ဖွယ်ဖွယ်ရာရာ မိသားစုနံနက်စာ🥟🫘
နံနက်ခင်းရဲ့ အဆာပြေဝိုင်းလေးမှာ “မွှေး” နဲ့ ပါဝင်အားဖြည့်ထားတဲ့ အစားအသောက်လေးတွေကတော့ အီကြာကွေး ၊ မတ်ပဲဘယာကြော် ၊ ကုလားပဲ ဘယာကြော် တို့ပဲဖြစ်ပါတယ်🍚
💁♀️ အပြင်ကဆီကြော်စာတွေလည်း မစားချင်ဘူး ကျန်းမာရေးနဲ့ ညီညွတ်ချင်တယ်ဆိုရင်တော့ “မွှေး” နဲ့ နံနက်ခင်းစာကို ကိုယ်တိုင်ပြုလုပ်လို့ ရပါပြီနော်
------------------------------------------------
မွှေးနဲ့အတူ Homemade မန်ထိုပေါက်စီ ဖန်တီးကြမယ်🥳
သားသားမီးမီးတို့အကြိုက် မန်ထိုပေါက်စီလေးကို မွှေးနဲ့အတူ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး လုပ်စားကြမယ်နော်
လိုအပ်သောပစ္စည်းများ
~မွှေးဂျုံမှုန့်စစ်စစ်(150g) 2ထုပ်
~yeast တစေး (4g)
~သကြား (40g)
~နို့မှုန့်(40g)
~ရေနွေး (130ml)
~ဆီ(ဇွန်းကြီး ၁ ဇွန်း)
🤩လိုအပ်တဲ့ပစ္စည်းလေးတွေစုံပြီဆိုရင်တော့ မန်ထိုပေါက်စီလေးကို စတင်ပြုလုပ်လို့ရပါပြီ
~ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သမအောင် ၁၀ မိနစ် ၁၅ မိနစ်ခန့်နယ်ကာ ဆီထည့်ပြီးထပ်နှယ်ပေးပါ။
~ နယ်ပြီး ၁၀ မိနစ်ခန့်ထားပါ။
~ ပြီးရင်မကပ်အောင် ဂျုံမှုန့်လေးဖြူးပေးပြီး ဂျုံကို ဒလိမ့်တုံးဖြင့်လှိမ့်ကာ ရေနည်းနည်းစွတ်ပြီး ဖြည်းဖြည်းချင်း လိပ်ပါ။
~ ထို့နောက် လက် ၂ ဆစ်ခန့်လှီးပြီး ပေါင်းအိုးထဲထည့်ပါ။
~ ၁ နာရီခွဲခန့်အပွခံကာ အဖုံးပိတ်ထားပါ။ (၂ဆပွတက်လာပါလိမ့်မယ်)
~ ပြီးရင် ၁၀ မိနစ်ခန့်ထပ်ပေါင်းကာ အအေးခံပြီး စားလို့ရပါပြီနော်။
~ ကြော်စားချင်တဲ့သူတွေကလဲ ဆီလေးနဲ့ကြော်စားလို့ရပါတယ်ရှင့်။
💫မန်ထိုပေါက်စီလေးတွေ ရလာပြီဆိုရင်တော့ သားသားမီးမီးတို့အကြိုက် နို့ဆီနဲ့တို့စားလို့ရသလို အသားဟင်းတွေနဲ့လဲ တို့စားလို့ရပါတယ်ရှင့်။
မန်ထိုပေါက်စီလေးကို စားသောက်ဆိုင်ကြီးတွေမှာ စျေးကြီးပေးဝယ်စရာမလိုဘဲ မွှေးရှိရင် လုပ်စားလို့ရပြီနော်♥️
-----------------------------------------------------------------
နံနက်ခင်းပဲဖြစ်ဖြစ် ညနေခင်းပဲဖြစ်ဖြစ် အစာပြေစားဖို့ လုပ်ဖို့လည်း လွယ်တဲ့ Pancake မွှေးမွှေးအိအိလေးကို “မွှေး” နဲ့ တူတူလုပ်ကြည့်လိုက်ရအောင် …
ပါဝင်ပစ္စည်းတွေကတော့
မွှေးဂျုံမှုန့် ၁၅၀ ဂရမ်
Baking Powder လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
နွားနို့ တစ်ခွက်
ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
