🌼အလွန်ဆေးဘက်ဝင်သော ချာမိုမိုင်းပန်း🌼
🌼Chamomile ဟာ ဒေစီအနွယ်ဝင်ပန်းအဖြူနဲ့အဝါအပွင့်လေးတွေဖြစ်ပါတယ်။🌼 ချာမိုမိုင်းပန်းဟာ ဥရောပ နှင့် အနောက်အာရှတိုက်မှာ အစပြုခဲ့တဲ့ပန်းအမျိုးစားဖြစ်ပြီး ဆေးဘက်အလွန်ဝင်တာကြောင့် ရှေးအခါက အီဂျစ်၊ရိုမန်နှင့်ဂရိလူမျိုးများ အထူးတန်ဖိုးထားခဲ့တဲ့ပန်းအမျိူးစာဖြစ်ပါသည်။
ရှေးအခါကအီဂျစ်မှာ🌼 ချာမိုမိုင်းပန်းဟာရှားပါးတန်ဖိုးကြီးပန်းဖြစ်ပြီး နေနတ်ဘုရား၏သားတော်မှ ပေးသနားတဲ့ပန်းလို့တောင်တင်စားခဲ့ကြပါတယ်။
500BCလောက်မှာ အီဂျစ်၊ရိုမန်နှင့်ဂရိနိုင်ငံများမှာရာသီဉတုပူပြင်းခြောက်သွေ့ချိန်များတွင်အပူကျစေရန်🌼 ချာမိုမိုင်း tea ကိုသောက်သုံးပေးကြပြီး ရောင်ရမ်းခြင်းနှင့် အဆုတ်ဝေသနာများကုသခြင်းများတွင်လည်းအသုံးပြုခဲ့ကြသည်။
15th century အလယ်ခတ်ရောက်လာတဲ့အခါမှာတော့ 🌼Chamomile ကိုဆေးဘက်ဝင်ပန်းဖြစ်အသုံးပြုခြင်းကပိုမိုတွင်ကျယ်လာပြီး သမားတော်များ၏ဆေးစာတွင် သာမန်ဖျားနာခြင်းများအတွက် Chamomile Tea သောက်သုံးပေးရန်ထည့်သွင်းလာကြသည်။
🍵Herbal Tea အမျိုးစားအများကြီးထဲမှာ 🌼 Chamomile Teaဟာ ဆေးဘက်ဝင်တဲ့ အာနိသင်များစွာပါရှိတာမို့လို့ အထူးလူကြိုက်များပြီး သောက်သုံးမှုအမြင့်ဆုံး Herbal Tea အမျိုးစားဖြစ်ပြီး၊ စစ်တမ်းများအရ နေ့စဉ်နေ့တိုင်း ကမ္ဘာပေါ်တွင်ခွက်ပေါင်းသန်းနဲ့ချီသောက်သုံးကြသည်။
🌼 အလုပ်ခွင်မှာစိတ်ပင်ပန်းခြင်းနှင့် စိတ်ဖိဆီးမှုများကိုလျော့ချပေးပြီး ညဘက်အိပ်မပျော်သူများ အနေဖြင့်ညမအိပ်ခင်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် နှစ်ချိုက်စွာအိပ်ပျော်စေနိုင်ပါသည်။
😴 🌼 Tea lovers လေးတွေ အလုပ်တွေရှုတ်ပြီး စိတ်ဖိစီးမှုများလို့ ညဘက်မှာ 🦉ဇီးကွက်လေးတွေဖြစ်နေရင် ညဘက်ကောင်းကောင်အိပ်ပျော်စေတဲ့ Chamomile tea လေးတစ်ခွက်ကိုမအိပ်ခင် ၁နာရီအလိုမှာသောက်သုံးပေးလိုက်ပါနော်။ 😴 🌼
🌼 Chamomile tea သောက်သုံးပေးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့▪️▪️▪️
✅စိတ်ဖိစီးမှုကိုလျော့ချပေးပါတယ်။
🌼စိတ်ကိုတည်ငြိမ်စေလို့ ညဘက်အိပ်မပျော်တဲ့ လူများသောက်သုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
🌼စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကိုလဲလျော့ချပေးပြီး စိတ်နှင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။
✅အိပ်ချင်စိတ်ကိုမြင့်တင်ပေးပါတယ်။
✅ ခန္ဓာကိုယ်ခုခံအား စနစ်ကိုကောင်းမွန်စေပါတယ်။
✅ကြွက်သားများကိုတောင့်တင်းသန်မာစေပါသည်။
✅အရေပြားယားရံခြင်းကို သက်သာစေပါတယ်။
✅ခန္ဓာကိုယ်ရောင်ယမ်းခြင်းများကို သက်သာစေပါတယ်။
✅ ဗိုက်အောင့်ခြင်း နဲ့ အမျိုးသမီးများရာသီလာချိန်ကိုက်ခဲခြင်းများကို ပျောက်ကင်းစေပါတယ်။
✅အအေးမိခြင်းများကိုလဲကာကွယ်ပေးပါတယ်။
🌼 chamomile ကို ရေနွေးဖြင့်လောင်းပြီး ရူရှိက်ပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။
✅ဆီးရွှင်စေပါတယ်။
🌼ဆီးလမ်းကြောင်းကျမ်းမာရေးကိုကောင်းမွန်စေပြီး ဆီးအောင့်ခြင်း ဆီးပူခြင်းများကိုလဲသက်သာစေပါတယ်။
✅သွေးလည်ပတ်မှုကိုထိန်းညှိပေးပါတယ်။
✅ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများကိုလဲသက်သာစေပါတယ်။
✅ အသည်းကိုကာကွယ်ပေးပါတယ်။
#Myanmartea
#youarewhatyoueat