"မိသားစု နှင့် အတူ
စိတ်ကူးလေးတွေ အမှတ်တရဖြစ်အောင်
မွှေး စားသောက်ကုန်နဲ့ ပုံဖော်ကြည့်ကြမယ်"💁🏻♀️
အလုပ်ကိုယ်စီရှုပ်နေတာနဲ့ မိသားစုအတူရှိချိန်တွေမနည်းရအောင် မွှေးနဲ့အတူ မေ့မရမယ့် ပျော်စရာအမှတ်တရတွေဖန်တီးလို့ရပါတယ်နော်။🥰
ပိတ်ရက်တွေ အလုပ်တွေပြီးတဲ့အချိန်တွေမှာ အရသာရှိတဲ့ စားစရာလေးတွေပြင်ဆင်ဖို့ မွှေးကော်မှုန့်နဲ့ဆို လွယ်ကူသက်သာပြီး အမှတ်တရ အချိန်လေးတွေပိုင်ဆိုင်နိုင်ပါပြီ။✨
မွှေးစားသောက်ကုန်ထုတ် ကော်မှုန့်နဲ့အတူ ကော်ကြော် (ကြက်၊ဘဲ၊ဂဏန်း၊ပုစွန် စတဲ့ အသားများ) ၊ အသားလုံးကြော် (ဂဏန်း၊ကြက်၊ပုစွန်) ကော်ရည်ခေါက်ဆွဲ၊ အသီးအရွက်ကြော် ၊ ထမင်းပေါင်း ၊ ကော်ရည်ဟင်းချို စတာတွေ ပြုလုပ်လို့ရပါတယ်ရှင်။🤩
-----------------------------------------------------------------------
သားသားမီးမီးတို့အကြိုက်တွေ့စေမယ့် မွှေး ရဲ့သဘာဝရေခဲချောင်း🧊🍡
“မွှေး” ကော်မှုန့်လေးနဲ့ ရေခဲချောင်းလုပ်လို့ရတာသိပြီးပြီလားရှင်💁♀️
သဘာဝသစ်သီးတွေနဲ့ သားသားမီးမီးတို့အကြိုက် ရေခဲချောင်းလေးတွေကို အိမ်မှာဘယ်လို လုပ်စားလို့ရလဲဆိုတာ ဒီနေ့မျှဝေပေးသွားပါမယ်။
လိုအပ်သောပစ္စည်းများ
မွှေးကော်မှုန့်(30g) ၊ သရက်သီး (4လုံး) ၊ သကြား (80g) ၊ နို့စိမ်း (1ဗူး) ၊ နို့ဆီ (1ဗူး) ၊ ရေ (1 လီတာ) တို့ပဲဖြစ်ပါတယ်။
🍋 သရက်သီး ၃ လုံးကို အစိတ်လေးတွေလှီးပြီး နို့စိမ်း 385g (၁ဗူး) ထည့်ကာ ဖျော်စက်ထဲထည့်ကြိတ်ပေးပါရှင့်။
🍋 ကြိတ်ပြီးလျှင် အိုးထဲရေ(၁လီတာ) ထည့်ကာ အပူပေးပြီး ရေဆူလာလျှင် သကြား(၅ကျပ်သား)နှင့် နို့ဆီ(၁ဗူး) ထည့်ကာ မွှေပါ။
🍋 ခဏအအေးခံပြီး ခုနကကြိတ်ထားတဲ့ သရက်သီးဖျော်ရည်ကိုထည့်ကာ မီးအပူပေးပြီးမွှေပါ။
🍋 ထို့နောက် ရေနဲ့မွှေးကော်မှုန့်ဖျော်ထားတဲ့ ရေကိုထည့်ကာမွှေပေးပြီး အပူပေးတာရပ်လိုက်ပါ။
🍋 ပြီးလျှင် သရက်သီးတစ်လုံးကို အစိတ်လေးတွေ လှီးပြီးထည့်ကာ မွှေပါ။ ရလာတဲ့သရက်သီးရည်ကို ရေခဲချောင်းလုပ်တဲ့ခွက်လေးတွေထဲထည့်ပြီး အအေးခံကာ ရေခဲချောင်းလေးတွေ စားလို့ရပါပြီရှင့်။
သရက်သီးတင်မဟုတ်ဘဲ တခြားအသီးလေးတွေနဲ့လဲ လုပ်စားလို့ရပါတယ်နော်💗
-----------------------------------------------------------------------
ပုစွန်လုံးကြော်ချိုချို “မွှေး” ကြောင့် အရသာပို
ပုစွန်လုံးကြော် မွှေးမွှေးချိုချိုလေးဆိုရင် မကြိုက်တဲ့သူမရှိသလောက်နည်းပါတယ်။ လူတိုင်းနီးပါးကြိုက်တဲ့ ပုစွန်လုံးကြော်လေးက ဆိုင်တိုင်းမှာ မရတတ်ဘဲ ရရင်လည်း ကိုယ့်စိတ်ကြိုက် အဝစားမယ်ဆို အကုန်အကျများပါလိမ့်မယ်။
