EVE ရဲ့ Perfume Notes လေး
Radiate Elegance with EVE.
Elevate your essence with EVE. Delicate notes of Fresh, Elegant, Royal, and Classic, Memories craft an enchanting aura for every day. Unleash your charm, from dawn to dusk.
.....
အရင်ဆုံး EVE ကို ဘယ်လိုပုံဖော်မလဲ...ဆိုတဲ့ Topic လေးနဲ့ စလိုက်ကြရအောင်!!!
အမျိုးသမီးများနဲ့ အင်မတန်လိုက်ဖက်တဲ့ ရနံ့တစ်ခု.. ပြောရရင် ပန်းရနံ့တွေ ထုံမွှန်းထားတဲ့ ရေမွှေးရနံ့အသစ်တစ်ခုပေါ့။
အမျိုးသမီးဆန်သော.. မိန်းကလေးတစ်ဦးရဲ့အပြုံးနဲ့နူးညံ့ခြင်းတွေပါ၀င်တဲ့မွှေးရနဲ့မို့ စကားလုံးနဲ့ ပုံဖော်ရေးသာရမယ်ဆိုရင်တော့ “Energy & Revelation”… ရှင်သန်ခြင်း.. အာရုံစူးစိုက်ခြင်း.. ကိုယ့်အသက်တာတစ်လျှောက်လုံး စက္ကန့်နဲ့အမျှ ၀မ်းမြောက်နေခြင်း.. ကမ္ဘာကို အုပ်မိုး အုပ်စိုးမယ့် ထက်မြတ်တတ်ကြွတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရနံ့… စသဖြင့် ပုံဖော်လို့ရပါတယ်။
Eve ရဲ့ Top Notes...
Lychee (လိုင်ချီးစ်) အသီး နဲ့ Freesia ပန်းရနံ့ကို ပထမဦးဆုံး ခံစားရမှာဖြစ်ပါတယ်။
ကြည်လင်ရှင်းသန့်ပြီး ပျော်ရွှင်စရာအတိ ရှိနေတဲ့ ရနံ့မျိုးလို့ အနီးစပ်ဆုံး ခံစားပုံဖော်ပါတယ်။
Middle Notes ကိုတော့ နာရီ၀က်လောက်အကြာမှာ စတင်ရရှိမှာပါ။
မက်ဂ်နိုလီယာပန်း၊ လိမ္မော်ရနံ့၊ စံပယ်ပန်းရနံ့တွေနဲ့အတူ... ရှတတအရသာလေးဖြစ်တဲ့ ဂျင်း၊ ငရုတ်ကောင်းပါးပါးကြည်ကြည်လေး လွင့်မြောလာပါလိမ့်မယ်။
Eve ကို ဆွတ်ပြီး နှစ်နာရီလောက်အကြာမှာတော့... အခြားပန်းရနဲ့တွေ အားဖျော့လာပြီး စပယ်ရနံ့မွှေးပြပြလေးနဲ့အတူ Amber (ပယင်း)ရဲ့ ရနံ့အသစ်လေးနဲ့ Musk ကတိုးဆီရနံ့လေး ပြိုးပြိုးပျက်ပျက်ကလေး လင်းလက်လာသလို ရနံ့ကလေး ရလာမှာဖြစ်ပါတယ်။
Uri ရဲ့ Range သတ်မှတ်ချက်အရဆိုရင်တော့..
- Longevity က ပိုပြီး Long Lasting ဖြစ်ပါတယ်။
- 8 to 10 hours အထိ မွှေးရနံ့က စွဲထင်ကျန်ရစ်စေပါတယ်။
Main Accords အနေနဲ့ကတော့ အထက်မှ အောက်သို့ ဖြစ်ပါတယ်။
Floral
Warm spicy
Citrus
Fresh spicy
Fruity
Fresh
Tropical
White floral
Musky
Overall အနေနဲ့ ပြောပြရရင်..
စိတ်ကို တက်ကြွစေတယ်.. ပျော်ရွှင်စေတယ်..
လွတ်လပ်တဲ့ ရနံ့နဲ့ ကဗျာဆန်တယ်..
လတ်ဆတ်သန့်ရှင်းတယ်..
ကိုယ့်ရနံ့မှာ ယစ်မူးလွင့်မြောသွားစေတယ်
ထက်မြက်ပြီး ခပ်ချေချေ အမျိုးသမီးတစ်ဦးလို ရနံ့တစ်ခု ပိုင်ဆိုင်ထားပြီး
အမျိုးသမီးများအတွက် ယုံကြည်ချက်.. ယုံကြည်မှုပိုပြီးခိုင်မြဲလာစေမှာပါ။
လူကြီးဆန်တယ်.. တည်ငြိမ်တယ်.. ခပ်ချေချေရှိတယ်..။
တခါတခါ.. မှော်ဆန်တဲ့ခေတ်ဟောင်းရနံ့တစ်ခုလို ဖြစ်စေတယ်။
အမျိုးသမီးများအတွက် သီးသန့် EVE.. ဆိုပေမယ့်...
ဒီလိုရနံ့မျိုးရှိတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ဦးဆိုရင်ရော...
ကြွေစရာဖြစ်လာမှာ အသေချာပါပဲ။
…
Production အနေနဲ့ဆိုရင်..
- EVE ကို ပြင်သစ်နိုင်ငံမှာ Uri ကိုယ်တိုင် ရနံ့ကုထုံးတွေနဲ့ ရေမွှေး(အရည်)အဖြစ် ထုတ်ယူပါတယ်။
- ထိုင်းနိုင်ငံ (Thailand) မှာတော့ EVE Perfume ကို ပုလင်း၊ Box Design, Packing အကုန်လုံးကို ထိုင်းနိုင်ငံ အသိအမှတ်ပြု Quality Production မှာ ပြုလုပ်ပါတယ်။
- Thailand FDA (ထိုင်းနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး (Thailand FDA) ရဲ့ ခွင့်ပြုချက်ရရှိထားပါတဲ့အပြင်..
- Uri’s Scent ကို ထိုင်းနိုင်ငံမှာ တရား၀င် မှတ်ပုံတင်ပြီး ထုတ်လုပ်ထားပါတယ်။
…
ဆိုတော့... ကျနော်တို့အနေနဲ့ Uri’s Scent ရဲ့ Eve ကို International အဆင့်အတန်းမီစွာ ထုတ်လုပ်တယ်ဆိုတဲ့အကြောင်းအချက်လေးကိုလည်း သိစေချင်ပါတယ်။