တောင်ကြီးမောက်မယ်_ရှင်မတောင်တော် သနပ်ခါး

မင်္ဂလာပါ

မြန်မာသနပ်ခါးကိုနှစ်သက်မြတ်နိုးသူများကို တောင်ကြီးမောက်မယ်မှ ထုတ်လုပ်သော ရှင်မတောင်တော် သနပ်ခါး နှင့်မိတ်ဆက်ပေးလိုက်ပါတယ်။

​မြန်မာ့သနပ်ခါးစစ်စစ်ထက်ရာဒေသ ​ရှင်မတောင်တော်က ထွက်တဲ့ သဘာ၀သနပ်ခါးကို လိမ်းချင်ကြပေမယ့် များမြောင်လှတဲ့ အလုပ်တာ၀န်တွေကြားမှာ သနပ်ခါးသွေးလိမ်းဖို့ အချိန်မပေးနိုင်ကြတဲ့ မြို့ပြနေ လူတန်းစားများအတွက် တောင်ကြီးမောက်မယ်မှ ထပ်မံထုတ်လုပ်လိုက်တဲ့ ရှင်မတောင်တော် သနပ်ခါးကတော့ ရှင်မတောင်တော်ဒေသမှ ထွက်ရှိတဲ့သဘာ၀သနပ်ခါး အပွေးစစ်စစ်များကိုသာ အသုံးပြုထားတာဖြစ်လို့ သဘာ၀သနပ်ခါးစစ်စစ်ကို သွေးပြီးလိမ်းရသလို ခံစားရစေမှာဖြစ်ပါတယ်။

တောင်ကြီးမောက်မယ် ရှင်မတောင်တော် သနပ်ခါးသည် အမြစ်တုံးအစစ် ကို စက်ဖြင့်သွေး၍ ထုတ်ယူထားခြင်းကြောင့် အလွန်အိစက် နူးညံ့ အေးမြသော အထိအတွေ့နှင့် မွှေးကြိုင်သော သနပ်ခါးပန်းရနံ့တို့ကြောင့် တနေကုန်သင်းပျံ့ကာ သင့်အသားအရေကိုသဘာဝအတိုင်းထိန်းသိမ်းပေးနိုင်ပါသဖြင့် နေ့စဉ်လိမ်းလျှင် အရွယ်တင်နုပျို စေပါသည်။

လှပချောမွေ့သော အသားအရေပိုင်ဆိုင်လိုလျှင် တောင်ကြီးမောက်မယ်မှထုတ်လုပ်သော ရှင်မတောင်တော် သနပ်ခါးကိုလိမ်းခြယ်သုံးစွဲသင့်ပါကြောင်း 🎶🎶🎶

တောင်ကြီးမောက်မယ်သနပ်ခါးအလှကုန်ပစ္စည်းများကို ISO 9001: 2015 နှင့်အညီထုတ်လုပ်ထားပြီး၊ သန့်ရှင်းမှုနှင့်ကျန်းမာရေးအာမခံချက်အတွက် စင်္ကာပူနိုင်ငံ TUV တွင်စစ်ဆေးကာ၊ မြန်မာနိုင်ငံ FDA အသိမှတ်ပြုလက်မှတ်ရရှိထားသဖြင့်
သုံးစွဲသူများအား စိတ်ချယုံကြည်မှုအပြည့်ဖြင့် သုံးစွဲနိုင်ရန် သတင်းစကားပါးအပ်ပါသည်ခင်ဗျား

# တောင်ကြီးမောက်မယ်
# ProductofMyanmar

------------------------------------------------------------

ရှင်မတောင်တော် သနပ်ခါးထွက်ရာဒေသ
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

မြန်မာ့အလှ….
ဂုဏ်၀င့်ပြဖို့
ထူးခြားထင်ပေါ်
ရှင်မတောင်တော်….

