သင့်အသားအရေကို ဖြူဝင်းလှပစေမယ့် စိတ်ကြည်နူးစရာရနံ့နဲ့ ပိုးသားပုလဲဖြူသနပ်ခါး 🎉
နေ့စဉ်ပုံမှန်လိမ်းရုံနဲ့ အသားအရေကို အမှန်တကယ်ဖြူဝင်းလာစေမယ့် သနပ်ခါးမျိုးကို ရှာဖွေနေပါသလား ?? 🧐
ဒါဆိုရင် ပိုးသားပုလဲဖြူသနပ်ခါးက သင့်လိုအပ်ချက်နဲ့ကွက်တိပါပဲ။ 😍
တစ်နေကုန်လုံး အလှမပျက်ဘဲ ကြည့်လိုက်တိုင်းလှပနေဖို့ဆိုတာ အမျိုးသမီးတိုင်းတောင့်တရတဲ့အရာပါ။ 😍
အချိန်အကြာကြီးပေး၊ အလှပြင်ပစ္စည်းတွေအများကြီးသုံးပြီး အလှပြင်မှ တစ်နေကုန်လုံးလှပနိုင်တာမဟုတ်ပါဘူး။ 🤔
တောင်ကြီးမောက်မယ်ရဲ့ "ပိုးသားပုလဲဖြူ" သနပ်ခါးနဲ့ဆို အချိန်ခဏလေးပေးရုံနဲ့ တစ်နေကုန်ခံတဲ့အလှတရားကို ပိုင်ဆိုင်နိုင်ပါပြီ။ 🤗
"ပိုးသားပုလဲဖြူ" သနပ်ခါးက—
🔸သနပ်ခါးတုံးကိုသွေးပြီး ထုတ်လုပ်ထားတာဖြစ်လို့ အသားအရေအတွက် အန္တရာယ်လုံးဝမရှိတဲ့အပြင် လိမ်းလိုက်တာနဲ့ အေးမြမှုအပြည့်ခံစားရမှာပါ။ ❄️
🔸UV Protection ထည့်သွင်းထားလို့ ပုံမှန်သနပ်ခါးတွေထက် နေလောင်ဒဏ် နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီး တစ်နေကုန်မျက်နှာအစိုဓာတ် ထိန်းပေးတဲ့အပြင် အဆီပြန်မှုကိုထိန်းချုပ်ကာ ချွေးပေါက်ထဲအညစ်အကြေးတွေ မဝင်အောင်တားဆီးပေးပါတယ်။ 🛡️
🔸အသားဖြူဝင်းစေတဲ့အာနိသင်လည်းပါဝင်တာမို့ သနပ်ခါး လိမ်းပြီးအသားဖြူချင်တဲ့သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ 🥰
🔸အရေပြားကျန်းမာရေးပိုကောင်းစေတဲ့အပြင် အသားအရေညီအောင်လည်း ကူညီပေးနိုင်ပါတယ်။ 🤗
သနပ်ခါးအရည်အသွေးကောင်းမွန်ပြီး အသားဖြူချောစေတဲ့ ပိုးသာပုလဲဖြူသနပ်ခါးကို တောင်ကြီးမောက်မယ်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပရိတ်သတ်တွေဆီ အရောက်ပို့လိုက်ပါပြီနော်။ 🥳
✅ တောင်ကြီးမောက်မယ်နေ့တိုင်းလိမ်းပြီး ဖုန်ဖုန်ညက်ညက်နဲ့ တစ်နေကုန်အလှမပျက်တဲ့ သဘာဝအလှတရားကို ပိုင်ဆိုင်လိုက်ပါ။ 🥰
# တောင်ကြီးမောက်မယ်
# ProductofMyanmar