"ချက်စားချင်စရာ ကရင်ရိုးရာ တာလပေါဟင်း"🍛
ခုတလော ရာသီဥတုလေးကလည်း အေးလာပြီး ကရင်နှစ်သစ်ကူးလည်း နီးလာပြီဆိုတော့ ပူပူနွေးနွေး ကရင်ရိုးရာ တာလပေါဟင်းတစ်ခွက်ကို မွှေးဆန်အကျက်မှုန့်လေးနဲ့အတူ အိမ်မှာ အလွယ်တကူ အရသာရှိရှိ ဘယ်လိုချက်စားရမလဲဆိုတာလေး ပြောပြပေးပါရစေရှင်။💁🏻♀️
📌ပါဝင်ပစ္စည်းများ
မွှေးဆန်အကျက်မှုန့် (၁) ထုပ်၊ ငါးဖယ် (၁၅) ကျပ်သား၊ မျှစ်နု၊ ကြက်သွန်အဖြူ၊ အနီ၊ ဂျင်း၊ ပင်စိမ်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းအနည်းငယ်၊ မျှင်ငါးပိအနည်းငယ်၊ ငရုတ်သီးစိမ်း၊ ဂေါ်ရခါးညွန့်၊ ခရမ်းသီး၊ ရုံးပတီသီး။ ( ကိုယ်ကြိုက်တဲ့ အသီးအရွက်တွေကို အဆင်သင့်သလို ထည့်ချက်နိုင်ပါတယ်ရှင်။ )
📌တာလပေါချက်နည်း
▪️ပထမဆုံး ကြက်သွန်အဖြူ၊ အနီ၊ ဂျင်းကို ဆီအရင်သတ်ပေးရပါမယ်။
▪️ပြီးရင်တော့ ဆီသတ်ထားတဲ့ တစ်ဝက်ကို ခပ်ထားပြီး ကျန်တစ်ဝက်ကို ငါးဖယ်နဲ့ရောနယ်ကာ ငါးဆုပ်လုံးလေးတွေ လုပ်ထားပေးပါ။
▪️မွှေးဆန်အကျက်မှုန့်ကို ရေနဲ့ဖျော်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ပွက်ပွက်ဆူတဲ့အခါ မျှင်ငါးပိအနည်းငယ်ကိုလည်း ရေဖျော်ထည့်ပေးပါ။
▪️ဆီသတ်ပြီး တစ်ဝက်ခပ်ထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ဂျင်းနဲ့အတူ မျှစ်နုလေးတွေကိုလည်း ပါးပါးလှီးပြီးထည့်ပေးပါ။
▪️ဂေါ်ရခါးညွန့်၊ ခရမ်းသီး၊ ရုံးပတီသီးလေးတွေကို ထည့်ပြီး အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းအနည်းငယ် ထည့်ပေးပါ။
▪️ပြီးရင်တော့ ငါးဆုပ်လုံးလေးတွေကိုပါ ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးရပါမယ်။
▪️နောက်ဆုံးအနေနဲ့ ပင်စိမ်းအရွက်ရယ်၊ ငရုတ်သီးစိမ်းရယ် ထည့်ပြီးရင်တော့ ပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ ကရင်ရိုးရာ တာလပေါဟင်းလေးကို အဆင်သင့် စားလို့ရပါပြီရှင်။🙆🏻♀️
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar