" ကော်ဖီချစ်သူတွေအတွက်...
ကော်ဖီအရသာပူတင်း" ☕🍮
✅ ကော်ဖီလည်းကြိုက်တယ်
✅ ပူတင်းလည်းစားချင်တယ်
🤔 🤔 🤔 ဘယ်လိုလုပ်ကြမလဲ
အရသာရှိပြီး ကော်ဖီရော၊ ပူတင်းအရသာပါ တစ်ခါတည်းရစေမယ့် ကော်ဖီပူတင်းလေးကို မွှေးနဲ့အတူ ဖန်တီးလို့ရပါတယ်နော်။🙆🏻♀️
••ပါဝင်ပစ္စည်း••
မွှေးပြောင်းဖူးကော်မှုန့် (၁၅၀ ဂရမ်) - ၁ ထုပ်
ကော်ဖီမှုန့် - (၁၀ ဂရမ်)
ဆား - အနည်းငယ်
သကြား - ၇ ကျပ်ခွဲသား
ရေနွေး - ၅၀ မီလီ
နွားနို့ - ၁ ပိဿာ
••ပြုလုပ်နည်း••
🍮ကော်ဖီ (၂) ဇွန်း ကို ရေနွေး ၅၀ မီလီ ထည့်ပြီး အရင်ဆုံး မွှေးပေးရပါမယ်။
🍮ပြီးရင်တော့ အိုးထဲကို နွားနို့ ၁ ပိဿာ ထည့်ပြီး ဖျော်ထားတဲ့ ကော်ဖီရည်တွေထည့်ပေးပါ။
🍮ဆားအနည်းငယ်နဲ့ သကြား ၇ ကျပ်ခွဲသားကိုပါ ထပ်ပြီးထည့်ပေးရပါမယ်။
🍮နောက်တစ်ဆင့် အနေနဲ့ မွှေးပြောင်းကော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ် ကိုလည်းထပ်ထည့်ပေးပါ။
🍮အားလုံး ထည့်ပြီးချိန်မှာတော့ မီးအသင့်အတင့်ဖြင့် အဆက်မပြတ်မွှေပေးရပါမယ်။
🍮မွှေနေရင်းနဲ့ တစ်ဖြည်းဖြည်းပျစ်လာချိန်မှာတော့ ဗန်းတစ်ခုခုထဲထည့်ပြီး အအေးခံပေးပါ။
🍮နောက်ဆုံးအဆင့်အနေနဲ့ အပေါ်က ချောကလက်အမှုန့်လေးတွေတင် အလှဆင်ပေးပါ။
ကိုယ်ကြိုက်နှစ်သက်ရာ အရွယ်အစား ဖြစ်အောင် အတုံးလေးတွေ လှီးပြီးသွားရင်တော့ အရသာရှိတဲ့ ကော်ဖီပူတင်းလေးကိုရရှိပါပြီရှင်။ 💕☕🍮
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar