ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော
ထူဗျန်းဘီး_မာလရှမ်းကော

ထူဗျန်းဘီး_မာလရှမ်းကော

ကယန်းဒေသ အရပ်အခေါ် “လျှာထုံမှုန့်”
ယခုခေတ်အစားဆုံးစကားနဲ့ပြောရရင် “မာလာမှုန့်”
မာလာကို အမှုန့်ကြိတ်ထားတာမဟုတ်ဘူးနော်.. မာလာ ဆိုတာ တရုတ်စကား "မာ" ဆိုတာ ထုံ .."လာ" ဆိုတာစပ်
ဒါကြောင့် မာလာ ကို ကယန်းငရုတ်နဲ့ မက်ခါမှုန့်နဲ့ပြုလုပ်ထားတာ အရသာအရှိဆုံးဘဲ
တောင်ပေါ်မှာတော့ ဒေါ်ကြီးတွေ အမှုန့်စပ်တဲ့ အချိုးတွေမတူကြဘူး .. ငရုတ်ကိုလှော်.. မက်ခါကိုလည်းလှော်.. ဆားကိုလည်းလှော်..ဖရုံစေ့ကိုလည်းလှော်..ပဲပုပ်ကိုမီးကင် .. အားလုံးထောင်း … ပန်းခါးမှုန့်လည်းထည့်
အားပါးပါး.. ဆွေမေ့မျိုးမေ့ လျှာထုံမှုန့်
• အချဉ်သီးတွေသုပ်စားလည်း အဆင်သင့်ထည့်ရုံဘဲ
• ဘဲဉ ကြက်ဉပြုတ်နဲ့လည်း တို့စားလိုက်တာဘဲ
• ထမင်းပူပူပေါ်ဖြူးပြီးစားလိုက်ရင် အနည်းဆုံး ၂ပန်းကန်ဘဲ
• ချောင်းငါးတွေဖမ်းပြီး လျှာထုံမှုန့် လူးနယ်ပြီးကင်ရင် မာလာငါးကင်ဖြစ်သွားတာဘဲ
• နာမည်ကျော် ကယားဝက်အူချောင်းနဲ့ တို့စားရတဲ့အမှုန့်ပေါ့
• ဖရုံရွက် /တောင်ယာက ရတဲ့သီးရွက်စုံတွေနဲ့ ရောကြော်လိုက်ရင် မာလာရှမ်းကော ဖြစ်ကရော
• တောင်ပေါ်မှာတော့ ကျောက်ဖရုံသီးကို ခြစ်ပြီး လျှာထုံမှုန့်နဲ့နယ်သုပ်စားရင် နွေနေ့လည်ခင်းသွားရည်စာကောင်းတစ်ခုဖြစ်သေးတာ

ပူစပ်မွှေးထုံ နတ်သမီး ရသာကုန်တဲ့ မာလာမှုန့်

• မာ …ထုံ အရသာအတွက် “ မက်ခါ စေ့ ( တရုတ်လို ဟွာကျောင်း၊ အပြည်ပြည်ဆိုင်ရာအခေါ် စီချွမ်ငရုတ်ကောင်း)
• လာ…စပ် အရသာ အတွက် အရသာထူးခြားတဲ့ အလွန်စပ်ပြီး မွှေးတဲ့ ငရုတ်ကို သုံးရပါတယ်.. စားပြီးရင်လည်းဗိုက်မနာဖို့လိုတယ်..
မာလာမှုန့် ဆိုတာ မက်ခါငရုတ်မှုန့်ကိုပြောတာပါနော်

ထူဗျန်ဘီး ရဲ့ မာလာမှုန့် ရောစပ်အချိုးအစားဖော်မြူလာကတော့ ဖယ်ခုံမြို့နယ်ထဲမှာဆိုပေမဲ့ လွိုင်ကော်တောင်ငူလမ်းပေါ်က ဆီးဘူးရဲ့ ကျေးလက်ဖော်မြူလာစစ်စစ်ကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ထားတာ မှာယူနိုင်ကြပြီနော်



မာလာဟင်းအမျိုးမျိုးချက်ဖို့ အဓိကကျတာကတော့ မာလာပါဘဲ.. ဘယ်လို မာ ပြီး ဘယ်လို လာ မလဲ
မာလာဆိုတာ တရုတ်လို ပြောတာပါ…
Ma “မာ” ဆိုတာ “ ထုံ”… La “လာ” ဆိုတာ “ စပ်”
Xiang “ရှန်း” ဆိုတာ “ ရသာ မွှေး” .. Guo“ကော” ဆိုတာ “ အိုး/ ပူပူလောလောဟင်းပွဲ .. မွှေကြော်အိုး လို့ ပြောရမလား”

အဲ့ဒီတော့ မာလာဟင်းဖြစ်ဖို့ အရေးကြီးတဲ့ အမယ် (၂)မျိုးကတော့
• မာ …ထုံ အရသာအတွက် “ မက်ခါ စေ့ ( တရုတ်လို ဟွာကျောင်း၊ အပြည်ပြည်ဆိုင်ရာအခေါ် စီချွမ်ငရုတ်ကောင်း)
• လာ…စပ် အရသာ အတွက် အရသာထူးခြားတဲ့ အလွန်စပ်ပြီး မွှေးတဲ့ ငရုတ်ကို သုံးရပါတယ်.. စားပြီးရင်လည်းဗိုက်မနာဖို့လိုတယ်..

ကျန်တာတွေကတော့ ကိုယ့်လျှာက စွဲနေတဲ့အရသာပေါ်မူတည်ပြီး .. ဂျင်း၊ ကြက်သွန်အနှစ်၊ ပဲငပိ၊ ပဲငံပြာရည်၊ နှမ်း၊မြေပဲ၊ လိမော်ခွံခြောက်၊ နာနတ်ပွင့်၊ သကြား.. အစရှိသည် ရောစပ်ကြပါတယ်.. အချိုးအစားကတော့ စားဖိုမှူးပေါ်မူတည်ပြီးကွဲပြားသွားပါတယ်.. မွှေကြော် အတွက် ဆို ကြက်သွန်မထည့်ဘူး .. ဟင်းဆိုရင်တော့ ဂျင်း၊ ကြက်သွန်အနှစ်၊ ပဲငပိထည့်သုံးပါတယ်

ထူဗျန်းဘီး ရဲ့ မာစတာချက်ကြီး အချိုးအစားကတော့ မာလာဆီချက်အနှစ် အတွက် အောက်ပါအတိုင်းပါဘဲ
• ကယန်းငရုတ်သီးခြောက် (၁၅၀ ) ဂရမ် ( အစပ်ကြောက်လျှင်လျှော့ထည့်ပါ )
• ကယန်းမက်ခါခြောက် (၂၀ ) ဂရမ် ( ထုံတာကြိုက်လျှင် ပိုထည့်ပါ )
• နှမ်းလှော် ( ၁၅၀ ) ဂရမ်
• မြေပဲလှော် ( ၁၅၀ ) ဂရမ်
• နေကြာစေ့ ( ၁၀၀ ) ဂရမ်
• နာနတ်ပွင့်၊ဖာလာကြီး၊ဇီယာ၊ သစ်ကြံပိုးခေါက် ရောစပ်အမှုန့် ထမင်းစားဇွန်း တစ်ဇွန်း
• ( တရုတ်မဆလာ သုံးလည်းရပါသည်။)
• ဆား အနည်းငယ်
• ဆီ - မြေပဲဆီ စစ်စစ် (၂၅) ကျပ်သားအသုံးပြုထားပါတယ်
အထက်ပါ အမယ်တွေကို ဆီသတ်လိုက်ရင် အသင့်သုံး မာလာဆီချက် အနှစ်ဖြစ်သွားပြီပေါ့ရှင် .. ပုံမှန်ဆိုဒ် ဟင်းပွဲ (၄၀) ပွဲလောက် ချက်လို့ရမည့် စပ်ထုံမွှေး မာလာဆီချက် အနှစ် (၁၀၀၀) ဂရမ် ရလာပါမယ်
ဟင်းခတ်မှုန့်၊ ကြက်သားမှုန့် လုံးဝ မသုံးပါဘူး .. ကြိုက်နှစ်သက်သူတွေကတော့ ထည့်လို့ရပါတယ်နော်

ထူဗျန်ဘီးက မာလာဟင်းအနှစ်တွေကိုလည်း ရောင်းပေးပါတယ်..ဒါပေမဲ့ ဆီတွေနဲ့ဆိုတော့ တာရှည်မခံဘူး..ဒါကြောင့် အကြံပြုချင်တာကတော့ ငရုတ်နဲ့မက်ခါ ရောထားတဲ့ မာလာမှုန့်ကိုဘဲ ဝယ်စေချင်ပါတယ် … သိမ်းထားရတာလည်းလွယ်ပြီး ချက်စားချင်တဲ့ အချိန်မှ အခြားအမယ်တွေနဲ့ရောပြီး ဆီသပ်လိုက်ရင် ဖြစ်ဖြစ် ဂျင်း၊ ကြက်သွန်အနှစ်၊ ပဲငပိထည့်ချက်လိုက်ရင်ဖြစ်ဖြစ် လတ်ဆတ်သင်းပျံ့တဲ့ မာလာအနှစ်ကို ရမှာပါနော်