ငယ်ငယ်က ကြုံဖူးကြလား။
အမေကဝယ်ခိုင်းလိုက်တာတော့ “မွှေး” ကုလားပဲ အကျက်မှုန့်ပဲ။
သွားဝယ်ရင်း လမ်းမှာ မေ့သွားပြီး “မွှေး” ကုလားပဲ အစိမ်းမှုန့် ဝယ်လာမိတာမျိုး။ 😅
အခုတော့ အဲ့လိုမဖြစ်ရအောင် “မွှေး” ကုလားပဲ အစိမ်းမှုန့်နဲ့ အကျက်မှုန့်ကို ယှဉ်ပြထားတယ်နော်။
----------------------------------------------------
မွှေးရဲ့ ကာကာတွေထဲမှာ တို့ဟူးသုပ်ကြိုက်တဲ့ လူတွေရှိလား?😋
အဲ့ဒါဆိုရင်တော့ မွှေးရဲ့ ပဲအစိမ်းမှုန့်လေးနဲ့ တို့ဟူးလေးကျိုပြီး အရသာရှိရှိ သုပ်စားနိုင်ပါတယ်နော်…
ပထမဆုံး တို့ဟူးကျိုဖို့အတွက် အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ မွှေးပဲအစိမ်းမှုန့်လေး ဝယ်ထားဖို့တော့ လိုပါတယ်။🤩
📌မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် ၁ ထုပ်ကို ရေ ၁၀၀၀ မီလီနဲ့ ဖျော်ပြီး စစ်ပါ။
၅ နာရီ ( သို့ ) ၆ နာရီကြာအောင် စိမ်ထားပါ။
📌စိမ်ထားသော ပဲစိမ်းရည်မှ အပေါ်ပိုင်း အဝါရောင်ရေများကို ဖယ်ထုတ်ပါ။
📌ကျန်နေသော အဖြူရောင်အနှစ်ထဲကို ရေ နို့ဆီဘူး ၁ ဘူး ရောပြီး မွှေပေးပါ။
📌 ဒယ်အိုးထဲသို့ ရေ နို့ဆီဘူး ၁ ဘူး ခွဲ ထည့်ပါ။
📌ရေအနည်းငယ်နွေးလာလျှင် ဆား၊နနွင်း အနည်းငယ်ထည့်ပါ။
📌ပြီးလျှင် ပဲစိမ်းရေကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပေးပါ။
📌ပဲစိမ်းနံ့ ပျောက်ပြီး ပျစ်လာတဲ့အခါ ခွက်ထဲသို့လောင်းထည့်ပြီး အအေးခံထားပါ။
အေးသွားလျှင်တော့ မွှေးပဲမှုန့်နဲ့ကျိုထားတဲ့ တို့ဟူးလေးရပါပြီ။
တို့ဟူးလေးရပြီဆိုတော့ ပါးပါးလှီးပြီး ဆီချက်၊ ထောင်းထားသောမြေပဲ၊ ရှောက်ရွက်၊ ကြက်သွန်နီ၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်၊ နံနံပင် တို့နဲ့ သေချာနှံ့အောင်နယ်ပြီး အရသာရှိတဲ့ တို့ဟူးသုပ်လေး သုံးဆောင်နိုင်မှာပါနော်…🤤
----------------------------------------------------
ဒီနေ့မှာ မွှေးက မွှေးပရိသတ်တွေအတွက် အချည်ရည်လေးတို့ပြီး စားပြီးရင်းစားချင်နေမယ့် အာဟာရပြည့်ဝတဲ့ မွှေးပဲစိမ်းမှုန့်လေးနဲ့ ရှမ်းတို့ဟူးကြော် ကြော်နည်း မျှဝေပေးလိုက်ပါတယ်နော်။🔥🤤
👉🏻 ပါဝင်ပစ္စည်းများ 🔖
မွှေးပဲစိမ်းမှုန့် ၃၀၀ဂရမ်
မွှေးဆန်မှုန့် ၆၀ဂရမ်
ဆား တစ်ဇွန်းခွဲ
ဆနွင်းမှုန့် တစ်ဇွန်း
ရေ ၁၈၇၅ဂရမ်
ဆီ
👉🏻 ပြုလုပ်နည်း 🔖
🍚 မွှေးပဲစိမ်းမှုန့်၊ မွှေးဆန်မှုန့်၊ ဆား၊ ဆနွင်းမှုန့် တို့ကို ရောမွှေပေးပြီး ရေ ၈၇၅ဂရမ်နဲ့ အရည်ဖျော်လိုက်ပါ။