ကြက်ဥ ၁ လုံး
ဆား အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံးအဆင့်ကတော့ ပါဝင်ပစ္စည်းတွေအားလုံးကို ဇလုံတစ်ခုထဲမှာထည့်ပြီး နှံ့အောင်မွှေပါ။ နှံ့စပ်အောင် ဂျုံကို ဆန်ခါချထည့်ရင်တော့ ပိုကောင်းပါတယ်။
မီးဖိုပေါ်မှာ ဒယ်အိုးအပြားကို တင်ပြီး မီးဖြည်းဖြည်းနဲ့ အပူပေးပါ။ မကပ်အိုးဆိုရင်တော့ပိုကောင်းပါတယ်။ အိုးမျက်နှာပြင်မှာ ဆီအနည်းငယ်သုတ်ပါ။
တစ်ခါထည့်လျှင် စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ပမာဏကို ဒယ်အိုးအပြားထဲ အလယ်တည့်တည့်မှ ထည့်ပါ။
မျက်နှာပြင်မှာ အပေါက်လေးတွေစမြင်ရပြီဆို လှန်လို့ရပါပြီ။ လှန်ပြီး ခဏထားလိုက်ရင် Pancake လေးတစ်ချပ် ရပါပြီ။ လုပ်ထားတဲ့ အနှစ်ကုန်တဲ့ အထိ ထပ်ခါထပ်ခါလုပ်ပြီး အရသာရှိတဲ့ Pancake အိအိမွှေးမွှေးလေးတွေကို ရနိုင်ပါပြီ။
“မွှေး” နဲ့လုပ်ထားတဲ့ Pancake လေးတွေရပြီဆို ပျားရည်၊ သကြားရည်၊ ချောကလက် အနှစ်၊ သီးစုံယိုတွေထဲက ကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားလို့ရပါတယ်။
-----------------------------------------------------------------
ကိုယ်ချစ်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လုပ်စားဖို့ပဲဖြစ်ဖြစ် အရသာရှိတဲ့ ချောကလက်ကိတ်လေး မွှေးနဲ့ တူတူ လုပ်ကြည့်လိုက်ရအောင်
ကိတ်အတွက် ပါဝင်ပစ္စည်း
မွှေး ၁၅၀ ဂရမ်
ဂျုံမှုန့် ၁ ထုပ်ခွဲ
ကိုကိုးမှုန့် ၇၅ ဂရမ်
မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား ၄၀၀ ဂရမ်
ကြက်ဥ ၂ လုံး
နွားနို့ ၁ ခွက်
ဆီ ၁၂၅ မီလီလီတာ
ဗီနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရေနွေး ၁ ခွက်
ခရင် အတွက် ပါဝင်ပစ္စည်း
ထောပတ် ၁၂၀ ဂရမ်
ကိုကိုးမှုန့် ၆၅ ဂရမ်
အမှုန့်ကြိတ်ထားတဲ့ သကြား ၃ ခွက်
နွားနို့ ၇၀ မီလီလီတာ
ဗီနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းလေးတွေသိပြီဆိုတော့ မွှေးနဲ့ တူတူ စလုပ်ကြည့်ရအောင်
အရင်ဆုံးOven ကို ၁၈၀ ° C ကြိုတင် အပူပေးထားပါ။
ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ ကိုကိုးမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆိုဒါ နဲ့ ဆားတို့ကို ထည့်ပြီး သမအောင်မွှေပါ။
ပြီးရင် သကြား၊ ကြက်ဥ၊ နွားနို့၊ ဆီ နဲ့ ဗီနီလာတို့ကို အစဉ်အတိုင်းထည့်ပြီး နှံ့သည်အထိမွှေပါ။
ရေနွေးဆူဆူကို မုန့်နှစ်ထဲသို့ ထည့်ပြီး ညီညာညက်ညောတဲ့ အထိမွှေပါ။
ကိတ်မုန့်ဖုတ်မဲ့ ခွက် (သို့) ဗန်းကို ဆီနှံ့အောင်သုတ်ပါ။ ဆီသုတ်ပြီးတဲ့ အခါ မုန့်နှစ်ကိုထည့်ပြီး Oven ထဲမှာ မိနစ် ၃၀ ခန့်ဖုတ်ပါ။ မခွဲခင် အားလုံးကျက်၊ မကျက်ကို သစ်သားတူ တစ်ချောင်းအလည်တည့်တည့်ကိုထိုးထည့်ပြီး စမ်းကြည့်လို့ရပါတယ်။ သစ်သားတူက မုန့်သားအစိုကပ်မပါလာရင် ကျက်ပါပြီ။ ကျက်ရင် ခရင်မသုတ်ခင် အအေးခံထားလိုက်ပါ။
ခရင်လုပ်ဖို့အတွက်ကတော့ ထောပတ်ကို အရည်ဖျော်ပြီး ကိုကိုးမှုန့်နဲ့ မွှေပါ။ သကြားမှုန့်နဲ့ နွားနို့ကို အနည်းငယ် တစ်လှည့်စီထည့်ပြီး မွှေပါ။ နှံ့သွားချိန်တွင် ဗီနီလာထည့်ပြီး မွှေပါ။
ပြီးရင်တော့ အအေးခံထားတဲ့ ကိတ်မုန့်မှာ ခရင်လေးကိုသုတ်ပြီး လက်ဆောင်ပဲပေးပေး၊ ကိုယ်တိုင်ပဲ စားစား အဆင်ပြေမဲ့ အရသာရှိတဲ့ ချောကလက်ကိတ်လေးကို ရပါပြီ။
-----------------------------------------------------------------
Oven မလိုဘဲ Marble Cake လေးကို အချိန်တိုအတွင်း အလွယ်လေး လုပ်စားနိုင်ဖို့အတွက်ဆိုရင်တော့ မွှေးဂျုံမှုန့်လေးပဲ လိုအပ်ပါတယ်။
အိမ်မှာ မိသားစုတွေ အတူတကွ မုန့်လုပ်စားကြတော့မယ်ဆိုရင် အချိန်ကုန် သက်သာပြီး လုပ်စားရလွယ်ကူတဲ့ မွှေးအထုတ်လေးတွေက အားကိုးရာပဲပေါ့။
မွှေးဂျုံမှုန့်နဲ့သာဆို Marble Cake လေးကို အိမ်မှာ ကိုယ်တိုင်လုပ်စားလည်း သိပ်ကို အဆင်ပြေလို့ အရသာလည်းရှိ အာဟာရလည်းပြည့်တဲ့အပြင် ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်နော်။
-----------------------------------------------------------------
ပိတ်ရက်မှာ ဘာလုပ်စားရင်ကောင်းမလဲ စဉ်းစားနေတဲ့သူတွေအတွက် မွှေးကနေ Sponge Cake လေးလုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေနဲ့ Sponge Cake လုပ်နည်းလေးကတော့
မွှေးဂျုံမှုန့် - ၁ ပေါင်ခွဲ
ထောပတ်အဆီ - လက်ဖက်ရည်ပန်းကန်လုံး ၃ ပုံ ၁ပုံ
ကြက်ဥ - ၂ လုံး
သကြား - လက်ဖက်ရည်ဇွန် ၃ ဇွန်း
ဆော်ဒါမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - လက်ဖက်ရည် ပန်းကန် တဝက်ခန့်
ပထမဆုံးအနေနဲ့ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်နဲ့ ဆော်ဒါမှုန့် တို့ကို ပန်းကန်လုံးကြီး တခုထဲမှာ မွှေရပါမယ်။
အခြားပန်းကန်တစ်ခုထဲမှာ ထောပတ်နဲ့ သကြားမှုန့်ကို သမအောင်နာနာမွှေပေးပါ။ခရင်မ်ပုံစံဖြစ်လာရင် ကြက်ဥ ၂ လုံးကို ဖောက်ထည့်ပြီး ထပ်မွှေပါ။
ထောပတ်၊ သကြားနဲ့ ကြက်ဥ အနှစ်တွေထဲကို မွှေးဂျုံမှုန့်တွေကို နည်းနည်းချင်းစီထည့်ပြီး မွှေပေးပါ။