ဒါကြောင့် အိမ်မှာပဲ ကိုယ်တိုင်ကြော်ပြီး စိတ်ကြိုက်စားနိုင်ဖို့ လွယ်ကူတဲ့ ပုစွန်လုံးကြော်နည်းလေးကို “မွှေး” မှ မျှဝေပေးလိုက်ပါရစေ။
ပါဝင်ပစ္စည်း
အခွံမပါ ပုစွန် ၅၀ ကျပ်သား (နုတ်နုတ်စင်းထားပါ)
ကြက်ဥ ၁ လုံး
ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
ပါဝင်ပစ္စည်းတွေအားလုံးကို “မွှေး” ကော်မှုန့်နဲ့ အတူ ဇလုံတစ်ခုထဲမှာ အကုန်နှံ့အောင် ရောနယ်ပါ။ တစ်ကိုက်စာ အရွယ် အလုံးလေးတွေလုံးထားပါ။ ဒယ်အိုးထဲမှာ ဆီကို အပူပေးထားပါ။ ဆီပူလာရင် မီးနည်းနည်းလျှော့ပြီး လုံးထားတဲ့ ပုစွန်လုံးလေးတွေကိုထည့်ပါ။ ရွှေဝါရောင် သန်းလာရင် ဆယ်ကာ အအေးခံပြီး စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ။
-----------------------------------------------------------------------
အိမ်မှာ မိသားစုကို အချိန်ပေးဖြစ်တဲ့အခါ မုန့်လုပ်စားချင်တယ်။😋
ဒါပေမဲ့ မလုပ်တတ်ဘူးဖြစ်နေတယ်ဆိုရင်🤔
မွှေးနဲ့ ဖက်ထုပ်ငုံးဥဝက်သားပေါင်းလေးအတူတူလိုက်လုပ်ကြည့်လိုက်ရအောင်…🤗
ပါဝင်ပစ္စည်းလေးတွေအနေနဲ့
👉မွှေးကော်မှုန့် 150 g
👉ဝက်သား ၂၅ ကျပ်သား 400 g
👉ငုံးဥ အနည်းငယ်
👉ဖက်ထုပ်ရွက်
👉မုန်လာဥနီ ၁၂ ကျပ်ခွဲသား
👉ကြက်သွန်မြိတ် အနည်းငယ်
👉ဟင်းခတ်မှုန့် ၂ဇွန်း
👉ပဲငံပြာရည်အကြည် ၁ဇွန်း
👉နှမ်းဆီမွှေး ၂ဇွန်း
👉ခရုဆီ ၁ဇွန်း
👉ဆား ၂ဇွန်း
👉သကြား ၂ဇွန်းခွဲ
ပါဝင်ပစ္စည်းလေးတွေသိရပြီဆိုတော့ မွှေးနဲ့အတူတူစလုပ်ကြည့်လိုက်ရအောင်…
အရင်ဆုံးအနေနဲ့ ဝက်သား ၂၅ ကျပ်သားကို နုပ်နုပ်စဉ်းပါ၊
ဥနီလေးကို ခြစ်ရပါမယ် ကြက်သွန်မြိတ်လေးကို ပါးပါးလှီးရပါမယ်၊
ပြီးလျှင် ပန်းကန်ထဲသို့ ဝက်သား၊ ခြစ်ထားသော မုန်လာဥနီ၊
ကြက်သွန်မြိတ်၊ ခရုဆီ ၁ဇွန်း ၊ ပဲငံပြာရည်အကြည် ၁ဇွန်း ၊ နှမ်းဆီမွှေး ၂ဇွန်း၊
ဟင်းခတ်မှုန့် ၊ ဆား ၊ သကြား၊ မွှေးကော်မှုန့် တို့ ထည့်၍ နှံ့အောင် နယ်ပါ။
အနေတော်လုံးပြီး ဖက်ထုပ်ရွက်ထဲထည့်ပါ၊အလယ်ထဲကို ငုံးဥဖောက်ထည့်ပြီး ၁၅ မိနစ်ခန့် ပေါင်းပါ ၊
ပေါင်းပြီးတဲ့အခါ ကြက်သွန်မြိတ်လေးဖြူးပေးပါ။
အဆင့်တွေအားလုံးပြီးမြောက်သွားတဲ့အခါ စားချင်စဖွယ် ဖက်ထုပ်ငုံးဥဝက်သားပေါင်းလေး
ရပါပြီ ။
ပိုလိုက်ဖက်အောင် ဆော့စ်နှင့်တွဲဖက်စားသုံးနိုင်ပါတယ်။😋
-----------------------------------------------------------------------