☕"ဦးကာက ဒေါ်စိန် - Black Tea အချိုခြောက်"☕
အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့
လက်ဖက်ရည်ကောင်းကောင်းကိုမှ
စွဲစွဲလန်းလန်း ကြိုက်ကြတဲ့သူတွေအတွက်.... ☕
လက်ဖက်ရည်ဖျော်စပ်ရာမှာ အဓိက "ခရာ'"
အကျဆုံး ပါဝင်ပစ္စည်းတစ်ခုကတော့ အချိုခြောက်ပါ....
အချိုခြောက်ကောင်းကောင်းကို အသုံးပြုပြီး ဖျော်စပ်မှသာ တကယ့်အနှစ်ကျတဲ့ စွဲမက်ဖွယ် အရသာလေးကို ခံစားနိုင်မှာ အသေအချာပါပဲ....
ဒီလိုအရသာတွေကို ခံစားစေနိုင်ဖို့
☕"ဦးကာက" မှ "Black Tea အချိုခြောက်" ☕ ကို
လက်ဖက်ရည်ကောင်းကောင်းကြိုက်သူတွေအတွက် ထုတ်လုပ်ပေးထားပါတယ်...
✨Crush, Tear, Curl ဆိုတဲ့ CTC Process နဲ့
ထုတ်လုပ်ထားပြီး အရောင်ဆိုးဆေးများ
လုံးဝ (လုံးဝ) မပါဝင်တာကြောင့်
ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်....
*ISO:9001:2015,
HACCP Certification နဲ့
FDA * လက်မှတ်များလည်းရရှိထားပြီးဖြစ်တဲ့အတွက် Product Quality က ပြောပြနေစရာတောင်မလိုတော့ပါဘူး.... ✨
ဆိုင်ဖျော်တွေ အရမ်းချိုလို့ မနှစ်သက်တဲ့သူတွေအတွက်မိမိအိမ်မှာပဲ ဇိမ်လေးနဲ့ အချိုးကျကျလေး ဖျော်စပ်ကာစိတ်တိုင်းကျသောက်သုံးနိုင်ဖို့အတွက်
"ဦးကာက ရဲ့ Black Tea အချိုခြောက်လေး" ရှိနေပါပြီ....
တစ်နေ့တာလုံးအလုပ်တွေရှုပ်နေလို့ စိတ်ဖိစီးမူတွေကို ခေတ္တလျှော့ချတဲ့ Tea Timeမှာ ဦးကာကဒေါ်စိန်အချိုခြောက်(Black Tea)နဲ့ ဖျော်ထားတဲ့လက်ဖက်ရည်ကောင်းလေးတစ်ခွက်ကို အဖော်ပြုပြီး စွမ်းအင်များကိုပြန်လည်ရယူလိုက်ပါ။
🤎လက်ဖက်ရည်မှာပါဝင်သော ကဖင်းဓာတ်က ဦးနှောက်ဥာဏ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေကာ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။
🤎ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းမွန်စေကာ နာတာရှည်ရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေပြီး ဘက်တီးရီးယားများအန္တရာယ်မှ ကာကွယ်ပေးပါတယ်ရှင်
🤎ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပေးတဲ့ လက်ဖက်ရည်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်သုံးပေးကြပါလို့ မင်မင်တိုက်တွန်းလိုက်ပါရစေ။
☕အကောင်းဆုံးလက်ဖက်ရည်တစ်ခွက်ရရှိဖို့ ဆိုင်ဖျော်၊ အိမ်ဖျော် စွယ်စုံသုံး အားလုံးအဆင်ပြေတဲ့ ဦးကာက⭐ဒေါ်စိန် အချိုခြောက် (Black Tea)
☕"ဇိမ်အပြည့်နဲ့ ဖျော်ကာသောက်
ဦးကာက ရဲ့ Black Tea အချိုခြောက်"☕
---------------------------------------------------
ဦးကာကဒေါ်စိန် Black Tea နဲ့ လက်ဖက်ရည်ချိုစိမ့် ဖျော်နည်းလေးတင်ပေးလိုက်ပါတယ်။
အချိုမကြိုက်ရင်တော့ နို့ဆီလျှော့ပြီး နို့စိမ်းပိုထည့်ပြီး သောက်သုံးနိုင်ပါတယ်။
☕ လက်ဖက်ရည်ချိုစိမ့်ဖျော်နည်း ☕
ပထမဦးဆုံး အချိုခြောက် ထမင်းစားဇွန်း ၃ဇွန်းကို ရေတစ်လီတာနဲ့ ပွက်ပွက်ဆူအောင် မိနစ် ၁၀ခန့်တယ်ပါ။ ပြီးရင် မီးပိတ်ပြီး မိနစ်၃၀ခန့်နှပ်ထားပေးပါ။
ရေတစ်လီတာ နဲ့ အချိုခြောက် ထမင်းစားဇွန်း၃ဇွန်းကိုနှပ်ရင် ပုံမှန်မက်ခွက်နဲ့ဆိုရင် ပျမ်းမျှ၃ခွက်လောက်ရပါတယ်။
မိနစ်၃၀လောက်နှပ်ပြီးရင် ဇကာနဲ့အချိုခြောက်ဖက်များကို စစ်ပေးပါ။
ချိုစိမ့်အတွက် ဖျော်တဲ့အချိုးစားကတော့ အကျရည် 250ml ကို နို့ဆီထမင်းစားဇွန်း ၃ဇွန်းခွဲနဲ့ နို့စိမ်းထမင်းစားဇွန်း ၃ဇွန်းထည့်ပါတယ်။ ပြီးရင်ဆားလေးနဲနဲထည့်ပါတယ် အရသာပိုကောင်းစေတာမို့လို့ပါ။
---------------------------------------------------
🧋အရသာအရှိဆုံး Bubble Teaတစ်ခွက်🧋
🤗 လိုအပ်သောပစ္စည်းများ-
🌿 အချိုခြောက််လက်ဖက်ရည်ဇွန်း၁ဇွန်း
🫖 ရေနွေးဆူဆူ 150ml
😍 Creamer 30ml
🥛 နို့ဆီ+နို့စိမ်း 35ml
🍯 သကြားအရည် 20ml
🧊 ရေခဲ
ပထမဦးစွာ ရေနွေး 150ml နဲ့ လက်ဖက်အချိူခြောက်မှုန့် ကိုရောပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။ နှပ်ထားသော လက်ဖက်အရည်ကို ဇကာနှင့် အရည်စစ်ပြီး Shaker ထဲအရင်ထည့်ပါ။ ထို့နောက် သကြားရည် 20ml ထည့်ပါ။ ရေခဲ 2 ခဲထည့်ပါ။ နို့ဆီနို့စိမ်း 35ml ထည့်ပြီး အားလုံးကိုရောပြီး shake ပါ။ ထည့်မည့်ခွက်ထဲကိုBubbleစေ့လိုသ လောက်ထည့်ပါ။ ပြီးရင် shake ထားသော အရသာအရည်တွေကို အပေါ်က လောင်းထည့်ပါ။ (အချိူကြိုက်ရင် သကြားရည် နို့ဆီ လိုသလိုထည့်လို့ရပါတယ်။
---------------------------------------------------
🍹ရင်ထဲကိုအေးမြသွားစေမယ့် Ice Lemon Tea🍹
အေးအေးလေး နဲ့ မောနေသမျှကို
ဖြေဖျောက်ပေးမယ့် Ice Lemon Tea
လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်
🤗 လိုအပ်သောပစ္စည်းများ-
🌿 အချိုခြောက် (Black Tea)
🍋 သံပရိုသီး
🍯 သကြား
🧊 ရေခဲ
- ရေ (750ml) ထဲကို အချိုခြောက် ထမင်း
စားဇွန်း ၁ဇွန်းခွဲခန့်ထည့်ပြီး ပွက်ပွက်ဆူသည်
အထိ ၅မိနစ်ခန့် ဆက်တည်ပါ။
- ပွက်ပွက်ဆူနေသော အကျရည်များကို ခဏ
အအေးခံပြီး အရည်များကို ဇကာနဲ့စစ်ချပါ။
ထို့နောက် အကျရည်ထဲသို့ သံပရိုသီးအရည်
ထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး မိမိအချို
လိုသလောက် သကြားကို ထည့်ပါ။
- နောက်ဆုံးအဆင့် အနေနဲ့ကတော့ အအေးခံပြီး
သောက်သုံးလို့ရပါပြီရှင်
❣️ရင်ထဲကို ပိုပြီး အေးမြစေချင်ရင်တော့ ခွက်ထဲကို
ရေခဲတုံးများများထည့်ပြီးလည်း သောက်သုံး
နိုင်ပါတယ်နော်
#UKarKa #ဦးကာက
#Black_Tea #အချိုခြောက်
#လက်ဖက်ရည် #Tea