Mountaineer Coffee ရဲ့ နာမည်ကြီး Dark Roast
Mountaineer Coffee's famous Fully Washed Dark Roast
Arabica Coffee အမျိုးနွယ်ဝင် Catimor Coffee Beans ကိုအသုံးပြုပြီး Roasting Dark Level မှာလှော်ထားတဲ့ Dark Roast ဟာ Mountaineer Coffee ရဲ့ ရောင်းအားအကောင်းဆုံး နာမည်ကြီး Coffee Product တစ်ခုပဲဖြစ်ပါတယ် 💯
Using Fully Washed Process Catimor Coffee Beans, belonging to the Arabica Coffee family, and roasting it to the Dark Roast level, Moutaineer’s Dark Roast is one of our best-selling items 💯
Roasted Nuts, Chocolate, Honey, Spices တို့ သဘာဝအတိုင်းပေါင်းစပ်ပါဝင်နေတဲ့ Dark Roast ဟာ အိမ်ဖျော်နှပ်ကော်ဖီပဲဖြစ်ဖြစ် ဆိုင်သုံးအတွက်ပဲဖြစ်ဖြစ် အထူးသင့်လျော်ပါတယ်။
Milk Based Coffee menu တွေအပါအဝင်ကော်ဖီ menu အားလုံးအတွက် အထူးသင့်လျော်ပါတယ်။ Mountaineer Coffee Beansတွေ ဟာ 100% Single Origin Arabica ဖြစ်တာကြောင့် အရသာပိုင်းမှာ အထူးကောင်းမွန်နေဖို့ အာမခံပါတယ်။ ဒါ့အပြင် အကြမ်းအားဖြင့် caffeine ပါဝင်မှုဟာလည်း Robusta Coffee အမျိုးစားရဲ့ တစ်ဝက်လောက်ပဲပါတာမလို့ Caffeine ဓာတ်ကို အရမ်းမကြိုက်သူတွေအတွက်လည်းအဆင်ပြေပါတယ်။
Dark Roast contains a natural flavour combination of Roasted Nuts, Chocolate, Honey, and Spices. It is suitable for home brewed coffee and for your coffee related businesses. It is also suitable for all type of coffee drinks, including all milk-based coffee. Since it is 100 % Single Origin Arabica, it’s unique flavours cannot be found elsewhere, only at Mountaineer Coffee. With a caffeine content roughly half of Robusta’s, it is usually better for people who are sensitive to caffeine.
100% Single Origin Arabica Coffee Beans ရဲ့ စစ်မှန်ကောင်းမွန်တဲ့အရသာတွေကိုခံစားဖို့အတွက် Mountaineer ရဲ့ Dark Roast နဲ့ စတင်လိုက်ပါ ☕
Start with Mountaineer's famous Dark Roast and experience the true definition of 100 % Single Origin Arabica. ☕
------------------------------------------------------
ပြီးပြည့်စုံတဲ့ Americano တစ်ခွက်ဟာ Mountaineer ရဲ့ Dark Roast နဲ့မှ ဖြစ်မှာပါ 💯☕
A perfect cup of Americano made with Mountaineer's Dark Roast.💯☕
သင်ဟာ Americano Fan တစ်ယောက်ဆိုရင် Mountaineer ရဲ့ Dark Roast နဲ့ ဖျော်ထားတဲ့ Americano ကို သောက်ကိုသောက်ကြည့်သင့်နေပါပြီ 🤩
If you are an Americano fan, you should try Mountaineer Coffee Shop’s Americano. A perfect balance of bitterness, sweetness, and good acidity. 🤩
ပြီးပြည့်စုံသော Americano တစ်ခွက်ရဖို့ အတွက် Mountaineer ရဲ့ Dark Roast Coffee Beans ပဲ လိုအပ်ပါတယ် ☕
Mountaineer's Dark Roast Coffee Beans is all you need to make the perfect cup of Americano. ☕
------------------------------------------------------
Dark Roast နဲ့ နှပ်ကော်ဖီဖျော်မယ် ☕️
Let’s brew Homebrew Coffee with Dark Roast. ☕️
ဘာပစ္စည်းအကူညီမှမလိုပဲ အရသာရှိတဲ့ နှပ်ကော်ဖီတစ်ခွက်ရဖို့အတွက် Mountaineer Coffee ရဲ့ Dark Roast ပဲလိုအပ်ပါတယ်😉
All you need is Mountaineer Coffee's Dark Roast to brew a cup of delicious Homebrew coffee without any equipment. 😉
🟤ကော်ဖီခွက်ထဲသို့ ကော်ဖီမှုန့် ပုံမှန်စားပွဲတင်ဇွန်း တစ်ဇွန်း ၁ ဇွန်းထည့်ပါ။
🟤Add 1 tablespoon of ground coffee to a cup.
🟡နို့မှုန့် သို့မဟုတ် creamer နှင့် သကြားကို လက်ဖက်စားဇွန်း ၂ ဇွန်းထည့်။
🟡Add 1 to 2 teaspoons of milk or creamer and sugar as desired
🟤ပြီးလျှင် ရေနွေးလိုသလောက်ထည့်ပြီး သေချာစွာမွှေပါ။
🟤Then add hot water and stir thoroughly.
🟡Ground Coffee ဖြစ်တဲ့အတွက် အမှုန့်များဟာ ရေတွင် မပျော်ဝင်နိုင်တဲ့အတွက် ၃ မိနစ် မှ ၅ မိနစ်အထိ အနှယ်များကျသွားအောင်စောင့်ပါ။ ဒါမှမဟုတ် ကော်ဖီမှုန့်စစ်ဇကာကို အသုံးပြု၍လည်း ကော်ဖီအမှုန့်များကို စစ်ထုတ်လို့ရပါတယ်ခင်ဗျ
🟡Since ground coffee does not dissolve in water, wait 3 to 5 minutes for the coffee to settle to the bottom of the cup. Alternatively, you can use a strainer to strain out the ground coffee.
ဒါဆိုရင်တော့ အရသာရှိတဲ့ နှပ်ကော်ဖီတစ်ခွက်ကို သင်ကိုယ်တိုင်အလွယ်တကူဖျော်စပ်သောက်သုံးနိုင်ပါပြီ။💯
You can now easily brew and drink a cup of delicious Homebrew Coffee. 💯
မှတ်ချက် - သင်ဟာ နှပ်ကော်ဖီသောက်နေကျသူဖြစ်ပါက သင့်ကိုယ်ပိုင်ဖျော်စပ်ပုံအတိုင်းလည်း ဖျော်စပ်၍ရသလို ကော်ဖီမှုန့် ၊ နို့မှုန် နှင့် သကြားပါဝင်မှုကိုလည်း မိမိတို့လိုအပ်သလို လိုတိုးပိုလျော့ပြုလုပ်၍ သောက်သုံးနိုင်ပါတယ်ခင်ဗျ☕️
Note: Feel free to adjust the desired amount of ground coffee, milk powder and sugar according to your taste preference. Experiment and enjoy!! ☕️
#mountaineer
#supportlocalbrand