"ငယ်ကအချစ် အနှစ်တစ်ရာ"
ဆိုတဲ့အတိုင်း ငယ်ဘဝကအမှတ်တရတွေကို ပြန်လည်ဖော်ဆောင်ကြည်နူးနိုင်စေဖို့အတွက် တောင်ကြီးမောက်မယ်ရဲ့ မူလလက်ဟောင်း သနပ်ခါးအစိမ်းဘူးလေး 💚
ငယ်ငယ်တည်းကမြင်ဖူးနေကျ တောင်ကြီးမောက်မယ်ဘူးအစိမ်းလေးအတိုင်း မပြောင်းလဲဘဲ လိမ်းလိုက်တာနဲ့ စိတ်ရွှင်လန်းစရာ သံပုရာရနံ့လေးနဲ့အတူ ငယ်ဘဝရဲ့အငွေ့အသက်တွေခံစားရစေမဲ့ သနပ်ခါးဘူးလေး
မြန်မာသနပ်ခါးကိုနှစ်သက်မြတ်နိုးသူတိုင်းအတွက် တောင်ကြီးမောက်မယ်မှ ထုတ်လုပ်သော
သံပရာသနပ်ခါး
တောင်ကြီးမောက်မယ်မှထုတ်လုပ်သော မူလလက်ဟောင်း သံပုရာသနပ်ခါးသည် သနပ်ခါးအပွေးအခေါက်များဖြင့်သီးသန့်ရွေးချယ်ထုတ်လုပ်ထားသောကြောင့် လိမ်းခြယ်လျှင် အသားအရေမှာဖြူစင်ဝင်းပကာ နေလောင်ဒဏ်ကို ကာကွယ်ပေး
နိုင်ပါသည်။
နေ့စဉ်ပုံမှန် သုံးစွဲပါက ထူးကဲသော သံပရာရနံ့
ကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး
မိမိတို့၏လုပ်ငန်းခွင်နယ်ပယ်အသီးသီးဝင်ရောက် လုပ်ကိုင်ဆောင်ရွက်သည့်အခါ ယုံကြည့်မှုတိုးစေ
သည့်အပြင်အသားအရေပေါ်မှာရှိသောအညစ်အ
ကြေးများကို ဖယ်ရှားသန့်စင်ပေးသောကြောင့် အသားအရေချောမွေ့လှပစေပါတယ်။
တောင်ကြီးမောက်မယ် သံပုရာသနပ်ခါးက မျက်နှာအဆီပြန်ခြင်းကို သက်သာစေပြီး ၀က်ခြံကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ သံပုရာသနပ်ခါးကို နေ့စဉ် ပုံမှန်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်
ကလေးငယ်များကို လိမ်းကျံပေးပါက ခြင်အန္တရာယ်မှကာကွယ်ပေးပါသည်
လှပချောမွေ့သော အသားအရေပိုင်ဆိုင်လိုလျှင် တောင်ကြီးမောက်မယ်မှထုတ်လုပ်သော သံပရာပါသနပ်ခါးကိုလိမ်းခြယ်သုံးစွဲသင့်ပါကြောင်း
တောင်ကြီးမောက်မယ်သနပ်ခါးအလှကုန်ပစ္စည်းများကို ISO 9001: 2015 နှင့်အညီထုတ်လုပ်ထားပြီး၊ သန့်ရှင်းမှုနှင့်ကျန်းမာရေးအာမခံချက်အတွက် စင်္ကာပူနိုင်ငံ TUV တွင်စစ်ဆေးကာ၊ မြန်မာနိုင်ငံ FDA အသိမှတ်ပြုလက်မှတ်ရရှိထားသဖြင့်
သုံးစွဲသူများအား စိတ်ချယုံကြည်မှုအပြည့်ဖြင့် သုံးစွဲနိုင်ရန် သတင်းစကားပါးအပ်ပါသည်ခင်ဗျား
🎶🎵🎶🎶🎶တောင်ကြီးမောက်မယ်...
ရှားလာလာလာလာ.... သင်မှန်မှန်လိမ်းပါကွယ် ... တောင်ကြီးမောက်မယ်... ရှားလာလာလာလာ
မင်းအသားလေးနုချောမယ် 🎵🎵🎶🎶🎶🎶
"မြင့်မားတဲ့နည်းပညာ၊ မြင့်မားတဲ့အရည်အသွေးနဲ့ မြန်မာ့သနပ်ခါးတောင်ကြီးမောက်မယ်"
# တောင်ကြီးမောက်မယ်
# ProductofMyanmar
-------------------------------------------------------
☀️🌟🌞🐣🐤💫☀️🌟🌞🐣🐤💫☀️🌟🌞🐣🐤💫☀️🌟
သနပ်ခါးဆိုတာ မြန်မာအမျိုးသမီးတွေရဲ့ အမှတ်အသားတစ်ခုပါ။ ရှေးမြန်မာများကတော့ ကလေးတွေကို သနပ်ခါးလိမ်းပေးရင် သွေးပြီးသား သနပ်ခါးကို လက်နဲ့ယူ နဖူးပေါ်ကိုတင်ပြီး “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” ၊ ညာဘက်ပါးပေါ်တင်ပြီး “ဓမ္မံသရဏံ ဂစ္ဆာမိ”၊ ဘယ်ဘက်ပါးပေါ်တင်ပြီး “သံဃံသရဏံ ဂစ္ဆာမိ”လို့ သရဏဂုံတင်ပြီး လိမ်းပေးတတ်ကြပါတယ်။ လူကြီးတွေကတော့ ကလေးတွေကို သနပ်ခါးလိမ်းပေးရင်း ပါးစပ်ထဲကို အနည်းငယ်ခွံ့ကျွေးခြင်းဖြင့် ကျောက်နှင့်၀က်သက်ရောဂါများမှ ကာကွယ်ပေးနိုင်တဲ့အပြင် ၀မ်းတွင်းမှ အပူများကိုပါ ငြိမ်းစေတယ်လို့ ဆိုကြပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ သုတေသီတစ်စုက ၂၀၁၀ ပြည့်နှစ်မှာ သနပ်ခါးအခေါက်မှာ ပါ၀င်တဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ်လေ့လာခဲ့ကြတဲ့ လေ့လာမှုအရ သနပ်ခါးမှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါ၀င်လို့ အသားအရေရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတ်နဲ့ အရေပြား အရောင်အပြောင်းအလဲ ဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးတဲ့ဓာတ်တွေလည်း ပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်တဲ့။ ဒါ့အပြင် သနပ်ခါးက နေလောင်ခြင်းကို ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန်ရောင်
ခြည်ကိုပါ ကာကွယ်ထားနိုင်တယ်လို့ အရေပြားအထူးကု ဆရာ၀န်ကြီးများက ပြောကြားထားပါတယ်။
ဒီနေ့ခေတ်မှာတော့ သနပ်ခါးကို လွယ်ကူ မြန်ဆန်စွာ အသုံးပြုနိုင်ဖို့အတွက် သနပ်ခါးအနှစ်၊ သနပ်ခါးအရည် စသည်ဖြင့် စျေးကွက်ထဲမှာ သနပ်ခါးကို ပုံစံအမျိုးမျိုးနဲ့ထုပ်ပိုးပြုလုပ်ထားလို့ လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် အသင့်သုံးသနပ်ခါးဘူးနဲ့ ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့ အမွှေးအနံ့တွေ ပါဝင်နေတာမို့ လူတ ချို့မှာ ဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။
မြန်မာ့အလှဖြင့် ဂုဏ်၀င့်ကြွား.....တောင်ကြီးမောက်မယ် သနပ်ခါး