V.Jun_Cooler 3
 V.Jun_Cooler 3
 V.Jun_Cooler 3
 V.Jun_Cooler 3

V.Jun_Cooler 3

ချစ်စရာကောင်းတဲ့ Gamer တွေအတွက်ထုတ်ထားတဲ့ 《 V.Jun Cooler 3 》
#အချိန်တိုအတွင်းမှာအပူလျှော့ချနိုင်တယ်

Name: V.Jun Cooler 3
Model: V.Jun-C3
Semiconductor Size: 23*23
Magnet (for iPhone 12 to latest model)
ROG
Instant Cold (အေးမြန်တယ်)
Slient (အသံငြိမ်တယ်)
Body: အကြမ်းခံ ABS အမာသားသုံးထားတယ်
Color: Black, Pink

Phone Cooler ရဲ့လုပ်ဆောင်ပုံနှင့်ဖွဲ့စည်းပုံကဘယ်လိုလဲ❓❓❓❓❓

Phone ကိုအပူလျော့ကျစေတဲ့ အမျိုးအစားအကြမ်းအားဖြင့်ပြောရင် ၂ မျိုးရှိတယ် ၊ တစ်မျိုးက ပန်ကာနှင့်အအေးချတာ ဒုတိယတစ်မျိုးကရေခဲသေတ္တာလိုအအေးထုတ်စနစ်နဲ့ ​အအေးချတာ။

ပန်ကာကဖုန်းကထွက်တဲ့ အပူကို လေနှင့်မှုတ်ထုတ်ပေးတာ၊ ဒုတိယတစ်မျိုးက ဖုန်းနောက်ကျောကိုကပ်ပြီးအအေးဓါတ်ကိုဖုန်းကနေ တစ်ဆင့်ဖုန်းအတွင်းထဲကိုပါ အေးအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်။

ဒီနေ့ကျွန်​တော် မျှဝေပေးသွားမှာကတော့ ဒုတိယတစ်မျိုးဖြစ်တဲ့ Cooler အကြောင်းပဲဖြစ်ပါတယ်။

- Cooler တစ်လုံးရဲ့ အဓိကအလုပ်လုပ်တဲ့ အစိပ်အပိုင်းကတော့ Semiconductor ပဲဖြစ်ပါတယ်၊ အဲ့ Semiconductor ကအအေးဓါတ်ထုတ်ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်။ အအေးဓါတ်ထုတ်ပေးနိုင်တဲ့အတိုင်းအတာက Semiconductor ရဲ့ Size အရွယ်စားနှင့်တိုက်ရိုက်သက်ဆိုင်တယ်။ Size ကြီးရင် ပိုအေးတယ်၊ ဈေးလည်းပိုကြီးတယ်။

Semiconductor ရဲ့ Shape က Square Shape နှင့်ထုတ်ပါတယ်။ ဥပမာ 20mm ပါတ်လည်၊ 23mm ပါတ်လည်၊ 30mm ပါတ်လည် အစရှိသဖြင့် ဈေးနှုန်းသတ်မှတ်တဲ့ ပေါ်မူတည်ပြီးသုံးကြပါတယ်။

Phone Cooler ရဲ့နောက်ကျောမှာဘာလို့ ပန်ကာ ထည့်ရသလဲ❓

Semiconductor ရဲ့ အလုပ်လုပ်ဆောင်ပုံက အတွင်းဖက်အအေးထွက်ရင် တစ်ဖက်ကအပူထွက်ပါတယ်။ အအေးထွက်တဲ့ဖက်က ဖုန်းနောက်ကျောကိုမျက်နှာမူတယ်၊ နောက်တစ်ဖက် အပူထွက်တဲ့ဖက်မှာ ထွက်လာတဲ့အပူကိုလျော့ကျစေအောင် ပန်ကာ ထည့်ပေးထားတယ်။ ပန်ကာရဲ့လည်ပါတ်နှုန်းကလည်း ဈေးပေါ်မှာအကျိုးသက်ရောက်တယ်၊ ဥပမာ လည်ပါတ်နှုန်းမြန်ရင်အပူပိုထုတ်နိုင်မယ် ဈေးလည်းပိုများမယ်။

ပန်ကာရဲ့လည်ပါတ်နှုန်းသည်အားသွင်းကြိုးနှင့်လည်းဆိုင်ပါတယ်၊ ဥပမာ 5W input လား 10W လား 18W input လား၊ 18W input ကနည်းတယ် ဈေးများပြီး 10W နှင့်လည်း လုံလောက်နေလို့ Quality ထုတ်ရင်လည်းအများစုက 10W နှင့်ထုတ်ကြပါတယ်။

ပန်ကာရဲ့အသံငြိမ်သက်မှုပိုင်း နှင့် Phone Cooler ပေါ်သုံးထားတဲ့ကုန်ကြမ်းနှင့် Function ပိုင်းတွေမှာလည်း Phone Cooler တစ်ခုရဲ့ဈေးမှာအကျိုးသက်ရောက်ပါတယ်။

Phone မှာ Clip Type( ညှပ်) နှင့် Magnet Type( iPhone 12 ကနေနောက်ပိုင်းModel တွေရဲ့နောက်ကျောမှာ Magsafe ပါတဲ့ Model တွေနှင့်တွဲသုံးရတဲ့) အမျိုးအစားဆိုပြီးခွဲထားတယ်။

Clip Type က Phone မရွေးသုံးလို့ရတယ်။
Magnet Type က iPhone User အတွက်သီးသန့်။

❌ Phone Cooler နှင့်တွဲမသုံးသင့်တဲ့ပစ္စည်းများ❌

Semiconductor အပြားတွေရဲ့အအေးဓါတ်ထုတ်လုပ်အားကအတိုင်းတာတစ်ခုရှိလို့သုံးတဲ့အချိန်မှာ Phone နောက်ကျောနှင့်တိုက်ရိုက်ထိတွေ့မှ အအေးချနိုင်မှာဖြစ်တယ်၊ အအေးဓါတ်နှင့်အပူဓါတ်မျှရင် ရေစက်မကျနိုင်ဘူး၊ ဖုန်းနောက်ကျောမထိမိရင် အအေးဓါတ်ပိုပြီးရေစက်တွေကျနိုင်ပါတယ်။

❌ Cover နှင့်တွဲမသုံးရ

❌ ဖုန်းနောက်ကျောမှာ Sticker ကပ်ထားရင်မသုံးရ

❌ နောက်ကျောမှာသံပြားကပ်ပြီး Magnet Type နှင့်မသုံးရ၊ ဘာကြောင့်လဲဆိုတော့ သံပြားကဖုန်းနောက်ကျောမှာကပ်ရင် ကော်သားတစ်ထပ်ရှိမယ် သံပြားတစ်ထပ်ရှိမယ် ဒီလို ၂ ထပ်ကွာနေတဲ့အနေအထားမှာ အအေးဓါတ်ကဖုန်းကိုတိုက်ရိုက် Transmit မလုပ်နိုင်ဘူး၊ ဆိုတော့ဖုန်းကအေးမှာမဟုတ်ဘူး။