🌱 မြန်မာ့တာမိုးညဲတုန့်တင် ဝူးလုံနှင့် ဝူးလုံ လက်ဖက်ခြောက်များ
Tea Art Company Limited မှထုတ်လုပ်သော 🌱ဝူးလုံလက်ဖက်ခြောက်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုနယ် တာမိုးညဲဒေသ ⛰တောင်တန်းများပေါ်တွင်စိုက်ပျိုးထားပါသည်။
🌱 လက်ဖက်ခြောက်အမျိုးစားများကို အဓိကနေနဲ့ ပြုလုပ်နည်းနှင့် oxidation ပေါ်မှာမှုတည်ပြီး White Tea, Green Tea, Black Tea, Oolong Tea, Pu-erh Tea ဆိုပြီးကွဲပြားကြပါတယ်။
🌱 Oolong Tea ကတော့ Black tea လောက် oxidation မများ၊ Green Tea လောက်လည်း oxidation မနည်းပဲ ပြုလုပ်ထားသော လက်ဖက်ခြောက်အမျိုးစားဖြစ်ပါသည်။
ပြည်တွင်းဖြစ် 🌱Oolong Tea ကောင်းကောင်းသောက်ချင်ရင်တော့ Tea Art Company Limited မှထုတ်လုပ်တဲ့ တာမိုးညဲတုန့်တင် ဝူးလုံနှင့် ဝူးလုံ လက်ဖက်ခြောက်များကို ဝယ်ယူအားပေးနိုင်ပါတယ်။
ရှေးတုန်းက တရုတ်ပြည်မှာ တရုတ်ဗုဒ္ဓဘာသာ ဘုန်ကြီးများက ဝူးလုံ(Oolong) လက်ဖက်ခြောက်ပြုလုပ်ရန်အတွက် 🐒မျောက်များကို 🌱လက်ဖက်ရွက်ခူးတတ်ရန် သင်ကြားပေးထားလေ့ရှိပါသည်။
ပုံပြင်တစ်ခုလိုပြောတတ်ကြတာကတော့ ရှေးတုန်းက လူတွေလက်လှမ်းမမှီနိုင်သော အရမ်းမြင့်တဲ့တောင်နဲ့ခြောက်ကမ်းပါးတွေမှာပေါက်ရောက်နေတဲ့ လက်ဖက်တွေကတန်ဖိုးကြီးတယ်ဆိုပြီး🐒မျောက်များကို အရွက်ခူးနည်းသင်ပေးပြီး ခူးခိုင်းလေ့ရှိပါတယ်။
ထိုဖြစ်စဥ်ကိုအမှီပြုပြီး Monkey Picked Tea (မျောက်ခူးတဲ့လက်ဖက်ရွက်) ဟုခေါ်ဆိုသည့် လက်ဖက်ခြောက်အမျိုးစားပေါ်ထွန်းခဲ့ပါတယ်။ Monkey Picked Tea ဟာယနေ့ထိရရှိနိုင်ပြီး၊ အခုချိန်မှာတော့ တစ်ကယ့်မျောက်များမှခူးပေးထားခြင်းတော့မဟုတ်တော့ပဲ ရှေးယခင်ဖြစ်စဥ်ကိုသာ အမှီပြု၍ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။
အခု ဝူးလုံလက်ဖက်ခြောက်ကောင်းကောင်းသောက်ဖို့ တရုတ်ပြည်ထိသွားပြီး မျောက်ကိုခူးခိုင်းဖို့မလိုတော့ဘူးနော်။ Quality အရမ်းကောင်တဲ့ ပြည်တွင်းဖြစ် တာမိုးညဲဒေသမှထွက်တဲ့ ဝူးလုံနဲ့ တုန့်တင်ဝူးလုံလက်ဖက်ခြောက်များကို အခုပဲဝယ်ယူလိုက်ပါ။
💖အချိုပြန်လို့ အရမ်းကြိုက် “တာမိုးညဲ ဝူးလုံ”
အဆင့်မြင့် လက်ဖက်ခြောက်
ဖန်ခါးပြေပြစ်ပြီး သောက်လိုက်ရင်
လည်ချောင်းမှာ အချိုပြန်တဲ့ တာမိုးညဲ ဝူးလုံ နဲ့
တာမိုးညဲ တုန့်တင်ဝူးလုံ ဆိုပြီး အမျိုးအစား
နှစ်မျိုးရှိပါတယ်ရှင်
🖤 အမဲရောင် “တုန့်တင်ဝူးလုံ” လေးက
💛 အဝါရောင် “ဝူးလုံ” လေးထက်
အဖန်ဓာတ်ပိုပါတယ်နော်
😍ရွေးချယ်စရာ သံဘူးကြီး (Tea Box) နဲ့
စိမ်သောက်ရတဲ့ အထုပ်လေးတွေပါတဲ့
(Tea Bags)အထုပ်ဆိုပြီး အမျိုးအစားများရှိလို့
ကြိုက်နှစ်သက်ရာကို ဝယ်ယူရရှိနိုင်ပါတယ်ရှင်
🖤 တာမိုးညဲ တုန့်တင် (ဝူးလုံ) Tea Box (150g)
🖤 တာမိုးညဲ တုန့်တင် (ဝူးလုံ) Tea Bags (20bags)
💛 တာမိုးညဲ (ဝူးလုံ) Tea Box (150g)
💛 တာမိုးညဲ (ဝူးလုံ) Tea Bags (20bags)
#တာမိုးညဲ
#ProductOfMyanmar
#oolongtea