တို့ဟူးကြော် နှင့် တို့ဟူးသုပ် အတွက် အထူးစီမံ ထုတ်လုပ်ထားသော မွှေး ရှယ်တို့ဟူးမှုန့်
အာဟာရလည်းပြည့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး မိသားစုလိုက် အတူတူစားလို့ရမဲ့ နံနက်စာကို ဖန်တီးချင်ပါသလား။🤗
မွှေး နဲ့သာဆိုရင် နံနက်ခင်းလေးမှာ မိသားစုနဲ့ အတူတူ နံနက်စာအဖြစ် တို့ဟူးကြော်လေးကို အရသာရှိရှိ ပူပူနွေးနွေး ဖန်တီးလို့ရနေပါပြီရှင်။
အိမ်ကမေမေကတော့ ထမင်းပူပူလေးနဲ့ တို့ဟူးကြော်လေးဆို သိပ်သိပ်ကြိုက်လို့ အိမ်မှာ အမြဲလုပ်ကျွေးတယ်လေ။😍
တို့ဟူးမှုန့် ကျိုနည်း (၁)
၁။ တို့ဟူးမှုန့် (၁၅၀) ဂရမ် ကိုရေ ( 700ml ) ဖြင့်ရောစပ်ရမည်။(သို့)အမှုန့် ၁ ဆ ရေ ၂ ဆ ဖြင့် ရောစပ် ရမည်။
၂။ အရင်ဆုံးပုဂံ တစ်လုံးထဲ့သို့ တို့ဟူးမှုန့်ကို ချိန်ထားသော ရေတစ်ဝတ်ခန့်ဖြင့်ကျေသည်အထိ ချေပေးပါ။
၃။ တို့ဟူးများ ကျေသွားလျှင် ကျန်နေသောရေ နှင့် အချို၊ အငံ ချိန်ဆ ထည့်၍မွှေပေးပါ။
၄။ ပြီးလျှင်မွှေထားသော တို့ဟူးမှုန့်အရည်များကို ဒယ်အိုးတစ်ခုထဲ့သို့ ထည့်၍ မီးပြင်းပြင်းဖြင့်အဆက်မပြတ်မွှေပေးပါ။
၅။ ပွက်ပွက်ဆူလာလျှင်မီးအနေတော်လျှော့၍မွှေပါ။
မွှေရင်းနဲ့ ၅ မိနစ် ၆ မိနစ်ကြာ ညောင်းစေးလာသည့် အထိကျိုပေးပါ။
၆။ ညောင်းစေးကျလာရင် အသင့်ပြင်ထားသော ပန်ကန်ပြားထဲ့သို့ လောင်းထည့် ပြီး အအေးခံပါ ။
၇။ အအေးခံပြီးလျှင် တို့ဟူးများကိုမိမိကြိုက်နှစ်သက်ရာ ကြော်စား (သို့) သုပ်၍စားနိုင်ပါသည်။
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar