မီးဖွားပြီးစမေမေတို့အတွက် ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး (တောင်ကြီး) မှ အသစ်ထုတ်လုပ်လိုက်ပြီဖြစ်တဲ့ မေမေဆီ ဆေးမြစ်စုံရေချိုးဆေးထုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်
ဆေးမြစ်စုံရေချိုးဆေးထုပ်ကို မီးဖွားပြီးတဲ့မေမေတို့ အသုံးပြုပေးခြင်းဖြင့် မီးတွင်းဝေဒနာများဖြစ်သော ညောင်းညာကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အမျက် ထုံကျင်ကိုက်ခဲခြင်း၊ အဆစ်ရောင်၊ မီးယပ် ချမ်းခြင်းနှင့် လေးဖက်နာရောဂါတွေ အတွက်သက်သာစေနိုင်မှာဖြစ်ပါတယ်။
မေမေဆီ ဆေးမြစ်စုံရေချိုးဆေးထုပ် ဟာ
✔️သဘာဝဆေးဖက်ဝင်သစ်ဥသစ်ဖုများဖြစ်တဲ့ ကွမ်းစားဂမုန်း၊ ကန့်ချုပ်နီ၊ ကရဝေးရွက်၊ နနွင်း၊ ဆေးပုလဲ၊ ပတဲကော၊ မိဿလင်၊ ဂျင်း၊ လင်းနေ နှင့် အကြောပေါင်းတစ်ထောင် တို့ကို
✔️မှိုနှင့်ဓာတုပိုးမွှားများ ကင်းစင်အောင် Solar Dryer Dome (နေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံနည်းစနစ်) ဖြင့်သေချာသန့်စင်စွာအခြောက်ခံထားကာ
✔️ဆေးအာနိသင်ပိုမိုထိရောက်စေရန် သေချာအမှုန့်ကြိတ်ထုတ်လုပ်ထားပြီး ကျစ်လစ်စွာထုတ်ပိုးထားခြင်းဖြစ်တဲ့အတွက်
🤱 သွေးနုသားနု မေမေတို့အတွက် အထူးသင့်တော်တဲ့အပြင် လွယ်ကူစွာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်
ဒီလိုဆေးမြစ်စုံရေချိုးဆေးထုပ်လေးရှိနေပြီဆိုရင် ဆေးရေချိုးဖို့အတွက် အရင်တုန်းကလိုမျိုး ဆေးကုန်ကြမ်းတွေရှာဝယ်နေစရာမလိုတော့ပဲ အချိန်ကုန်သက်သာပြီး အလွယ်တကူအသုံးပြုလိုက်ရုံပဲနော်
သုံးစွဲနည်းကတော့..
👉🏻 ဆေးမြစ်စုံရေချိုးဆေးထုပ် တစ်ထုပ်ကို အိုးထဲမှာ ရေ (၅) လီတာထည့်၍ အနည်းဆုံး မိနစ်(၃၀) ခန့် ပွက်ပွက်ဆူအောင်ပြုတ်ပြီး ဆေးပြုတ်ရည်နှင့် ရေကို မိမိလိုအပ်တဲ့အပူချိန်ရောက်သည်အထိ ရောစပ်ပြီး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ကဲ.. မီးဖွားတော့မယ့်မေမေ နဲ့ မီးဖွားပြီးတဲ့မေမေ တို့ရေ…
ဝုန်းဝမ်း(တောင်ကြီး) ရဲ့ ဆေးမြစ်စုံရေချိုးဆေးထုပ်လေးကတော့ အဆင်သင့်ပဲနော်😃
# ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
# ProductofMyanmar