ကော်ဖီမှာဆို ‘ ဆု ‘ ဆိုပြီး နာမည်တစ်လုံးနဲ့ နှစ်ပေါင်းအတော်ကြာ လူတိုင်းရဲ့ အသဲစွဲဖြစ်ခဲ့တဲ့
မူလလက်ဟောင်း "ဆု" သဘာဝကော်ဖီစစ်စစ်လေးကို သိကြတယ်ဟုတ် 💚
ခုဆိုရင်
ကော်ဖီ သကြား Creamer ကို သပ်သပ်စီထုပ်ပိုးထားသော 💚💚 “ဆုအသင့်ဖျော်” 💚💚
ကော်ဖီ သကြား Creamer အသင့်ရောထားသော 🤎 “ရွှေဆု အသင့်ဖျော်ကော်ဖီ” 🤎
ဆိုပြီးလည်း အသစ်ထပ်မံ ရောင်းချလျက်ရှိပါတယ်
1980မှာ စတင်ထုတ်လုပ်ရောင်းချလာခဲ့တဲ့
“ဆု ကော်ဖီ” ဟာ အခုဆိုရင်
နှစ်၄၀ ပြည့်ခဲ့ပါပြီ....
ရှမ်းကုန်းမြင့်ဒေသနှင့် ချင်းပြည်နယ်တို့မှထွက်သော သဘာဝကော်ဖီစစ်စစ်ကို ဓာတုပစ္စည်း ရောစပ်ခြင်း လုံးဝ (လုံးဝ) မရှိပဲ ဘေးဥပါဒ်ကင်းစွာ
ထုပ်ပိုးရောင်းချလျက်ရှိပါသည်......
အရည်အသွေး၊ အရသာ၊ စစ်မှန်မှု ကို ၄၀နှစ်ကြာ ထိန်းသိမ်းထားနိုင်ပြီး ယနေ့တိုင် ကော်ဖီချစ်သူများ၏ အသည်းစွဲအဖြစ် ရပ်တည်နေနိုင်တာမို့
အနံံ့အရသာနှင့်ပြည့်စုံသော ကော်ဖီစစ်စစ် သောက်သုံးချင်သူတွေ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင်....
အားပေးသောက်သုံးသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်
# ShweSuCoffee
# ProductofMyanmar
---------------------------------------------------
ကော်ဖီအေးအေးလေး အရသာကိုပေးမယ့်
Ice Cubes Coffee ဖျော်နည်း
အိမ်မှာနေရင်း မိသားစုနဲ့အတူတူသောက်ဖို့
Ice Cubes Coffee ဖျော်နည်းလေးကို ပြောပါမယ်နော်...
သောက်လိုက်ရင် ခံတွင်းထဲကို သိမ်မွေ့ပြီးဆင်းသွားတယ်။ ခါးသက်သက်အရသာကို ချိုစိမ့်စိမ့်လေးပေးနိုင်တာမို့ ကော်ဖီအခါးကြောက်တဲ့သူတွေ ကြိုက်မှာပါ။
ကော်ဖီခါးခါးကြိုက်သူတွေကတော့ နို့အစား ရေပဲ ရောလိုက်ရင်ရတယ်နော်။
ပါဝင်ပစ္စည်းတွေက တစ်ယောက်စာ အနေနဲ့
- ရွှေဆု အသင့်ဖျော်ကော်ဖီ (၂)ထုပ်
- နို့
- သကြား
ပြုလုပ်ပုံအဆင့်ဆင့်
၁) ဆုကော်ဖီရိုးရိုးကို ရေနွေးနဲ့ နှပ်လိုက်ပါ
၂) ကော်ဖီ (၆)ဆ သကြား (၁) ဆရောပါ။
၃) ရောစပ်ပြီးသော ဆုကော်ဖီကို ရေခဲခွက်ထဲသို့ လောင်းထည့်ပြီး အခဲခံလိုက်ပါ။
၄) ခဲပြီးသွားလို့ ရလာတဲ့ ကော်ဖီခဲလေးတွေကို ဖျော်မည့် ဖန်ခွက်ထဲသို့ ထည့်လိုက်ပါ။
၅) နွားနို့နွေးနွေးလေးရယ် လိုအပ်ရင် သကြားလေးပါထည့်ပြီး မိမိစိတ်တိုင်းကျ ရောမွှေလိုက်ရုံပါပဲ။
အားလုံးကိုရောမွှေပြီးသွားပြီဆိုရင်တော့ ပုံမှန်နဲ့မတူပဲ အရသာထူးခြားမယ့် Ice Cubes Coffee မွှေးမွှေးလေးကို သောက်သုံးနိုင်ပါပြီနော်။
သောက်ဖြစ်အောင် သောက်ကြည့်ကြနော်.........
#ShweSuCoffee
# ProductOfMyanmar