Dermalogica_Exfoliants
Dermalogica_Exfoliants

Dermalogica_Exfoliants

Dermalogica ရဲ့ Signature Products လို့တောင်ပြောလို့ရတဲ့ Exfoliants လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်။

🧼 Daily Superfoliant
Charcoal မီးသွေးကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ချေးချွတ်ပေါင်ဒါမှုန့်ဖြစ်ပါတယ်။
လေထုထဲမှာရှိတဲ့ အညစ်အကြေးတွေက နေ့စဉ်နှင့်အမျှအသားအရေကိုပျက်စီးစေနိုင်တာကြောင့် ဒီ exfoliants လေးတွေက မျက်နှာပေါ်ရှိအညစ်အကြေးများကို သန့်စင်ပေးပြီး အရွယ်မတိုင်မှီအိုမင်းခြင်းကိုကာကွယ်ပေးပါတယ်။
ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးတွေကို အတွင်းပိုင်းထိသန့်စင်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။
တစ်ပါတ်ကို ၂ ကြိမ်အသုံးပြုနိုင်ပါတယ်။

🧼 Daily Microfoilant
ဆန်မှုန့်ကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ချေးချွတ် ပေါင်ဒါဖြစ်ပါတယ်။
မွဲခြောက်ခြောက်အသားအရေအတွက်အထူးသင့်လျှော်ပြီး အသားအရေကိုညီညာစေပါတယ်။
အသားအရေကိုဝင်းလက်ပြီးစိုပြေစေပါတယ်။
နေ့စဉ်အသုံးပြုနိုင်လောက်တဲ့အထိ နူးညံ့မှုကိုပေးစွမ်းပါတယ်။