Shwe Pyi Nann_အော်ဒီကလုန်းသနပ်ခါး
Shwe Pyi Nann_အော်ဒီကလုန်းသနပ်ခါး

Shwe Pyi Nann_အော်ဒီကလုန်းသနပ်ခါး

အော်ဒီကလုန်း သနပ်ခါး
------------------------------------
ဟိုအရင်တုန်းက အော်ဒီကလုန်း ဆိုတဲ့ ရေမွှေးတစ်မျိုး အလွန်ခေတ်စားခဲ့တယ်။ အဲဒီရေမွှေးကို အင်္ဂလန် နန်းတွင်းသူများသာ သုံးနိုင်ခဲ့ကြပါတယ်။ နန်းတွင်းပြင်ပမှာ မရောင်းကြဘူး။ စျေးကြီးစျေးကောင်းရတာက တစ်ကြောင်း၊ နန်းတွင်းမှာသာ သုံးစွဲဖို့ ရည်ရွယ်ချက်နဲ့ ဖော်ထုတ်ထားတာက တစ်ကြောင်းတို့ကြောင့် တော်ရုံလူတွေရဲ့ လက်ထဲကို အဲဒီရေမွှေးက ရောက်မလာဘူး။
နောက် တဖြည်းဖြည်းနဲ့ နန်းတွင်းနဲ့ အဆက်အစပ်ရှိကြတဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေကတစ်ဆင့် ပြင်ပ လူကုံထံ သူဌေးကြီးတွေရဲ့ ရေမွှေးစျေးကွက်ထဲကို တစ်စတစ်စ ရောက်လာတာ။
လူကြိုက်များမှန်းသိတဲ့ ရေမွှေးကုမ္ပဏီကြီးတွေက ရေမွှေး ရောင်းကောင်းအောင် စျေးသက်သက်သာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးရာကနေ တစ်ကမ္ဘာလုံးမှာ အော်ဒီကလုန်း၊ အော်ဒီကလုန်းနဲ့ ရေမွှေးနာမည် ကျော်ကြားသွားတယ်။
အခု အဲဒီ အော်ဒီကလုန်းရေမွှေးကို ရွှေပြည်နန်းက သနပ်ခါးနဲ့ ပေါင်းစပ်ပြီး လူအများ လိမ်းခြယ်နိုင်ကြစေဖို့ ခေတ်မီနည်းပညာတွေနဲ့ သုတေသနပြုလုပ်ပြီး နိုင်ငံတကာအဆင့်မီ ဆန်းသစ် ထုတ်လုပ်ထားတာပါ။
သနပ်ခါးက နဂိုအခံမွှေးသလို အော်ဒီကလုန်းနဲ့ တွဲဖက်ထားတာဆိုတော့ လိမ်းခြယ်ထားသူဟာ သွားလေရာ ရောက်လေရာတွေမှာ အမွှေးရနံ့နဲ့ သင်းပျံ့နေမှာတော့ သေချာတာပေါ့။
မွှေးရုံသာ မွှေးတာမဟုတ်ပေဘူး။ ရှင်မတောင်သနပ်ခါးရဲ့အာနိသင်ကြောင့် နေလောင်ဒဏ်၊ ဘက်တီးရီးယားပိုးမွှားဒဏ်တွေကို ကာကွယ်ပေးထားနိုင်တယ်။ ရေရှည် ပုံမှန်ကလေးသာ လိမ်းလိမ်းပေးရုံနဲ့ အသားအရောင်က ဝင်းလက်လာမယ်။ ဖြူနုလာလိမ့်မယ်။
မြန်မာနိုင်ငံ ရာသီဥတုနဲ့လည်း လိုက်လျောညီထွေ ဖြစ်နေသူ၊ ရိုးရာယဉ်ကျေးမှုကိုလည်း မြတ်နိုးသူတွေက အင်္ဂလန် အော်ဒီကလုန်းရေမွှေးကို စျေးကြီးပေးပြီး မသုံးစွဲလိုကြပါဘူး။ အားလုံးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ရွှေပြည်နန်း အော်ဒီကလုန်း သနပ်ခါးကို မရ ရအောင် ကြိုးစားထုတ်လုပ်ထားတာပါ။
နေ့စဉ်နဲ့အမျှ ဝယ်ယူအားပေးနေကြတဲ့ ရွှေပြည်နန်းချစ်သူအပေါင်း ဘေးဘယာ ကပ်ဘေးအမျိုးမျိုးနဲ့ ကင်းဝေးကြပြီး အသားအရေ လှပခြင်းဂုဏ်အဆင်းနဲ့ တင့်တယ်နိုင်ကြပါစေကြောင်း ရွှေပြည်နန်းက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု
$5.55