ဂျုံမှုန့်တွေ အကုန် ထည့်မွှေပြီးသွားပြီဆိုရင်၊ ထောပတ်သုတ်ထားတဲ့ ပုံစံခွက်ထဲကို ထည့်ပြီး Oven ထဲကို ထည့်လို့ရပါပြီ။ အပူချိန် ၁၉၀ ဒီဂရီ စင်တီဂရိတ်မှာ မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ ထည့်ဖုတ်လို့ရပါတယ်။
အရသာရှိတဲ့ကိတ်မုန့်လေးရရှိပါက Topping Cream, အသီးအနှံတွေနဲ့ မိမိစိတ်ကြိုက်အလှဆင်ပြီး စားသုံးလို့ရပါပြီ။
-----------------------------------------------------------------
မွှေးရဲ့ အိမ်ရှင်မ မေမေတို့အတွက် ‘မွှေးဂျုံမှုန့်’လေးနဲ့ သားသား၊ မီးမီးတို့အကြိုက်တွေ့အောင် ဘယ်လိုမုန့်မျိုးလုပ်ကြမလဲ။🤔
😍Baby လေးတွေအတွက် မွှေးရဲ့ ဂျုံမှုန့် လေးရှိရုံနဲ့တင် အရသာရှိတဲ့ Snack လေးတွေဖန်တီးလို့ရပါတယ်။💁♀️
▪မွှေး ဂျုံမှုန့် တစ်ထုပ်၊
▪ကြက်ဥနှစ်လုံး၊
▪ဆား၊
▪အရသာမှုန့်အနည်းငယ် အားလုံးသမအောင်ရောနယ်ပြီး ဆီလေးနဲ့ ကြော်လိုက်မယ်ဆိုရင်တော့ အရသာရှိပြီး Baby လေးတွေသိပ်သိပ်ကြိုက်မှာ သေချာပါတယ်။
ဒါကြောင့် အိမ်မှာ သားသား၊ မီးမီးလေးတွေရှိတဲ့ မွှေးရဲ့ အိမ်ရှင်မ မေမေတို့အတွက် အာဟာရလည်းပြည့်ပြီး အရသာရှိတဲ့ Snack လေးကို ဒီလိုလေး ဖန်တီးနိုင်တာဖြစ်လို့ အိမ်မှာလိုက်လုပ်ကြည့်ကြပါရှင်။🙆♀️
-----------------------------------------------------------------
မွှေးက ချစ်ရတဲ့ မေမေတို့ရေ။ ဒီခေတ်က ကလေးတွေက အနောက်တိုင်းစားစရာတွေပဲ ပိုကြိုက်လာကြတာမလား။ ဒါကြောင့် မွှေးက ဒီနေ့ ကလေးတွေရဲ့ Favourite မီနီ ပီဇာလုပ်နည်းလေးကို မျှဝေပေးသွားမယ်နော်။🤤🍕
📌 ဂျုံသားအတွက် ပါဝင်ပစ္စည်းများ 🌟
မွှေးဂျုံမှုန့် (၂)ခွက်ခွဲ
သစ်ဆေးမှုန့် (၁)ဇွန်း
သကြား (၁)ဇွန်းခွဲ
ဆား (၁)ဇွန်းခွဲ
သံလွင်ဆီ (၁)ဇွန်းခွဲ
ရေနွေး (၁)ခွက်
📌 ပီဇာအတွက် Topping 🌟
ကြိုက်နှစ်သက်ရာ အသား
ကြိုက်နှစ်သက်ရာ အသီးအရွက်
ခရမ်းချဥ်သီး ဆော့စ်
ချိစ်
📌မီနီ ပီဇာပြုလုပ်နည်း 🌟
(၁) ဇလုံကြီးကြီးတစ်ခုထဲမှာ မွှေးဂျုံမှုန့်၊ သကြား၊ ဆား၊ သစ်ဆေးတို့ကိုရောထည့်လိုက်ပါ။
(၂) ပြီးလျှင်သံလွင်ဆီနဲ့ ရေနွေးထည့်ပြီး ဂျုံသားကို အိအိလေးနဲ့ ဆွဲလို့ကောင်းသွားအောင် ငါးမိနစ်ခန့် နယ်ပေးပါ။
(၃) နယ်ပြီးသား ဂျုံသားကို ဆီအနည်းငယ်သုတ်ထားတဲ့ ဇလုံထဲပြောင်းထည့်ပြီး ပလတ်စတစ် Warp လေးအုပ်ထားပေးလိုက်ပါ။ ဂျုံသားပွလာတဲ့အထိစောင့်ပေးရမှာ ဖြစ်ပါတယ်။
(၄) ဂျုံပွလာပြီဆိုရင်တော့ လိုချင်တဲ့ အထူအတိုင်း ဂျုံသားကို ဖိပြီး ပုံဖော်ပေးလိုက်ပါ။ ဂျုံသားကို ကိုင်ရလွယ်အောင် ဂျုံမှုန့် နည်းနည်းထပ်ဖြူးပေးနော်။
(၅) ပီဇာ မဖုတ်ခင်မှာ မီးဖိုကို အရင်ဆုံး ကြိုအပူပေးထားရပါမယ်။
(၆) နောက်ဆုံးအနေနဲ့ ဂျုံသားပေါ်မှာ ဆော့စ်ကိုသုတ်၊ Toppings လေးတွေတင်ပြီး (၁၅) မိနစ်လောက် ဖုတ်ပေးလိုက်ရင် အငယ်လေးတွေ အကြိုက် ပီဇာမွှေးမွှေးလေးရပါပြီ။
အစားအသောက်ပေါလှတဲ့ မြန်မာနိုင်ငံက အစားအသောက်တိုင်းကို လိုက်လုပ်စားတတ်ဖို့က မလွယ်ဘူးဟုတ်။ ဒီနေ့ မွှေးပြောပြပေးသွားမယ့် အသစ်အဆန်းလုပ်နည်းလေးကတော့ လူတိုင်းကြိုက်တဲ့ ကီးမားလုပ်နည်းလေးပဲဖြစ်ပါတယ်။👀❤️
✨ပါဝင်ပစ္စည်းများ✨
မွှေးဂျုံမှုန့်
မွှေးဆန်မှုန့်
ဆီ
ဆား
ဆိုဒါမှုန့်
ပဲပင်ပေါက်
ခရမ်းချဥ်သီး
ဂေါ်ဖီ
ငရုတ်သီးစိမ်း
မဆလာ
✨ပြုလုပ်နည်း✨
(၁) ပန်းကန်တစ်လုံးထဲကို မွှေးဂျုံမှုန့်၊ မွှေးဆန်မှုန့်၊ ဆား၊ ဆိုဒါမှုန့်နဲ့ ရေကို ထည့်ပြီး မုန့်နှစ်ကို မပျစ်မကျဲဖျော်ပေးပါ။
(၂) ဂေါ်ဖီ၊ ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ ပဲပင်ပေါက်နဲ့အတူ ပန်းကန်တစ်လုံးထဲထည့်ကာ ဆားနဲ့ မဆလာထည့်ပြီး သေချာလေးမွှေပေးလိုက်ပါ။
(၃) အိုးအပြန့်ထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် မုန့်နှစ်ကို ဖြန့်ထည့်၊ တန်ဆာပလာတွေကို အပေါ်ကနေ ထည့်ပေးပါ။
(၄) ထို့နောက် အဖုံးခဏအုပ်ထားပေးပြီး မုန့်နှစ်အောက်ဖက်အနီရောင်သန်းပြီး ကြွပ်ရွလာပြီဆိုရင်တော့ လူတိုင်းကြိုက်တဲ့ ကီးမားလေးကို သုံးဆောင်လို့ရပါပြီ။
-----------------------------------------------------------------
မနက်မိုးလင်းပြီဆိုတာနဲ့ လက်ဖက်ရည်ဆိုင်သွားပြီး အီကြာကွေးနဲ့ လက်ဖက်ရည်သွားသောက်လိုက်ရမှ ဆိုတဲ့အဖွဲ့ရှိကြလား။ အီကြာကွေးကို မွှေးဂျုံမှုန့်နဲ့ အိမ်မှာဒီလိုလေးလည်း လုပ်စားလို့ရတာ မမေ့နဲ့ဦးနော်။😋😋
🌾 ပါဝင်ပစ္စည်းများ 🌾
(၁) မွှေးဂျုံမှုန့် တစ်ထုပ်
(၂) သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
(၃) ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
(၄) မုန့်ဖတ်ပေါင်ဒါ လက်ဖက်ရည်တစ်ဇွန်းခွဲ
(၅) မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတစ်ပုံ
(၆) ရေသန့် 130ml
(၇) ဆီ အနည်းငယ်
🌾 ပြုလုပ်နည်းအဆင့်ဆင့် 🌾
(၁) မွှေးဂျုံမှုန့်တစ်ထုပ်ကို ဇကာထဲ စစ်ချလိုက်ပါ။
