မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်
မွှေး_မန္တလေးပဲကြော်မှုန့်

မွှေး_မန္တလေးပဲကြော်မှုန့်

မွှေး နဲ့ကြော်မဲ့ မန္တလေးအငွေ့အသက် အပြည့်အဝခံစားရစေမယ့် မန္တလေးပဲကြော် 🏔️✨

ပိတ်ရက်လေးမှာ ကိုယ့်မိသားစုလေးနဲ့ ကိုယ်တိုင်ကိုယ်ကျ မုန့်လုပ်စားချင်တယ်ဆိုရင် “မွှေး” မန္တလေးပဲကြော်မှူန့်လေးကို သတိရလိုက်နော်👩‍👩‍👧‍👦

✔️ မန္တလေးပဲကြော် ရွရွလေးကို
မနက်စာထမင်းကြော် ပူပူလေးနဲ့ပဲစားမလား၊
နေ့လည်ခင်း အဆာပြေလေးပဲ စားမလား အကုန်လုံးအဆင်ပြေစေပါတယ်။


--------------------------------------------------------

👧 မန္တလေးပဲကြော်ပူပူအိအိလေးကို တစ်ဖဲ့ချင်းဖဲ့ပြီး အချဥ်ရည်လေးနဲ့တို့၊ ထမင်းကြမ်းခဲထည့်မြှုပ်ပြီးတစ်လုတ်ပြီးတစ်လုတ် အားရပါးရလွေးပစ်လိုက်ရတာတွေလည်း မမေ့နိုင်စရာငယ်ဘဝ အမှတ်တရတွေပါပဲ။ 🍚🍘

💁‍♀️ ရှေးရှေးတုန်းက အငွေ့အသက်လေးတွေပြန်ခံစားလိုသူတွေအတွက် မွှေးရှိနေပါတယ်။
မွှေးရဲ့ မန္တလေးပဲကြော်မှုန့်လေးသုံးပြီး ‌ဘတ်ဂျက်နည်းနည်းနဲ့ ပြီးပြည့်စုံတဲ့ မနက်စာ အဆာပြေထမင်းဝိုင်းလေး ဖန်တီးလိုက်တော့နော်..

မန္တလေးပဲကြော်ထုပ်ဝယ်တာကတော့ ဟုတ်ပါပြီ။ ကြော်တာကရော ဘယ်လိုကြော်စားရမလဲ မွှေးရေ.. ဆိုတဲ့ အိမ်ရှင်မတွေအတွက် မွှေးက ကြော်နည်းလေးပါ တစ်ခါတည်း ပြောပြပေးမယ်နော်.. 👨‍🍳

🍽 ပါဝင်ပစ္စည်းလေးတွေကတော့..

မွှေးမန္တလေးပဲကပ်ကြော်မှုန့် 150g
ဆား (လက်ဖက်ရည်ဇွန်း) ဇွန်းတစ်ဝက်
အချိုမှုန့် ( လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
ဂျင်း
ရေ

💢 ဒါလေးကတော့ ကြော်နည်းလေးပါ။

၁။ မွှေးမန္တလေးပဲကပ်ကြော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ဆား ဇွန်းတစ်ဝက်၊ ဟင်းခတ်မှုန့် ၁ ဇွန်း ထည့်ပြီး မွှေပါ။ အမှုန့်တွေနှံ့သွားရင် ရေ ၁၅၀ မီလီမီတာလောက်ထည့်ကာ သမအောင် မွှေပြီး ၂ နာရီ နှပ်ထားပါ။
၂။ အချိန်စေ့ရင် ဂျင်းလေးထောင်းပြီး သမအောင်မွှေပေးပါ။
၃။ ဆီဆူပြီဆိုရင်တော့ ထည့်ကြော်လိုက်ရုံပါပဲ။
လက်မကပ်ရလေအောင် လက်ကိုရေစွတ်ပြီးမှ မုန့်နှစ်ယူပေးပါနော်။
ကြော်ရင်း ရွှေညိုရောင်သန်းလာရင်တော့ အချဥ်လေးဖျော်ပြီး ထမင်းကြမ်းခဲလေးနဲ့ စားချင်စရာ မန္တလေးပဲကြော်ပူပူလေး ရပါပြီ။

😋 မွှေးနဲ့တူတူ အိမ်မှာလိုက်ကြော်စားရင်း ဟိုးရှေးရှေးက ထမင်းဝိုင်းမျိုးလေး တစ်ခါပြန်ဖန်တီးလိုက်ဖို့ အဆင်သင့်ပဲလားမေမေတို့ရေ..🍛

✨ အိမ်ရှင်မတိုင်းဆောင်ထား မွှေး‌စား‌သောက်ကုန်များ..

#မွှေးစားသောက်ကုန်လုပ်ငန်း
#hmwe
#မွှေး
$5.55