ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်
ထူဗျန်းဘီး_သစ်ခေါင်းပျားရည်

ထူဗျန်းဘီး_သစ်ခေါင်းပျားရည်

"သဘာဝ ကပေးသောချိုမြိန််မှုအရသာ"

ပျားရည်ကို သုံးစွဲခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ 💁🍯

🍯 ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း
ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

🍯 ရောဂါပိုးသေစေသော အာနိသင်ရှိခြင်း
သုတေသနတွေအရ ပျားရည်မှာ ဘက်တီးရီးယားများနဲ့ မှိုများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ ရောဂါပိုးများကို သေစေနိုင်ပါတယ်။

🍯 အနာကျက်မြန်စေခြင်း
ပျားရည်ဟာ ရောဂါပိုးများကို သေစေတဲ့အပြင် တစ်သျှူးများကို အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ အားပေးကူညီတာကြောင့် အနာကျက်မြန်စေပါတယ်။ နိုင်ငံတချို့က ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာများကို ကုသရာမှာ ပျားရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သာမန်ပျားရည်အတိုင်း အနာကုသရာမှာ အသုံးပြုခြင်းတော့ မဟုတ်ပါဘူး။ ဆေးဝါးအဆင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထုတ်လုပ်ရပါသေးတယ်။

🍯 စွမ်းအင်ပြည့်ဝစေခြင်း
ပျားရည်ဟာ သင့်ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေ ပေးနိုင်ပါတယ် မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ညောင်းညာကိုက်ခဲနေခြင်း စတာတွေကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နံနက်စောစောမှာ ပျားရည်တဇွန်းကို ရေနွေးတခွက်နဲ့ သောက်ပေးခြင်းဟာ သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။

🍯 အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း အစာအိမ်အနာဖြစ်စေနိုင်တဲ့ H Pylori ဘက်တီးရီးယားကို ကုသရာမှာ ပျားရည်ကလည်း အားဖြည့်ကူညီပေးနိုင်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ဝမ်းပျက်ခြင်းအတွက် ပျားရည်ကို ဆေးအနေနဲ့ အသုံးပြုပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နိုင်ဖို့ အထောက်အကူပြုပါတယ်။

🍯 အအေးမိတုပ်ကွေးကို သက်သာစေခြင်း
အအေးမိချောင်းဆိုးပြီး လည်ချောင်းနာချိန်မှာ ပျားရည်ဟာ ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ ရေနွေးထဲမှာ သံပုရာသီး ညှစ်ထည်ပြီး ပျားရည်ထည့်သောက်ခြင်းဟာ လည်ချောင်းနာခြင်းနဲ့ အအေးမိတုပ်ကွေးကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

ဒီတော့...

🐝🐝🐝ပျားရည်ဆို အစစ်လည်းဖြစ်ရမယ်၊ ဆေးဖက်လည်း၀င်မှ သုံးစွဲချင်တဲ့ အမျိုးတို့အတွက်

🔊 "ထူဗျန်းဘီး" မှ ထုတ်လုပ်ထားတဲ့ သဘာ၀
သစ်ခေါင်းပျားရည် နဲ့ မိတ်ဆက်ပေးပါရစေ

🐝 သဘာ၀ သစ်ခေါင်းပျားရည် ကဆိုရင် တောအုပ်ထဲမှာပဲ ရနိုင်တဲ့ သဘာဝစစ်စစ်ပျားရည်ပဲ ဖြစ်ပါတယ်။

🐝 သစ်ပင်ကြီးတွေရဲ့မှောင်မဲလှတဲ့ သစ်ပင်အခေါင်းတွေကနေ ရရှိလာတဲ့ ပျားရည်စစ်စစ်တွေပဲဖြစ်ပါတယ်

🐝 ရရှိလာတဲ့ ပျားရည်ကို သေချာစစ်ပြီးမှ သုံးစွဲလို့ရတဲ့ ပျားရည် အဖြစ် အဆင့်ဆင်ထုပ်ပိုးထားပါတယ်

🐝 သဘာ၀ သစ်ခေါင်းပျားရည် ကို ၄လပိုင်း ၊ ၅လပိုင်းမှာသာ ရရှိနိုင်ပါတယ်။💁🐝

🐝 အခုလို အဆင့်ဆင့်တွေနဲ့ သေချာ ကျော်ဖြတ်ပြီးမှ ရလာတဲ့ ပျားရည်🍯 စစ်စစ်ဖြစ်တာကြောင့် စိတ်ချလက်ချစွာ ၀ယ်ယူအားပေး သုံးစွဲနိုင်ပါတယ်။


#ထူဗျန်းဘီး
#သဘာ၀သစ်ခေါင်းပျားရည်
$5.55