ရှင်မတောင်တော်ဆိုတာ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှာ တည်ရှိပြီး သယံဇာတနှင့် သဘာ၀ပတ်
၀န်းကျင်ထိန်းသိမ်းရေး သစ်တောဦးစီးဌာနရဲ့ ကြိုးစားအားထုတ်မှုကြောင့် သစ်ပင်မျိုးစုံဖြင့် စိမ်းလန်းသာယာလျက်ရှိပြီး ဆေးဖက်၀င် သစ်ပင်များ စုဆောင်းသုတေသနပြုရာ တောင်တစ်ခုပဲ ဖြစ်ပါတယ်။

တောင်တော်၏အမြင့်မှာ ၁၇၂၃ ပေ အမြင့်ရှိပြီးတော့ တောင် ၉၉ လုံး၀န်းရံလျက်ရှိတဲ့ တောင်ကြောဒေသက မိုင် ၂၀ ခန့် ရှည်လျားလို့ ရွှေသမင်များ၊ မျောက်များ ပျော်စံရာ တောအုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ရှင်မတောင် သစ်တောကြိုးဝိုင်းက ၁၄၉၉၅ ဧက ကျယ်၀န်းပြီး သနပ်ခါး အပါအ၀င် သစ်အမျိုးအစားပေါင်း ၁၅၀ ခန့် ရှိပါတယ်။ ရှင်မတောင် တောင်ကျချောင်းကို အမှီပြုပြီး ဆင်ချောင်းဆည်၊ တောင်ကြားဆည်၊ တောင်ဝါတောင်ဆည်၊ အညာတောဆည်များကို တည်ဆောက်ထားတာဖြစ်လို့ လယ်ယာမြေ ဧကပေါင်းများစွာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပါတယ်။

ရေစကြိုမြို့နယ် ရှင်မတောင်တော်က ထွက်ရှိတဲ့ သနပ်ခါးက ရေမြေသဘာ၀ ထူးခြားချက်များ ကြောင့် အခြားဒေသထွက် သနပ်ခါးများထက် အရည်အသွေးမှာ ပြောစမှတ်တွင်လောက်အောင် အပွေးပိုညိုလေ့ရှိပြီး အနံ့မှာလည်း ပိုပြီး မွှေးလေ့ရှိပါတယ်။

သနပ်ခါးတုံး ရွေးချယ်၀ယ်ယူတဲ့အခါမှာ အပင်တုတ်ခြင်း မတုတ်ခြင်းထက် သနပ်ခါးရဲ့ အပွေး၊ အရောင်နဲ့ အထူကို ကြည့်ရမယ်လို့ ဆိုပါတယ်။ သနပ်ခါးအပွေးတုံးမှာ အညိုရောင်အခေါက်အမြောင်းကြီးများ ကပ်နေမယ်၊ အမြောင်းကြားက အခေါက်သားမှာ အက်ကွဲရာများက ဖြူနေပြီး ဘေးက အခေါက်သားက ပုစွန်ဆီသွေးရောင်ဖြစ်နေမည်ဆိုပါက အဲဒီသနပ်ခါးတုံးက လုံးဝမွှေးမှာဖြစ်လို့ ၀ယ်သင့်ပါတယ်လို့ ဆိုပါတယ်။

သနပ်ခါးအပွေးကို လက်သည်းနဲ့ ဆိတ်ကြည့်လို့ လက်သည်းနစ်၀င်သွားရင် သက်နုသနပ်ခါးကို ခုတ်ပြီးရောင်းတာ ဖြစ်လို့ မွှေးသင့်သလောက်လည်း မမွှေး၊ အသွေးလည်းမခံလို့ မ၀ယ်သင့်တဲ့ သနပ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။

သနပ်ခါးကို ကြိုက်လို့ပဲလိမ်းလိမ်း၊ မြန်မာ့သနပ်ခါးရယ်လို့ နိုင်ငံတကာမှာ ထုတ်ဖော်ပြသချင်လို့ပဲဖြစ်ဖြစ် အသင့်တော်ဆုံးက တောင်ကြီးမောက်မယ်သနပ်ခါးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့အလှကို ဝံ့ကြွားပြသဖို့ သနပ်ခါးရွေးချယ်မယ်ဆိုရင်တော့ တောင်ကြီးမောက်မယ်ကိုသာ သတိရလိုက်ကြပါလို့ ဂုဏ်ယူစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ……

$5.55