U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series
U Kar Ka_Floral Tea Series

U Kar Ka_Floral Tea Series

🌸 ရနံ့သင်းကာ ဆေးဖက်ဝင်တဲ့ Foral Tea Series

လက်ဖက်ခြောက်ဟာ ကျန်းမာရေးအတွက်လွန်စွာ အထောက်အကူပြုစေတာ လူတိုင်းသိရှိပြီးသားမို့လို့ အထူးတစ်လည်ရှင်းပြပေးနေစရာတောင် မလိုတော့ပါဘူး။

🌹🌿 💮 Floral Tea များဟာဆိုရင်လဲ အနံ့ကုထုံးပါ၀င်တာကြောင့် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ အေးအေးဆေးဆေး အနားယူပြီး သေချာအနံ့အရသာခံကာသောက်သုံး​သင့်တဲ့ လက်ဖက်​ခြောက်အမျိုးစားများပါ။

ဒီတော့ နှင်းဆီပွင့်ဖက်လေးတွေ သနပ်ခါးပန်း နဲ့ စံပယ်ပန်းလေးတွေကို အသုံးပြုထုတ်လုပ်ထားတဲ့
“ဦးကာက ဒေါ်စိန်” Floral Tea Series လက်ဖက်
ခြောက်များအကြောင်းကို အသေးစိတ် ရှင်းပြပေး
ထားပါတယ်ရှင်

❤️ နှင်းဆီပန်းလက်ဖက်ခြောက် ❤️

🌹ရှေးနှစ်ပေါင်းများစွာထဲက နှင်းဆီနဲ့နှင်းဆီပွင့်ဖတ်များကိုအလှဆင်ရန်သာမဟုတ်ပဲ အလှအပရေးရာ ကုန်ပစ္စည်းများ၊ အမွှေးဆီ နဲ့ အစားသောက်များပြုလုပ်ရာမှာလည်းအသုံးပြုကြပါတယ်။

🌹နှင်းဆီပွင့်ဖက်များမှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေတဲ့Vitamin C များစွာပါ၀င်ပြီး Vitamin A၊ Polyphenol (ပိုလီဖလင်) နှင့် antioxidant များ ပါ၀င်ပါတယ်။

🌹သဘာဝနှင်းဆီပန်း နဲ့ ရွှေဖီမိုဃ်းလွတ် လက်ဖက်
ခြောက်များကို အချိုးကျ ရောစပ်ထားတဲ့ “ဦးကာက
ဒေါ်စိန်” နှင်းဆီပန်းရနံ့ လက်ဖက်ခြောက်လေးကို
ပုံမှန်သောက်သုံးပေးခြင်းဖြင့်...
👉 အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းများကို ကာကွယ်ပေးပါတယ်။
👉 အမျိုးသမီးများအတွက်လဲ ရာသီမှန်စေပြီး၊ ရာသီလာချိန် နာကျင်ကိုက်ခဲခြင်းများကိုလဲ သက်သာစေပါတယ်။
👉 ဆီးရွှင်စေပြီး ကိုယ်ခန္ဓာခုခံအားစနစ်ကိုလဲ
မြှင့်တင် ပေးပါတယ်။
👉 ကိုယ်အလေးချိန်ကျစေပါတယ်။
အသားရည်ကို နူးညံ့​ချောမွတ်​စေပါတယ်။
👉 စွဲမက်ဖွယ် နှင်းဆီရနံ့ကြောင့် စိတ်ဖိစီးမှုကင်းကာ ပင်ပန်းနွမ်းနေမှုများကို ပြေပျောက်စေတဲ့ အပြင် ခန္ဓာကိုယ် ခုခံအားကိုလည်း မြှင့်တင်ပေးပါတယ်ရှင်

💛 သနပ်ခါးပန်း လက်ဖက်ခြောက် 💛

🌿 လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကျော်တည်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ သနပ်ခါးပန်းလက်ဖက်ခြောက်ကို ခေတ်မှီဘူးဒီဇိုင်းဖြင့်ဝယ်ယူနိုင်ပါပြီ။

🌿 အခုသနပ်ခါးပန်းက ကျ​တော်တို့​ရွှေမြန်မာ​တွေလိမ်း​နေကြ သနပ်ခါးပင်က​တော့မဟုတ်ပါဘူးခင်ဗျ။

🌿 ယင်းမာတမာမျိုးရင်း Family Meliaceae ဖြစ်ပါတယ်။ သနပ်ခါးပန်းကို English လို Chinese Perfume Plant လို့ ခေါ် ပြီး သိပ္ပံနာမည် Aglaia Odorata လို့ ခေါ်ဆိုကြပါတယ်။

🌿 သနပ်ခါးပန်းဟာ အာရှဘက်မှာသာ ပေါက်လေ့ရှိပြီး မြန်မာ၊ တရုတ်၊ ၊ကမ္ဘောဒီးယား၊ လာအို၊ ထိုင်ဝမ်၊ အင်ဒီုနီးရှား နှင် ဗီယမ်နမ်တို့မှာ တွေ့ ရှိနိုင်ပါတယ်။

🌿 သနပ်ခါးပန်းပင်ရဲ့ အမြစ်၊ အကိုင်း၊ ပန်းနှင့်သစ်ရွက်များဟာလဲ ဆေးဘက်၀င်လှပါလို့ တစ်ပင်လုံး ဆေးဘက်ဝင်တဲ့အပင်လို့ ဆိုလိုရင်လဲမမှားပါဘူး။

🌿 ခူးခူးပြီးချင်း စက်ရုံသို့ ရောက်ရှိလာတဲ့ ယင်းမာအနွယ်ဝင် သနပ်ခါးပန်းအမျိုးအစား နဲ့
ရွှေဖီမိုဃ်းလွတ် လက်ဖက်ခြောက် ကို သေချာ ဂရုတစိုက် အချိုးကျ ရောစပ်ကာ ထုတ်လုပ်ထားတာကြောင့် သနပ်ခါးရနံ့သင်းသင်းလေး နဲ့ အရသာလေးလေး သောက်လိုက်ရင် ထူးကဲပြီး အရသာလေးလေးပင်ဖြစ်တာကြောင့် လူကြီးများနှစ်ခြိုက်နေရတဲ့အ​ပြင် ကျန်းမာရေးအတွက်လည်းကောင်းကျိုးပြုစေပါသည်။

🌿 သနပ်ခါးပန်းလက်ဖက်ခြောက်ကို သောက်သုံးပေးခြင်းဖြင့်...
👉 အပူကျစေပါတယ်
👉 ဖျားနာခြင်းများကိုလဲ သက်သာ​​စေပါတယ်
👉 ပါးစပ်အနာ ပေါက်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်
👉 သွေးလည်ပတ်မှုကောင်းစေပါတယ်
👉 အဆုပ်အားကောင်းစေပါတယ်။

💮 စံပယ်ပန်းလက်ဖက်ခြောက်သည် အရည်အသွေးမြင့် လက်ဖက်ရွက်များကို မွှေးပျံ့လတ်ဆတ်သော စံပယ်ပန်းများနှင့် ရောစပ်အနံ့ကူးကာ စီမံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ထိုကဲ့သို့အနံ့ကူးခြင်းအဆင့်ကို ၄၈ နာရီမှ နာရီ ၅၀ အထိအချိန်ယူကာ အကောင်းဆုံးသော မွှေးရနံ့ရရှိသည်အထိ လတ်ဆတ်သော စံပယ်ပန်းအသစ်များကို အကြိမ်ကြိမ်လဲလည်ကာ ပြုလုပ်ထားပါသည်။

#ဦးကာကဒေါ်စိန်
#driedtealeaf
#Floralteaseries