(၂) ဂျုံမှုန့်နဲ့အတူ သကြား၊ ဆား၊ မုန့်ဖတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါ ထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။
(၃) ရေကို အနည်းနည်းချင်းဆီ ထည့်ပြီး သမသွားအောင်နယ်ပေးပါ။
(၄) ပလတ်စတစ်အိတ်ထဲကို ဆီအနည်းငယ်ထည့်ပြီး နေရာအစုံရောက်အောင် ခြေပေးပါ။
(၅) ဂျုံသားမျက်နှာပြင်ကိုလည်း ဆီသုတ်လိမ်းပေးပြီး အိတ်ထဲပြောင်းထည့်လိုက်ပါ။
(၆) ဂျုံသားပွလာအောင် ရေခဲသေတ္တာထဲမှာ အချိန်အတော်အတန်ကြာအောင်ထားပေးရမှာ ဖြစ်ပါတယ်။
(၇) ဂျုံသားပွလာပြီဆိုရင်တော့ ရေခဲသေတ္တာထဲကထုတ်ထားလိုက်ပြီး ဂျုံဖြန့်မယ့်မျက်နှာပြင်ကို ဂျုံမှုန့်များများ ဖြူးပေးထားလိုက်ပါ။
(၈) နယ်ထားတဲ့ ဂျုံကို အလယ်မှပိုင်းဖြတ်ပြီး အလိုက်သင့်ဆွဲပေးပါ။ ပြီးလျှင် ကန့်လန့်အပိုင်းသေးများ တစ်ချက်ချင်း ပိုင်းဖြတ်ပေးပါ။
(၉) ပိုင်းဖြတ်ပြီးသား ဂျုံပိုင်းလေးတွေကို ဆယ့်ငါးမိနစ် ပလတ်စတစ်စနဲ့ ဖုံးထားပေးပါ။
(၁၀) ဂျုံပိုင်းလေးတွေကို တစ်ပိုင်းခြား အလယ်ကနေ ရေစွတ်ပေးပါ။
(၁၁) ရေမစွတ်ထားတဲ့ အပိုင်းတွေကို ရေစွတ်ထားတဲ့ အပိုင်းတွေအပေါ်မှာ တင်ပေးလိုက်ပါ။
(၁၂) သစ်သားအချောင်းလေးကို ဂျုံများများကပ်ပြီး အလယ်ကနေပုံဖော်ပေးပါ။
(၁၃) နောက်ဆုံးအနေနဲ့ ဂျုံပိုင်းလေးတွေကို အသာအယာလေး ဆွဲဆန့်ပြီး ဆီပူပူထဲ ထည့်ကြော်လို့ရပါပြီ။
-----------------------------------------------------------------
🖐 ငါးမိနစ်အတွင်းမုန့်လုပ်စားကြမယ်။ 🍮
✨ မွှေးတစ်ထုပ်ရှိရုံနဲ့ ငါးမိနစ်အတွင်း ကြက်ဥကိတ်တစ်လုံး လုပ်စားနိုင်ပြီနော် မေမေတို့ရေ.. 🧈
🥣 မွှေးဂျုံမှုန့်တစ်ထုပ်၊ ကြက်ဥ၊ ဆား၊ ပွဆေးအနည်းငယ်တို့ကို ခွက်တစ်ခုထဲ အချိုးကျကျပေါင်းစပ်ပြီး သမအောင်မွှေလိုက်ပါ။
🔸 ပေါင်းခံတဲ့အခါ မုန့်တွေကပ်မကျန်ခဲ့အောင် ပေါင်းမယ့်ခွက် အတွင်းဘက် ပတ်ပတ်လည်ကို ဆီပါးပါးသုတ်ပါ။
🔸 ကြက်ဥဂျုံမှုန့်အရည်တွေ ဖန်ခွက်ထဲလောင်းထည့်လိုက်ပါ။ 🍮
ငါးမိနစ်အတွင်း ပြင်ဆင်လို့ပြီးသွားပါပြီရှင်..🖐
💁♀️ နာရီဝက်လောက် ပေါင်းခံပြီးချိန်မှာ အာဟာရပြည့်ဝတဲ့ ကြက်ဥကိတ် မွှေးမွှေးဆိမ့်ဆိမ့်အိအိလေး ရရှိပါပြီ။
🧏♀️ မွှေးနဲ့အတူတူ အချိန်မကုန်၊ လူမပင်ပန်းဘဲ ငါးမိနစ်အတွင်း ကြက်ဥကိတ်တစ်လုံး လုပ်စားလိုက်ကြပါဦးမေမေတို့ရေ..
🍮 ကိုယ့်လက်ရာကိတ်လေးကို ဒီပို့စ်အောက်မှာ comment မန့်မန့်ပြီး ကြွားသွားကြပါဦး.. 💬
# မွှေးစားသောက်ကုန်လုပ်ငန်း
# ProductofMyanmar
#မွှေး