Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar
Shwe Bo Min Thamee_Thanakha Bar

Shwe Bo Min Thamee_Thanakha Bar

သနပ်ခါးခဲလေးတွေကိုမှ သွေးလိမ်းချင်သူတွေအတွက် ရွှေဘိုမင်းသမီးရဲ့ သနပ်ခါးခဲ collections 🍃🍃🍃

ရေမိုးချိုးပြီးတာနဲ့ မျက်နှာလေး အေးမြစေဖို့အတွက် အရင်တုန်းကဆိုရင် ကျောက်ပျဉ်အလေးကြီးကို သယ်ပြီး သနပ်ခါးတုံးကို ကိုယ်လိမ်းချင်တဲ့ အနေအထားတစ်ခုရောက်အောင် သွေးလိမ်းရတာ ချွေးတွေလည်းထွက် ပင်ပန်းရပါတယ်။ အခု ဒါတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး ရွှေဘိုမင်းသမီးကနေ ထုတ်လုပ်ထားတဲ့ သနပ်ခါးလေးကို ရေလေးနဲ့ဖျောပြီး လိမ်းလိုက်တာနဲ့ အဆင်ပြေသွားတော့မှာပါရှင့်။ အချိန်လည်း အများကြီး မပေးရတော့သလို မြန်မြန်နဲ့ လှလှလေး ဖြစ်နေမှာပါရှင့် 🤗🤗🤗

ဘယ်နေရာ သွားသွား ကျောက်ပျဉ်လေးကို သယ် သနပ်ခါးခဲကိုမှ သွေးလူးချင်တဲ့သူတွေအတွက်လည်း သယ်ရလွယ်ကူတဲ့ ကျောက်ပျဉ်နှင့်တွဲလျက် သနပ်ခါးခဲလေးတွေ ပါတဲ့ အမျိုးအစားတွေကိုလည်း ထုတ်လုပ်ထားပါတယ်။ ကျောက်ပျဉ်အကြီးဖြစ်ဖြစ် အသေးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်တာကြောင့် ဘယ်သွားသွား မျက်နှာလေးပေါ်မှာ သနပ်ခါးလေးနဲ့ အေးမြနေမှာ အမှန်ပါပဲရှင့် ☺️☺️☺️

ရွှေဘိုမင်းသမီးရဲ့ ဒီ Collection လေးကို ရှေးယခင်တည်းက လက်စွဲသုံးစွဲလာတဲ့ ဘွားဘွားကို ပေးမလား ဒါမှမဟုတ် မေမေ အန်တီ ကြီးကြီးတို့ကို ပေးမယ်ဆိုလည်း အရမ်းကို အဆင်ပြေတဲ့အပြင် နိုင်ငံခြားသားတွေကို လက်ဆောင်အနေနဲ့ပေးမယ်ဆိုလည်း မြန်မာ့အမွေအနှစ် သနပ်ခါးခဲ၊ ကျောက်ပျဉ်တွေကို လှပစွာ ထုတ်ပိုးထားတာကြောင့် မြန်မာဆိုတာ တန်းပြီး မှတ်မိသွားမှာဖြစ်သလို ဂုဏ်တင့်တယ်မှာ မလွဲဧကန်ပါပဲ 🥰🥰🥰

အခုဆိုရင် သနပ်ခါးကို အချိန်ပေးပြီး ကိုယ်တိုင်သွေးမလိမ်းနိုင်တဲ့သူတွေ၊ သနပ်ခါးတုံးကိုမှ ကိုယ်တိုင်သွေးပြီး လိမ်းရတာ ကြိုက်သူတွေအတွက် ရွှေဘိုမင်းသမီးသနပ်ခါး အပွေးခဲလေးနဲ့ဆို ရှင်မတောင်သနပ်ခါးနံ့လေး မွှေးပြီး ကိုယ်တိုင်သွေးလိမ်းရတဲ့အတိုင်း ခံစားရမှာဖြစ်ပါတယ်။🥰

ရွှေဘိုမင်းသမီးသနပ်ခါးရဲ့ ...
ရှင်မတောင်အပွေးခဲ
ရှင်မတောင်အပွေးခဲ (45th Anni)
ကံကော်ဝတ်ဆံ သနပ်ခါးခဲ
ကံကော်ဝတ်ဆံ သနပ်ခါးခဲ (45th Anni)
အဆင့်မြင့်သဘာဝသနပ်ခါးခဲ
သုံးခဲတွဲ ရှင်မတောင်
သုံးခဲတွဲ နံသာဖြူ
ကျောက်ပျဥ်ကြီး + နံ့သာဖြူ
ကျောက်ပျဥ်ကြီး + ရှင်မတောင်

တို့ဟာဆိုရင် သဘာဝသနပ်ခါးအပွေးတုံးစစ်စစ်ကို ကြိတ်ပြီး အခဲပုံစံအဖြစ် ပြုလုပ်ထားတာဖြစ်တဲ့အတွက် သွေးရတာလည်း လွယ်ကူပြီး
အချိန်ကုန် လူပင်ပန်းလည်း သက်သာစေပါတယ်။😊
✨ ကျောက်ပျဥ်လေးတွေကတော့ အလေးကြီးတွေလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူ၊ လိမ်းခြယ်ရလွယ်ကူတာမို့ သုံးဖူးသူတိုင်းအကြိုက်ပဲလေ ..
✨ ကျောက်သားအစစ်နဲ့ Hand made ပြုလုပ်ထားတဲ့အတွက်ကြောင့် အကြီး/အသေး ကွာဟမှုအနည်းငယ်သာရှိပါတယ်နော်။
👉👉 ရွေးချယ်စရာ ကျောက်ပျဥ်ဆိုဒ်ကလဲ ၂မျိုးရှိပြီး ကျောက်ပျဉ် မျက်နှာပြင်ကတော့ အကြီး/အသေး ၂ခုစလုံး 80 mm ဖြစ်ပြီး ကျောက်ပျဥ်အထူကတော့ ကျောက်ပျဉ်ကြီးကို 20 mm နဲ့ ကျောက်ပျဉ်သေးက 15 mm ဖြစ်ပါတယ်ရှင်။

ရွှေဘိုမင်းသမီးသနပ်ခါးရဲ့ ကျောက်ပျဉ်နဲ့ တွဲပြီးပါတဲ့ သနပ်ခါးအခဲလေးဟာဆိုရင်လဲ ကုန်သွားရင် refill အနေနဲ့ ပြန်လည်ဝယ်ယူလို့ရပါတယ်။🤩

#ရွှေဘိုမင်းသမီး
#မြန်မာ့ရိုးရာသနပ်ခါးစစ်စစ်