Bio-Oil အသားအရေထိန်းသိမ်းမှုအဆီ
(သဘာဝဖော်မြူလာ)
Bio‑Oil® Skincare Oil (Natural)
အမာရွတ်များနှင့် အကြောပြတ်ရာများအတွက် (သဘာဝ ဖော်မြူလာ)
သဘာဝ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကုန်ပစ္စည်းများအတွက် ဝယ်လိုအား မြင့်တက်လာသဖြင့် Bio‑Oil သည် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် သဘာဝပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားသည့် ကုန်ပစ္စည်းတစ်ခုကို ဖော်ထုတ်ခဲ့ပါသည်။ လက်တွေ့စမ်းသပ်မှုရလဒ်များအရ အဆိုပါ ကုန်ပစ္စည်းသည် Bio‑Oil ၏ အမာရွတ်နှင့် အကြောပြတ်ရာအတွက် မူလကုန်ပစ္စည်းကဲ့သို့ပင် အာနိသင်ရှိကြောင်း ပြသခဲ့ပြီး ယင်းက အုပ်စု ဦးဆောင် ကုန်ပစ္စည်း၏ စွမ်းဆောင်ရည်ကို ပြည့်မီကြောင်း သက်သေပြခဲ့သည့် သဘာဝကုန်ပစ္စည်းတစ်ခု ပထမဆုံးအကြိမ် ဖြစ်စေခဲ့ပါသည်။ Bio‑Oil® Skincare Oil (Natural) က ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့သို့ စတင်ရောက်ရှိခဲ့ပါသည်။
သဘာဝအသီးအရွက်အဆီများ၊ အပင်များမှရရှိသော အဆီအနှစ်များနှင့် ရနံ့အဆီများ၊ ဗီတာမင်များ နှင့် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။
Bio-Oil အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝဖော်မြူလာ) သည် ၁၀၀ ရာခိုင်နှုန်း သဘာဝ ပါဝင်ပစ္စည်းများဖြင့် အထူးပေါင်းစပ်ထုတ်လုပ်ထားသော အသားအရေထိန်းသိမ်းမှုအဆီဖြစ်ပါ သည်။ အမာရွတ်များ၊ အကြောပြတ်ရာများ၊ အရေပြားအရောင်မညီညာမှု၊ အသားအရေအိုမင်း ရင့်ရော်မှုနှင့် အသားအရေခြောက်သွေ့မှုများ သက်သာစေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါ သည်။
အရေပြားဓာတ်မတည့်မှုဖြစ်လွယ်သော အသားအရေ ပိုင်ရှင်များနှင့် ဝက်ခြံဖြစ်လွယ်သော အသားအရေပိုင်ရှင်များအတွက် သင့်တော်ပါသည်။ အလွယ် တကူ စိမ့်ဝင်နိုင်ပြီး စေးကပ်မှုမရှိပါ။
🧡🧡🧡🧡🧡🧡
PurCellin Oil အဆီ ထည့်သွင်းဖော်စပ်ထားသည့် နောက်ဆုံးပေါ် အစွမ်းထက်ဖော်မြူလာကြောင့်
အရေပြားအိုမင်းရင့်ရော်ခြင်းနှင့် အရေပြားခြောက်ခြင်းတို့အပေါ် ထိရောက်စွာအကျိုးသက်ရောက်မှုရှိပါသည်။
🔺 ပြင်ပလိမ်းရန်အတွက်သာ။ ဒဏ်ရာ၊ အနာတရ ရရှိထားသော အရေပြားပေါ်တွင် မလိမ်းရ။
🔺 တစ်နေ့နှစ်ကြိမ်နှင့် အနည်းဆုံး (၃) လကြာ လိမ်းပါ။
🔺 ကိုယ်ဝန်ဆောင်စဉ် အသုံးပြုလိုပါက ကိုယ်ဝန် ပထမသုံးလမှစ၍ ကလေးမီးဖွားပြီးချိန်အထိ တစ်နေ့နှစ်ကြိမ် လိမ်းပါ။
🔺 ထူးထူးခြားခြား အရေပြားယားယံမှုဖြစ်ပွားပါက အသုံးပြုမှုကို ရပ်လိုက်ပါ။
🔺 မျက်လုံးအတွင်းသို့ မဝင်စေရန် သတိပြုပါ။ အကယ်၍ မျက်လုံးအတွင်းသို့ ဝင်ရောက် ပါက ရေနှင့် သေချာစွာ ဆေးကြောပါ။
🔺 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
🔺 နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သော နေရာတွင် ထားပါ။
* Bio Oil ကို ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေးအသုံးပြုနိုင်ပါတယ် . . .
* လူတစ်ဦးချင်းစီအလိုက် ရလဒ်များ ကွဲပြားနိုင်ပါသည်။