အသုပ်မျိုးစုံအတွက် မပါမဖြစ်လေး
"မွှေး ပဲအကျက်မှုန့်"
အရသာရှိတဲ့ အသုပ်တစ်ခွက်ဖြစ်ဖို့ ပါဝင်ပစ္စည်းတွေစုံစုံလင်လင် ပါဝင်မှဖြစ်မှာပါ။💕
အသုပ်တစ်ပွဲ ကောင်း၊ မကောင်းဆိုတာ ထည့်တဲ့ ပဲမှုန့် ကောင်း၊ မကောင်းပေါ်မှာ မူတည်ပါတယ်။
မှုန့်ညက်နေတဲ့ "မွှေး" ကုလားပဲ အကျက်မှုန့်က မေမေတို့ရဲ့ အသုပ်လေး အရသာ ထိမိစေဖို့ ဖန်တီးပေးနိုင်ပါတယ်။😉👌
အသုပ်မျိုးစုံအတွက် အသက်ဖြစ်လို့ သူမပါရင်မပြီးဘူးနော်။🥰
ပဲမှုန့်အကျက်နဲ့ ဆီချက် အချိုးကျကျ စေးစေးပိုင်ပိုင် အသုပ်လေးက တစ်လုပ်စားတိုင်း တစ်ချက်ပြုံးစေမှာပါ။😍
------------------------------------------------------------
🌼 အာဟာရပြည့်ပြီး အရသာလည်းရှိတဲ့ နန်းကြီးသုပ်တစ်ပွဲနဲ့ မနက်ခင်းကို စတင်ကြမယ်။ 🍜
💁♀️ နန်းကြီးသုပ်ရဲ့ အလိုက်ဖက်ဆုံး အတွဲအစပ်ကတော့ ကြက်သားဆီချက်နဲ့ မွှေးပဲကျက်မှုန့်မွှေးမွှေးလေးပါပဲ။ 🍝
နန်းကြီးသုပ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့..✨
နန်းကြီးဖက်
ကြက်သားဆီချက်
မွှေးပဲကျက်မှုန့်
ငရုတ်သီးအကျက်မှုန့်
ပါးပါးလှီးထားတဲ့ ကြက်သွန်စိမ်း
🍝 နန်းကြီးဖက်ကို ဇလုံတစ်ခုထဲထည့်လိုက်ပါ။ နန်းကြီးဖက်ဇလုံထဲကို ကြက်သားဆီချက်၊ မွှေးပဲကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်စိမ်းတို့ထည့်ပြီး နှံ့အောင်နယ်ပေးပါ။
✨ လွယ်ကူမြန်ဆန်စွာပဲ အဟာရပြည့်ဝ၊ အရသာရှိပြီး အဆင်သင့်စားသုံးနိုင်တဲ့ နန်းကြီးသုပ်တစ်ပွဲ ရရှိပါပြီ။ 😋
😋 အရသာရှိတဲ့ နန်းကြီးသုပ်လေး မြိန်ရည်ယှက်ရည်စားသုံးရင်း မနက်ခင်းတစ်ခုကို မွှေးနဲ့စတင်လိုက်ပါ။ 💐
💁♀️ မွှေးပဲကျက်မှုန့်တစ်ထုပ်နဲ့တင် အသုပ်မှာဘုရင်ဖြစ်တာမို့ သူမပါရင် ပွဲမစည်တဲ့ ဘက်စုံသုံး "မွှေးပဲကျက်မှုန့်" လေးကို အိမ်ရှင်မတိုင်း ဆောင်ထားလိုက်တော့နော် ..✌
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar