စစ်စစ်နဲ့ လုပ်တဲ့ ရွှေကြည်ဆနွင်းမကင်းလေး လုပ်တတ်ဖို့ပဲ လိုတယ်နော်။
ရွှေကြည်ဆနွင်းမကင်းပြုလုပ်နည်း
အရင်ဆုံး မွှေး ဂျုံရွှေကြည်စစ်စစ် (၁) ခွက်ခွဲ ကို ရွှေဝါရောင်သန်းတဲ့ အထိ လှော်ပေးပါ။
✨✨ထို့နောက် သကြား (၁) ခွက်၊ ကြက်ဥ (၁) လုံး၊ ဆားအနည်းငယ်၊ အုန်းနို့ ခွက်တစ်ဝက်၊ ရေ (၁) ခွက်ကို သမအောင် မွှေပြီးရင် မုန့်နှစ်ရအောင် ရွှေကြည်လှော်ထားတာထည့်ပြီး ထပ်မွှေပေးပါ။
နောက်တစ်ဆင့်အနေနဲ့ မကပ်အိုးထဲကို ဆီ (၃) ဇွန်း၊ ထောပတ် (၃) ဇွန်းထည့်ပြီး ဆီပူလာအောင် ထားလိုက်ပါ။
ဆီပူလာရင်တော့ မုန့်အနှစ်ကိုထည့်လိုက်ပြီး မီးအေးအေးလေးနဲ့ ချက်ပေးပါ။✨✨
ရလာတဲ့ ရွှေကြည်ကို မုန့်ဗန်းလေးထဲ ထည့်ဖိပေးပြီး အပေါ်ကနေ ဘိန်းစေ့အနည်းငယ် ဖြူးကာ ၁၈၀ စင်တီဂရိတ်နဲ့ (၃၀) မိနစ်ကြာ ဖုတ်ပေးလိုက်မယ်ဆိုရင်တော့
နောက်ဆုံးမှာ ဧည့်သည်တိုင်းကို ဧည့်ခံဖို့ အရမ်းကောင်းတဲ့ ရွှေကြည်ဆနွင်းမကင်းလေး ထွက်လာမှာပဲဖြစ်ပါတယ်။
ကဲ ဒီလောက်ဆို အိမ်ရှင်တိုင်း ရွှေကြည်ဆနွင်းမကင်းလေး သိသွားလောက်ပြီထင်ပါတယ်နော်။🔥❤️
--------------------------------------------------
🍈 ဒူးရင်းသီးပေါ်တုန်း ဒူးရင်းရွှေကြည်ဆနွင်းမကင်းလေး မွှေးနဲ့လုပ်စားမယ်။ အိမ်ရှင်မတို့အတွက် မွှေးက အမြဲရှိပေမဲ့ ဒူးရင်းသီးကတော့ ရာသီပေါ်မို့ ခုလိုအချိန်အသီးပေါတုန်းလေး လုပ်စားကြမယ်နော်။ 😋
💢 ပါဝင်ပစ္စည်းတွေကတော့..
မွှေး ရွှေကြည်မှုန့် ၁၅၀ဂရမ် (၂ထုပ်)
ဒူးရင်းသီးတစ်လုံး
သကြား (၁၀သား)
နို့စိမ်း
ထောပတ်ဆီ (၇ ကျပ်သား)
ဆား
အုန်းနို့ (ဘူးသေးတစ်ဘူး)
ရေ
ဆီ (၃ကျပ်သား)
ဘိန်းစေ့
ပြင်ဆင်နည်း..
💥 ရွှေကြည်မှုန့်ကို မီးအေးအေးနဲ့ သုံးမိနစ်လောက်လှော်ပေးပါ။ နို့စိမ်း၊ အုန်းနို့၊ ရေ၊ သကြား၊ ဆား၊ ထောပတ်ဆီ၊ ဆီ အကုန်သမအောင်ထည့်ပြီး မွှေပေးပါ။
သမလာပြီဆို ဒူးရင်းသီးအနှစ်ထည့်ပြီး မွှေပေးပါ။ အနှစ်ကျပြီးတဖြည်းဖြည်းခဲလာပြီဆို စတီးဗန်းထည့်၊ ဘိန်းစေ့လေးတွေဖြူးပြီး အပေါ်မီး အောက်မီးနဲ့ ခနနှပ်ပေးပါ။ 🔥
🧀 ဒါဆိုရင်တော့ မွှေးဆိမ့် အိစက်နေတဲ့ ရာသီစာ ဒူးရင်းရွှေကြည်လေးတစ်ဗန်း ကျက်ပြီနော်..
✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေးစားသောက်ကုန်များ..
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar