Potato Myanmar_သစ်တောကြိုးဝိုင်း
Potato Myanmar_သစ်တောကြိုးဝိုင်း
Potato Myanmar_သစ်တောကြိုးဝိုင်း
Potato Myanmar_သစ်တောကြိုးဝိုင်း
Potato Myanmar_သစ်တောကြိုးဝိုင်း

Potato Myanmar_သစ်တောကြိုးဝိုင်း

အတိတ်ခြေရာတွေဆီ ပြန်ခေါ်ဆောင်သွားပေမယ့် Potato Myanmar ရဲ့ မြန်မာမှုကာဗာအသစ်
—————————————————-
သစ်ရိပ်ဝါးရိပ်တွေနဲ့အုံ့ဆိုင်းနေတဲ့ ဟိုးအတိတ်နေ့ရက်တွေဆီပြန်ခေါ်သွားမယ့် မြန်မာမှုကာဗာအသစ်လေးရဲ့နာမည်က “သစ်တောကြိုးဝိုင်း”တဲ့…

“သစ်တောကြိုးဝိုင်း”လေး အသက်ဝင်လာခဲ့ပုံကဒီလို 🌳🌳🐘
ခရီးသွားတာကိုနှစ်ခြိုက်ခုံမင်ပြီး မြန်မာပြည်အနှံ့ခြေဆန့်မယ်လို့ စိတ်ကူးတွေးတောထားတဲ့ Artist က အလောင်းတော်ကဿပခရီးစဉ်သွားတဲ့အချိန်မှာ ဒီပုံလေးကို အသက်သွင်းခဲ့တာပါ။ ⛰️

“ရာဇဝင်သမိုင်းကြောင်းတွေအရ ရှင်မဟာကဿပ နဲ့ ပေါင်းလောင်းမဟာကဿပဆိုပြီး နောက်ခံသမိုင်း​တွေကွဲခဲ့ပေမဲ့လည်း ပတ်ပတ်လည်မှာဝန်းရံနေတဲ့ တောတောင်ရေမြေသဘာဝကတော့ ရှေးနဲ့မကွဲလောက်ပါဘူး။

အသွားလမ်းမှာရှိတဲ့ရွာလေးတစ်ရွာက ရေရှားပါးလွန်းတာကြောင့် သဲမြေလမ်းလေးတွေပဲထွန်းပါတယ်။ ခြောက်ကပ်ဖုန်ထူတဲ့သဲမြေလမ်းဖြစ်တာကြောင့် ခရီးသည်တင်ကားတွေလည်းတော်တော်ရုန်းပြီး ရှေ့ဆက်ရတဲ့အခြေအနေပါ။ အချို့ခရီးသည်တင်ကားတွေက ကြိုးဝိုင်းထိတိုက်ရိုက်မရောက်တော့ ကပိုင်ရွာကနေ မှန်လုံကားတစ်ဆင့်ထပ်စီးပြီး ခရီးဆက်ရပါတယ်။ 🚎

ကျွန်တော်တို့အဖွဲ့ကတော့ ကားစင်းလုံးငှါးခဲ့တာမလို့ ကြိုးဝိုင်းထိတိုက်ရိုက်စီးခဲ့ပါတယ်။ ကြိုးဝိုင်းအရောက်မှာ ကားရပ်ပြီး ဆင်စီးခရီးဆက်ရမှာပါ။ မိတ်ဆွေနှစ်ဦးက ဆင်မစီးချင်သည်မို့ ကျွန်တော်တို့ ခြေလျင်ပဲလျှောက်ခဲ့ကြပါတယ်။ ချောင်းအကွေ့တစ်ခုကိုဖြတ်ပြီး ချောင်းတစ်ဖက်ကမ်းရောက်လို့ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ ပုံထဲကလို အဝေးမြင်ကွင်းမျိုးနဲ့ ဆင်တွေကိုလှမ်းမြင်မိလိုက်တာပဲ။
ကျွန်တော်လည်း အရိပ်တော်တော်ကျနေတဲ့ကျောက်တုံးပေါ်မှာထိုင်ရင်း သစ်ပင်တွေအုံ့ဆိုင်းနေတဲ့မြင်ကွင်းကိုငေးရင်း အတွေးနယ်ချဲ့မိတယ်။
ဟိုရှေးရှေးတုန်းကသစ်ပင်ကြီးတွေ ပေါကြွယ်ဝတုန်းက ဒီကြိုးဝိုငိးကြီးထဲမှာ သစ်လုပ်သားတွေ၊ သစ်ဆွဲဆင်တွေ၊ သစ်တုံးတွေကိုဖြတ်နေတဲ့ လွှဖြတ်သံတွေနဲ့ တော်တော်လေး စည်ကားခဲ့မှာပဲလို့။” ပန်းချီကို အသက်သွင်းခဲ့တဲ့ Artist က ပြောပြခဲ့ပါတယ်။

သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ သစ်တောကြိုးဝိုင်းကြီးကိုတွေးပြီးရေးဆွဲခဲ့တဲ့ပုံလေးဖြစ်လို့ ခရီးသည်တွေတင်ဆောင်ပြီးသွားလာနေတဲ့ ဆင်နေရာမှာ သစ်ဆွဲဆင်အဖြစ်အသွင်ပြောင်းပြီး ဆွဲပေးခဲ့ပါတယ်။ 🐘🪵

“သစ်တောကြိုးဝိုင်း”ကာဗာလေးကိုတပ်ပြီး သစ်ရိပ်ဝါးရိပ်ရဲ့ အေးမြတဲ့အရိပ်အာဝါသကို တွေးတောခံစားနိုင်မယ့် အသစ်ထွက်ကာဗာကို Potato Myanmar မှာ ဝယ်ယူအားပေးနိုင်ပါပြီ။ ✨

#PotatoMyanmar
$5.55