Bio‑Oil သည် သုတေသနများပြုလုပ်ပြီး အများထက်သာလွန်သော ကုန်ပစ္စည်းစွမ်းဆောင်ရည်ကို အောင်မြင်ရရှိစေရန် အဆီကို အသုံးပြုထားသည့် အထူး အသားအရေစောင့်ရှောက်ရေး ကုန်ပစ္စည်းများကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါသည်။
Bio Oil သည် တောင်အာဖရိကနိုင်ငံတွင်
ထုတ်လုပ်ပြီးနိုင်ငံပေါင်း (၈၆)နိုင်ငံကျော်တွင်
ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။
သြစတြီးယား၊ ချက် သမ္မတနိုင်ငံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆလိုဗားကီးယားနှင့် ဆွစ်ဇာလန်နိုင်ငံများတွင်
Bi-Oil® အမည်
ဂျပန်နိုင်ငံတွင် Bioil® အမည်
ကျန်နိုင်ငံအားလုံးတွင် ကုန်အမှတ်တံဆိပ်ကို Bio‑Oil® အမည်အဖြစ် သိရှိကြပါသည်။
နိုင်ငံအလိုက် ထုပ်ပိုးမှုပုံစံကို မိခင်ဘာသာစကားအရပြောင်းလဲထုတ်လုပ်ထားပါသည်။
အရည်အသွေးတူတဲ့ Bio Oil Products ကို
နိုင်ငံခြားသွားစရာမလိုပဲ မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။
ကုန်ပစ္စည်းအကြောင်း
၁၉၈၇ ခုနှစ်တွင် Bio‑Oil က အမာရွတ်များနှင့် အကြောပြတ်ရာများ ပိုမိုမှေးမှိန်သွားအောင် ဆောင်ရွက်ရာတွင် အဆီကို အသုံးပြု၍ ရှေ့ဆောင်တီထွင်ခဲ့ပါသည်။ ထိုအချိန်က ဆိုင်များတွင် ရရှိနိုင်သော ကုန်ပစ္စည်းအားလုံးနီးပါးသည် ခရင်မ် သို့မဟုတ် လိုးရှင်းများသာ ဖြစ်နေခဲ့သောကြောင့် ဤအဆီဖြင့် ပြုလုပ်သော ကုန်ပစ္စည်းအပေါ် သံသယပွားမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ယနေ့အချိန်အခါ၌ ဤကုန်ပစ္စည်းသည် အမာရွတ်နှင့် အကြောပြတ်မှုအတွက် ကမ္ဘာ့ဦးစီးဦးဆောင် ကုန်ပစ္စည်းဖြစ်လာပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် Bio‑Oil က အခြားအရေပြားဆိုင်ရာ ကိစ္စရပ်များကို ကုသရာတွင် အဆီကို အသုံးပြုနိုင်မည့်နည်းအား သုတေသနလုပ်ရန် ရည်ရွယ်သည့် အထူးဓာတ်ခွဲခန်း တစ်ခု တည်ထောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ခြောက်သွေ့သောအသားအရေအတွက် အဆီအခြေခံ ဂျယ်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ၁၀၀% သဘာဝအဆီများမှ ပြုလုပ်ထားသည့် ကုန်ပစ္စည်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အဆီပါဝင်မှုမြင့်မားသည့် ကိုယ်လိမ်းလိုးရှင်းတစ်မျိုးကို ဈေးကွက်တွင် မိတ်ဆက်ခဲ့သည်။ Bio‑Oil သည် ကမ္ဘာတစ်ဝှမ်းရှိ အသားအရေစောင့်ရှောက်ရေး လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီများအား ၎င်း၏ ထုတ်ကုန်ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ပေးလျက် သုတေသနလုပ်ငန်းအပေါ် အထူး အာရုံစိုက်လျက် ရှိပါသည်။
ယခုအချိန်တွင် Bio‑Oil® Skincare Oil သည် အသားအရေစောင့်ရှောက်မှုပိုင်းတွင် ၎င်း၏အမည်အတွက် FDA အသိမှတ်ပြုလက်မှတ်အပါအဝင် ဆုပေါင်း ၄၀၀ ကျော်ရရှိထားသည့် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ကမ္ဘာ့ထိပ်တန်း ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။
Bio-Oil သည် ဥရောပပါလီမန်နှင့် အလှကုန်ပစ္စည်းဆိုင်ရာထုတ်ကုန်များ ကောင်စီတို့၏ စည်းမျဉ်းစည်းကမ်းများအရ စစ်ဆေးအကဲဖြတ်မှုကို ခံယူထားပြီးဖြစ်ပါသည်။ ထိုသို့ အကဲဖြတ်စစ်ဆေးမှုများအရ နေ့စဉ်အရေပြားပေါ်တွင် လိမ်းရန်အတွက် စိတ်ချလုံခြုံရသည့် အဆိပ်သင့်မှုမရှိစေခြင်း၊ ဓါတုဖွဲ့စည်းပုံ၊ ပါဝင်ပစ္စည်းနှင့် တစ်နေ့တာလိမ်းရမည့်ပမာဏတို့မှာစိတ်ချလုံခြုံမှုရှိကြောင်း (ကိုယ်ဝန်ဆောင်များတွင်ပင် အသုံးပြုနိုင်ကြောင်း) ကို အကဲဖြတ်မှုခံယူရရှိထားပြီးဖြစ်ပါသည်။
🧡🧡🧡🧡🧡
Bio‑Oil ထုတ်ကုန်များနှင့်ပတ်သက်ပြီး
လေးမျိုးထုတ်လုပ်ထားပါသည်
1) Bio‑Oil® Skincare Oil
အမာရွတ်များနှင့် အကြောပြတ်ရာများ
အဆီတွင် အသားအရေ ပိုမိုကောင်းမွန်လာစေရန်အတွက် ထူးခြားသည့် စွမ်းရည်များ ပါရှိပါသည်။ ရှေးရိုးစဉ်လာအရ အဆီ၏ အကျိုးကျေးဇူးများကို အများဆုံးသိခဲ့ရသည် ဖြစ်သောကြောင့် မည်သို့မည်ပုံ၊ မည်သည်ကြောင့် ဖြစ်သည်ကိုမူ အပြည့်အဝ နားမလည်နိုင်ပါ။ Bio‑Oil® Skincare Oil သည် ကုသမှုပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် ပေးပို့ခဲ့သည့် ပထမဆုံး အဆီထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး အမာရွတ်များနှင့် အကြောပြတ်ရာများကို ပိုမို မှေးမှိန်သွားစေနိုင်ကြောင်း သက်သေပြခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဆရာဝန်များနှင့် ဆေးဝါးပညာရှင်များအနေဖြင့် ဤကုန်ပစ္စည်းကို စတင်တိုက်တွန်းအကြံပြုဖြစ်စေခဲ့ခြင်းသည် ဤလက်တွေ့စမ်းသပ်မှုများ၏ အောင်မြင်မှုပင် ဖြစ်ခဲ့ပါသည်။
2) Bio‑Oil® Skincare Oil (Natural)
အမာရွတ်များနှင့် အကြောပြတ်ရာများအတွက် (သဘာဝ ဖော်မြူလာ)
သဘာဝ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကုန်ပစ္စည်းများအတွက် ဝယ်လိုအား မြင့်တက်လာသဖြင့် Bio‑Oil သည် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် သဘာဝပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားသည့် ကုန်ပစ္စည်းတစ်ခုကို ဖော်ထုတ်ခဲ့ပါသည်။ လက်တွေ့စမ်းသပ်မှုရလဒ်များအရ အဆိုပါ ကုန်ပစ္စည်းသည် Bio‑Oil ၏ အမာရွတ်နှင့် အကြောပြတ်ရာအတွက် မူလကုန်ပစ္စည်းကဲ့သို့ပင် အာနိသင်ရှိကြောင်း ပြသခဲ့ပြီး ယင်းက အုပ်စု ဦးဆောင် ကုန်ပစ္စည်း၏ စွမ်းဆောင်ရည်ကို ပြည့်မီကြောင်း သက်သေပြခဲ့သည့် သဘာဝကုန်ပစ္စည်းတစ်ခု ပထမဆုံးအကြိမ် ဖြစ်စေခဲ့ပါသည်။ Bio‑Oil® Skincare Oil (Natural) က ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့သို့ စတင်ရောက်ရှိခဲ့ပါသည်။
3) Bio‑Oil® Dry Skin Gel
ခြောက်သွေ့သော အသားအရေ
ခြောက်သွေ့သော အသားအရေကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ အစိုဓာတ် လွင့်ပျံမှုကို ရပ်တန့်ရန် အရေပြားပေါ်တွင် ပိတ်ဆို့သည့်အလွှာတစ်ခုထားရှိခြင်း ဖြစ်သည်။ ခြောက်သွေ့သော အသားအရေအတွက် ရိုးရာကုန်ပစ္စည်းများဖြစ်သော (ခရင်မ်များ၊ လိုးရှင်းများနှင့် ထောပတ်များ) ထဲတွင် ထိုသို့ အစားဖြည့်ပေးရန် ရည်ရွယ်၍ အဆီ၊ ဖယောင်း သို့မဟုတ် ထောပတ် ၂၀% ထည့်ထားပါသည်။ Bio‑Oil® Dry Skin Gel ထဲတွင် ၈၄% ထည့်ပေးထားပါသည်။ ၂၀၁၈ ခုနှစ်တွင် Bio‑Oil® Dry Skin Gel ကို ကမ္ဘာအနှံ့သို့ စတင်ဖြန့်ချိခဲ့သည်။
4) Bio‑Oil® Body Lotion
ကိုယ်ခန္ဓာ အစိုဓာတ်ဖြည့်ပေးခြင်း
အကောင်းဆုံး ကိုယ်ခန္ဓာ အစိုဓာတ်ဖြည့်ပေးသည့် အဆီဆိုသည်မှာ ချက်ချင်း အသားထဲစိမ့်ဝင်သွားပြီး စေးကပ်ကပ် မကျန်ရစ်စေဘဲ အဝတ်အစား ချက်ချင်းဝတ်၍ ရစေသည့် ပစ္စည်းမျိုး ဖြစ်သည်။ အစိုဓာတ်ဖြည့်ပေးသည့်အခါ အစိုဓာတ်ကို ကူညီ ထိန်းထားပေးရန်အတွက် အရေပြားပေါ်တွင် အဆီလွှာတစ်ခု ချန်ထားပေးဖို့ လိုအပ်သောကြောင့် နည်းပညာအရ ထိုသို့ လုပ်ဆောင်ရန်မှာ ခက်ခဲလှပါသည်။ Bio‑Oil® Body Lotion ကို ဖော်စပ်ရာတွင် အသုံးပြုထားသည့်နည်းပညာမှာ လိုးရှင်းတွင်အဆီဓာတ်ပါဝင်မှုကို မြင့်မားစေရုံသာမက အလွန်ပေါ့ပါးမှုကိုဖြစ်စေသော Bio‑Oil ၏ မသုံးခင်လှုပ်ခါပါဟူသော ရှေ့ဆောင်နည်းပညာဖြစ်ပါသည်။ Bio‑Oil® Body Lotion ကို ၂၀၂၁ ခုနှစ်တွင် ကမ္ဘာအနှံ့ စတင်ဖြန့်ချိခဲ့ပါသည်။
🧡🧡🧡🧡🧡
Bio-Oil တွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများ
Bio-Oil ကိုဖော်စပ်ထားတဲ့ ဖော်မြူလာကတော့ အဆီကိုအခြေခံထားတဲ့ ဗီတာမင်နဲ့ အပင်ရဲ့အဆီအနှစ်များကို ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ ဆီကိုအသုံးပြုခြင်းအားဖြင့် အပင်တွေရဲ့ အဆီအနှစ်နဲ့ ဗီတာမင်တွေကို သူတို့ရဲ့ ကိုယ်ပိုင်အာနိသင်မပျက်ပြယ်သွားစေပဲ သူတို့ရဲ့ ထိရောက်မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။
အဓိက ပါဝင်ပစ္စည်းများ
🧡 Vitanin A : Collagen အသစ်တွေဖွဲ့စည်းမှုကို မြှင့်တင်ပေးပြီး အသားအရေကို အသစ်တစ်ဖန်ဖြစ်လာစေဖို့ ကူညီပေးတဲ့အတွက်
အသားအရေရဲ့ ကျုံ့နိုင်စွမ်းဆန့်နိုင်စွမ်းကို တိုးမြှင့်စေပြီး အသားအရေ အရောင်ကိုလည်း တိုးတက်လာစေပါတယ်။
🧡 Vitamin E : ကျန်းမာတဲ့ အသားအရေထိန်းသိမ်းဖို့ရာတွင် အကူအညီပေးတဲ့အပြင် Free Radical တွေကြောင့် အသားအရေပျက်စီးခြင်းအရွယ်မတိုင်ခင် အိုမင်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးဟာ အသားအရေရဲ့ အစိုဓာတ်ကိုလည်း ထိန်းပေးပြီး နူးညံ့ခြင်း၊ ချောမွေ့ခြင်းတို့ကိုလည်း နဂိုထက်ပိုမိုတိုးတက်လာစေပါတယ်။
🧡 Lavender အဆီ : လာဗင်ဒါပန်းအဆီသည် အရေပြားအနေအထားကိုပြောင်းလဲစေသော အဆီအနှစ်အဖြစ် လူသိများပါတယ်။ အရေပြားကို အေးမြပြီး စိုစွတ်ချောမွေ့စေသော အကျိုးအာနိသင်ရှိပြီး သဘာဝမှရသည့် ရောဂါပိုးမွှားသတ်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။
🧡 Calendula ဆီ : သူ့မှာပါတဲ့ ဆဲလ်အသစ် ဖြစ်ပေါ်လာစေတဲ့ အကျိုးဆက်ကြောင့် နေလောင်ပြီး ပျက်စီးနေတဲ့ ထိခိုက်သိပ်မခံတဲ့ အသားအရေဟာ ပြုပြင်ထိန်းသိမ်းပြီးဖြစ်သွားစေမှာပါ။ Calendula ဆီဟာ အသားအရေနီမြန်းဖူးယောင်ခြင်းကိုလည်း လျော့ချပေးလို့ သိပ်မကြီးလှတဲ့ အဖု့အပိန့်နဲ့ အသားအရေကျိန်းစပ်တာတွေကို ကာကွယ်ဖို့လည်း အသုံးပြုနိုင်ပါတယ်။
🧡 Rosemary ဆီ : သူကတော့ အသားအရေကို လန်းဆန်းစေပြီး ချောမွေ့စေတဲ့အပြင် ရောဂါပိုးတွေကိုပါသေစေတဲ့ အပျော့စားဆေးလေးလိုကူညီပေးပါတယ်။
🧡 Chamomile ဆီ : အသားအရေနီမြန်းဖူးယောင်တာကို ကာကွယ်ပေးတဲ့ ဆီပါ။ အသားလေးကိုအေးနေစေပြီး Sensitive အသားအရေရှိသူတွေအတွက် အထူးအကျိုးများသင့်တော်စေမယ့် အဆီပါ။
🧡 PurCellin ဆီ : သူကတော့ Bio-Oil ထဲက ပါဝင်ပစ္စည်းအားလုံးကို အသားအရေထဲ လွယ်ကူစွာစိမ့်ဝင်နိုင်စေဖို့ပါ။ ဒါ့အပြင် အသားအရေကိုလည်း နူးညံချောမွတ်မှုကို အားပေးပါတယ်။
🧡🧡🧡🧡🧡
🔺 ပြင်ပလိမ်းရန်အတွက်သာ။ ဒဏ်ရာ၊ အနာတရ ရရှိထားသော အရေပြားပေါ်တွင် မလိမ်းရ။
🔺 တစ်နေ့နှစ်ကြိမ်နှင့် အနည်းဆုံး (၃) လကြာ လိမ်းပါ။
🔺 ကိုယ်ဝန်ဆောင်စဉ် အသုံးပြုလိုပါက ကိုယ်ဝန် ပထမသုံးလမှစ၍ ကလေးမီးဖွားပြီးချိန်အထိ တစ်နေ့နှစ်ကြိမ် လိမ်းပါ။
🔺 ထူးထူးခြားခြား အရေပြားယားယံမှုဖြစ်ပွားပါက အသုံးပြုမှုကို ရပ်လိုက်ပါ။
🔺 မျက်လုံးအတွင်းသို့ မဝင်စေရန် သတိပြုပါ။ အကယ်၍ မျက်လုံးအတွင်းသို့ ဝင်ရောက် ပါက ရေနှင့် သေချာစွာ ဆေးကြောပါ။
🔺 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
🔺 နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သော နေရာတွင် ထားပါ။
* Bio Oil ကို ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေးအသုံးပြုနိုင်ပါတယ် . . .
* လူတစ်ဦးချင်းစီအလိုက် ရလဒ်များ ကွဲပြားနိုင်ပါသည်။