ဘယာကြော်ကို သေးသေး ကြွပ်ကြွပ်လေးပဲ ကြော်မလား၊
ကြက်သွန်နီလေးထည့်ပြီး ကြီးကြီး ရွရွလေးပဲ ကြော်မလား၊
“မွှေး” နဲ့ဆို အိမ်မှာ ကိုယ်တိုင် ဆီသန့်သန့်လေးနဲ့ ကြော်စားလို့ရပါတယ်။
------------------------------------------------------
🍚 ထမင်းလေးနဲ့ မနက်စာ အဆာပြေစားမလား။ နေ့ခင်းသွားရည်စာလား။ ညနေစောင့် အပျင်းပြေဝါးမလား။ 😋
မွှေးမွှေးကြူကြူ ဘယာကြော်ပူပူလေးကို ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်မထင်ပါဘူး။ 😍
💁♀️ အာဟာရလည်းဖြစ် အရသာလည်းရှိတဲ့ ဘယာကြော်ပူပူလေးကို မွှေးဘယာကြော်မှုန့်တစ်ထုပ်နဲ့ လွယ်လွယ်ကူကူ ကြော်စားကြမယ်နော်.. 👨🍳
💢 ပါဝင်ပစ္စည်းတွေကတော့..
၁။မွှေးဘယာကြော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်
၂။ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ ရေနွေး ၂၂၅ မီလီ ( သို့ ) ၂၀၀ မီလီ
၅။ ကြက်သွန်နီ ဥကြီး ၁ လုံး
၆။ ပျဉ်းတော်သိမ် အနည်းငယ်
၇။ ငရုပ်သီးစိမ်း အနည်းငယ်
၁။ ရေနွေး ၂၀၀ မီလီထဲကို မွှေးဘယာကြော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လျက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်မွှေပြီး နာရီဝက်ကျော်ခန့် နှပ်ထားပါ။
၂။ ကြက်သွန်နီ တစ်လုံး နုပ်နုပ်စင်းပြီး နှပ်ထားတဲ့ ဘယာကြော်နှစ်ထဲ ထည့်ပါမယ်။
ပျဉ်းတော်သိမ်၊ ငရုပ်သီးစိမ်းလေးနည်းနည်း ထည့်ပါမယ်။
ဂျင်းနည်းနည်း ထောင်းထည့်ပြီး သမအောင် မွှေပါမယ်။
ဒယ်အိုးထဲ ဆီများများထည့်တည်ပါမယ်။
၄။ ဆီဆူလာလျှင် စကြော်လို့ရပါပြီ။
၅။ နီညိုရောင်သန်းလာရင်တော့ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိတဲ့ ဘယာကြော် ပူပူမွှေးမွှေးလေး ရပါပြီ။
💁♀️ မွှေးထုပ်လေးတွေနဲ့ ဘယာကြော်မွမွလေး အိမ်မှာ အတူတူလိုက်ကြော်စားကြည့်လိုက်ကြရအောင်နော်.. 🍪
✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေးစားသောက်ကုန်များ ..