🍚 ထို့နောက် အရည်ဖျော်ထားတာကို ဇကာနဲ့စစ်ပေးပါ။
🍚 ကျန်ရေ ၁၀၀၀ဂရမ်ကို တို့ဟူးကျိုမယ့်အိုးထဲ ထည့်ပြီးဆူအောင်တည်လိုက်ပါ။
🍚 ရေဆူလာပြီဆိုလျှင် ပဲမှုန့်အရည်ဖျော်ကို နည်းနည်းချင်းစီ ထည့်ပြီး အောက်ခြေမကပ်အောင် အဆက်မပြတ်မွှေပေးပါ။
🍚 အတော်အသင့်ပျစ်လာပြီဆိုလျှင် ပဲစိမ်းနံ့ပျောက်အောင် မီးအေးအေးနဲ့ ထပ်ကျိုပေးပါ။
🍚 ပဲစိမ်းနံ့ပျောက်သွားပါက ဗန်းတစ်ခုထဲကိုပြောင်းထည့်ပြီး အအေးခံထားလိုက်ပါ။
🍚 တို့ဟူးအေးသွားပြီဆိုပါက လိုချင်တဲ့ အရွယ်အစားကို ဖြတ်ထုတ်ပြီး ဆီပူပူထဲ ထည့်ကြော်လိုက်ပါ။
ဒီလို ကြော်ပြီးပြီဆိုရင်တော့ ရှမ်းတို့ဟူးကြော် ကြွပ်ကြွပ်မွှေးမွှေးလေး သုံးဆောင်ဖို့ အဆင်သင့်ဖြစ်ပါပြီနော်။😍✨
----------------------------------------------------
ဒီနေ့မှာတော့ မွှေးရဲ့ ပဲအစိမ်းမှုန့်ကို အသုံးပြုပြီး အုန်းနို့ခေါက်ဆွဲချက်နည်းလေးကို မျှဝေသွားမှာပဲဖြစ်ပါတယ်။ မွှေးပဲအစိမ်းမှုန့် ၁ ထုပ်ကိုချက်မယ်ဆိုရင် ၁၀ ပွဲ / ၁၂ ပွဲစာလောက် ရပါတယ်နော်။ 🤩
၁။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေ ၆၀၀ မီလီ (ရေသန့်ဘူးလတ် ၁ဘူး) ထည့်ဖျော်ပါ။ အခဲများမပါစေရန် ဇကာဖြင့်စစ်ပါ။ မိနစ်သုံးဆယ်ခန့်ထားပါ။
၂။ ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီဆူလျှင် ကြိတ်ထားသော ကြက်သွန်နီ ဥကြီး ၂ လုံးဆီသတ်ပါ။ နနွင်းအနည်းငယ်ထည့်ပါ ခဏကြာလျှင် အရောင်တင်မှုန့် ၁ ဇွန်းခွဲ ထည့်ပါ။ ရလျှင် ကြက်သား ၁၅ ကျပ်သား ထည့်၍ ဆီသတ်ပါ။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
၃။ ပါးပါးညှပ်ထားသော ငါးဖယ်ကြော် ထည့်ပါ။ ငံပြာရည် ၆၀မီလီထည့်ပါ။
၄။ ငံပြာရည်နံ့မွှေးလာလျှင် ဆီသတ်တာရပါပြီ။ ပန်းကန်ဖြင့် ဆယ်ထားပါ။
ဟင်းရည်အိုးတည်ရန်အတွက်
၁။ ဒန်အိုးထဲသို့ ရေ ၃ လီတာ ထည့်၍ တည်ပါ။ ရေဆူလျှင် ကြက်သွန်နီ ဥသေးလေးများ ထည့်ပါ။
၂။ ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို ထည့်ပါ။
၃။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ထည့်ပါ။
၄။ ပဲစိမ်းနံ့ ပျောက်အောင်တည်ပါ။ ပဲစိမ်းနံ့ပျောက်လျှင် ဆီသတ်ထားသောကြက်သားအနှစ် ထည့်ပါ။
၅။ ပွက်လာလျှင် အုန်းနို့ ၁၆၀မီလီ ၁ ဘူး ထည့်ပါ။
အုန်းနို့နံ့မွှေး၍ ရေကျလျှင် အရသာရှိသော အုန်းနို့ခေါက်ဆွဲလေးကို စားသုံးနိုင်ပါပြီနော်။😋🤩
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar