💚 ကမ္ဘာတစ်ဝန်းက လူကြိုက်အများဆုံး
Herbal Teaအမျိုးအစားတွေထဲက Herbal Tea (5)မျိုး
(1)Chamomile
(2) Peppermint
(3) Hibiscus
(4) Lemon Balm
(5) Rose Tea
(1)Chamomile
လူအကြိုက်များဆုံး နံပါတ်၁နေရာမှာ ဗိုလ်စွဲထားတဲ့
Chamomileလေးကိုသောက်ပေးခြင်းဖြင့်
အိပ်စက်ခြင်းကို မြှင့်တင်ပေးတာကြောင့်
နှစ်ခြိုက်စွာအိပ်မပျော်သူများရဲ့
အားကိုးရာလေး ဆိုလည်းမမှားပါဘူး။
ထပ်တိုးကောင်းကျိုးများအနေနဲ့ သွေးတွင်း
သကြားဓာတ်ပမာဏကို တည်ငြိမ်စေပြီး၊
အစာခြေလမ်းကြောင်းများကိုလည်း
ကောင်းမွန်စေပါတယ်ရှင်
(2)Peppermint
အစားတလိုင်းများအတွက်
မသောက်မဖြစ် Peppermint
Peppermint လေးကိုပုံမှန်သောက်ပေးခြင်းဖြင့်
အစာမကြေခြင်းကြောင့် ပျို့အန်ခြင်း၊အစာအိမ်နာခြင်းနဲ့
ကြွက်တက်ခြင်းများကို သက်သာကောင်းမွန်စေပါတယ်။
(3)Hibiscus
လူကြီးများအသောက်သင့်ဆုံး Herbal Teaကတော့ Hibiscus ပါပဲ။
ခေါင်းရမ်းပန်းခြောက်လေးက သွေးတိုးသမားများ
အတွက် သွေးပေါင်ချိန်ကိုလျော့ချပေးပြီး၊
ကိုလက်စထရောကို မြှင့်တင်ပေးကာ
စိတ်ဖိစီးမှုဖြစ်ခြင်းများကိုလည်း လျော့ချပေးပါတယ်။
(4)Lemon Balm
နှလုံးကျန်းမာရေးနဲ့ဝိတ်ထိန်းသူများအတွက်
အသင့်လျော်ဆုံး Lemon Balm Herbal Tea
လီမွန်ခြောက်ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့်၊
သွေးလွှတ်ကြောတင်းမာမှုကို
ပိုမိုကောင်းမွန်စေတာကြောင့် နှလုံးရောဂါ၊
လေဖြတ်ခြင်းနှင့် စိတ်ဖိစီးမှုဖြစ်ခြင်းများမှ
ကင်းဝေးစေပါတယ်ရှင်
(5)Rose Tea
ပျိုမေတို့အများဆုံးသောက်ရတာ
နှစ်ခြိုက်တဲ့ နှင်းဆီဖူးခြောက်
နှင်းဆီဖူးခြောက်မှာ Vitamin-C နဲ့ Anitoxidant
ဓာတ်များစွာပါဝင်တာကြောင့် အရွယ်မတိုင်ခင်
အိုမင်းရင့်ရော်မှုများမှကာကွယ်တားဆီးပေးတဲ့အပြင်၊ အသားအရေကိုလည်း ကြည်လင်စိုပြေစေပါတယ်။
Vitamin-C ပါတာကြောင့် ခန္ဓာကိုယ်
အလေးချိန်ကိုလည်း ထိန်းညှိုပေးပါတယ်။
ဒီလောက်ဆိုရင် ဘယ်လို Herbal Tea
အမျိုးအစားလေးကို သောက်သင့်သလဲဆိုတာ
သိလောက်ပြီလို့ ထင်ပါတယ်နော်
#myanmartea
#HerbalTea